Kook မှာ စကားပြောရင်း Ara ငိုနေတာ မမြင်ချင်တာကြောင့် ကုတင်ဘက်မျက်နှာလွှဲလိုက်တော့ မြင်လိုက်ရသော တစ်စုံတစ်ခုကြောင့် ပြောမယ့်စကားတွေ ဆွံ့အသွားတော့တယ်
မြင်လိုက်ရတာက အိပ်ယာပေါ်မှ သွေးစက်အချို့
ရုတ်တရက်စကားပြောရပ်သွားသော Kook ကြောင့် Ara မော့ကြည့်မိရာ တစ်စုံတစ်ခုကိုကြောင်ငေးနေသော Kook ရဲ့ မျက်လုံးဆုံမှတ်ကို လိုက်ကြည့်မိတော့
မြတ်စွာဘုရား
ခေါင်းထဲ လင်းခနဲ ဖြစ်သွားမှုနဲ့အတူ ဗိုက်မှ နာကျင်မှုကိုသတိထားမိကာ
ဘုရား ဘုရား ငါ ... ငါ ...
ဘုရားရေ ငါ့ Idol Kook ရဲ့ အိပ်ယာမှာ ငါ့ Period တွေ ပေအောင် လုပ်မိသွားပြီ ငါသေသင့်ပြီ သေသင့်ပြီ
(အူကြောင်ကြား မ Jin Ara ပါရှင်)
Kook ကတော့ စိတ်ထဲ ဇဝဇဝါဖြစ်သွားပြီး
အူကြောင်ကြားမ တကယ်မသိတာလား Innocence ပုံလုပ်ပြနေတာလား
လေထုက ပြန်တိတ်ဆိတ်သွားပြီး ခဏအကြာ တံခါးဖွင့်သံနှင့်အတူ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သူက Manager အမ Jang So Hye ပါ
ဟူး ငါပြန်ရောက်ပြီ အာပေါက်အောင်ရှင်းလိုက်ရတယ် Kook မင်းမှာ NamChin ရှိတာ ငါ့ကိုဘာလို့မပြောပြတာလဲ
Kook မှာ လေပူတစ်ချက် မှုတ်ထုတ်ရင်း
သူက ကျွန်တော့် NamChin မှမဟုတ်တာ
ဘာ ဒါဆို Sex partner...
Noona ဘာတွေလျှောက်ပြောနေတာလဲ ကျွန်တော်က အဲ့လိုလူလား ကျွန်တော်မနေ့ညက တော်တော်မူးသွားတော့ နှာပူးမ Fan အတွက် အခွင့်အရေးရသွားတာပါ
ငြိမ်ထိုင်နေသော Ara ဒီတစ်ခါ ဝင်မပြောပဲမနေနိုင်တော့
ဘာနှာပူးမ Fan လဲ ကျွန်မက 16 နှစ်ကတည်းက Stan လာတဲ့ Just ARMY စစ်စစ်ပါ မနေ့ညက ဘယ်လိုတွေဖြစ်ပြီး ဒီမနက်ကျ Kook ကျွန်မ အိပ်ယာပေါ် ရောက်နေတာတော့ မပြောတတ်ဘူး
မင်းအိပ်ယာလား ငါ့ပိုက်ဆံနဲ့ငါဝယ်ထားတဲ့ ငါ့အိမ်က ငါ့အိပ်ယာ
Ara ဘာဆက်ပြောရမှန်းမသိ သူပြောတာလည်း ဟုတ်နေတာကိုး
Manager Unnie လည်း မျက်စောင်းတထိုးထိုး ရန်တထောင်ထောင် လုပ်နေကြသော နှစ်ယောက်ကို လက်ပိုက်ကြည့်မနေနိုင်တော့ပဲ
ကဲပါ ရန်ဖြစ်မနေကြနဲ့တော့ အဲ့ဒီကိစ္စကို Unnie စုံစမ်းပေးမယ် အခုအရေးကြီးတာက သတင်းထောက်တွေ လက်ပူးလက်ကြပ်မိသွားတဲ့ ကိစ္စပဲ ဒီညီမက Kook Fan ဆိုတော့ ပိုအဆင်ပြေတာပေါ့
Noona ဘာတွေးနေတာလဲ
Kook ဒီကိစ္စက မလွယ်ဘူး သတင်းထောက်တွေမှာ သက်သေဓာတ်ပုံတွေရှိနေတာကြောင့် ငါတို့ပေါ့ဆလို့ မရဘူး မဟုတ်ရင် မင်းကို Sex လိုက်စားတဲ့လူ ထင်ကုန်ကြလိမ့်မယ် ငါကမင်းနဲ့ BTS ကို ဒီလို Image မျိုး မရစေချင်ဘူး ဒီတော့ မင်း NamChin ရှိနေပြီဆိုတာ Agency ကနေ ကြေညာရတော့မယ်
ရှင် Kook မှာ NamChin ရှိတယ် !! ဘယ်တုန်းကတည်းကလဲ!!
နှမြောတသစွာနဲ့ Ara မေးမိတော့
အွန်း ဒီနေ့ အာညီး မနေ့ကစရှိသွားပြီ Kook ရဲ့ NamChin က
ကိုယ့် Idol ရဲ့ NamChin ကို ဘယ်သူက စိတ်မဝင်စားပဲ နေလိမ့်မလဲ
ညီမပဲ
ရှင် !!!!! ဒီလိုနောက်တာတော့...
Unnie တောင်းဆိုတာပါ ညီမရယ်
Ara သဘောပေါက်လိုက်ပြီ Kook ရဲ့ Image အတွက် သူမက Kook ရဲ့ အယောင်ဆောင် Fake NamChin ဖြစ်ပေးရမယ်ဆိုတာကို Ara က လက်ခံချင်ပေမယ့် ခေါင်းထဲမှာ Kook ရဲ့ ဒီစကားသံပဲ ပဲ့တင်ထပ်နေတယ်
ငါမင်းကို ရွံတယ်
ငါမင်းကို ရွံတယ်
ငါမင်းကို ရွံတယ်
ငါမင်းကို ရွံတယ်
ငါမင်းကို ရွံတယ်အာညီး ညီမ ငြင်းပါတယ် လက်မခံနိုင်ပါဘူး
Manager Unnie မှာ စိတ်ပျက်လက်ပျက်နဲ့ Ara ပုခုံးကို ခပ်ဖွဖွကိုင်ရင်း
သူက ညီမ Idol မလား ကိုယ့် Idol ရဲ့ Image ထိန်းသိမ်းဖို့ မကူညီချင်ဘူးလား ဒီကိစ္စက တစ်ယောက်ယောက်လုပ်ကြံတာဆိုတော့ Kook သေချာပေါက်အကြီးအကျယ်ထိခိုက်မှာပါ ဘာမဟုတ်တာလေးအတွက် ၁၆နှစ်ကတည်းက ကြိုးစားခဲ့ရတဲ့ Kook ရဲ့ ကြိုးစားမှုတွေ အလကား ဖြစ်သွားမှာ ညီမလည်း မမြင်ချင်ဘူးမလား
Ara တကယ်ကို လက်ခံချင်ပါတယ် တကယ်ပါ Idol နဲ့ date ဖို့ကို စိတ်ကူးတွေယဉ်ပြီး Fiction တွေရေးတာ သူမ Laptop အပြည့်
ဒါပေမယ့်...ဒါပေမယ့် Kook က သူမကိုရွံရှာနေတာမလား မချစ်မနှစ်သက် အာညီး ရွံရှာနေတဲ့လူနဲ့ လက်တွဲဖို့ဆိုတာက သူမကိုယ်တိုင်မကြုံဖူးပေမယ့် တော်တော်ဆိုးဝါးမယ့်ဝဋ်ကြီးဆိုတာ သူမ ကောင်းကောင်းသိပါတယ် ပြီးတော့ Kook ကို အဲ့လို Feeling ကြီး မခံစားစေချင်ပါဘူးAra သက်ပြင်းတစ်ချက်ချ စိတ်တင်းလိုက်ပြီး
Mianhae Manager Unnie ညီမ လက်မခံနိုင်ပါဘူး
(*** Author tip _ What the heck !!! အရူးမ လက်ခံလိုက်)
YOU ARE READING
I Was ××× By My Idol ( MM Translation )
Romance#romance #bts #translation #manga #comedy #drama