မင်းက တကယ်ပဲ Jeon Jung Kook ရဲ့ ရည်းစား ဟုတ်လို့လား
Ara ဒူးတွေတုန်လာပြီး ထွက်ပြေးချင်စိတ်ကို ထိန်းကာ စကားပါးနပ်မှု Skill တွေ ထုတ်ပြတော့မည်
Ahh ဟုတ်တာပေါ့ရှင် Kook ကိုတခြားကောင်မလေးနဲ့တွေ့ဖူးလို့လား တွေ့ရင် ကျွန်မကိုပြော သူ့ကိုဆုံးမရမယ် ဟွန်း
ပြောရင်း Kook ကိုမျက်စောင်းလှည့်ထိုးတော့ Kook က ဇက်ကလေး ပုပြလိုက်သည် Reporter မှာဇဝေဇဝါဖြစ်သွားပြီး
ဟိုနေ့မနက်က တွေ့တာတော့ Ara shii က လုံးဝ Fan ပုံစံပါ ပြီးတော့ ဒီကိစ္စဖြစ်ပြီးမှ ရည်းစားဆိုပြီး ကြေညာလိုက်တော့ သံသယဝင်စရာ မကောင်းဘူးလား
မေးခွန်းက Ara ကိုတိုက်ရိုက်မေးတဲ့မေးခွန်းမို့ Ara ကပဲ
ဟားဟား ဒါကတော့ တိုက်ဆိုင်တာပါ အဲ့နေ့က သူ့ Concert ကို ARMY တွေနဲ့ရောကြည့်ရင်း သူပြန်တော့ သူ့အိမ်လိုက်သွားတာပါ
Reporter က သံသယမကင်းသောမျက်လုံးများဖြင့်
သေချာလား ဒါဆိုရင် ကျွန်တော့်ရှေ့မှာ Kiss ပြရင်ရော အဆင်ပြေမယ်မလား (*** တော်တယ် သေချင်းဆိုး)
Ara မှာ Marvel ကဇာတ်ကောင် Thor ရဲ့တူကြီးနဲ့ထုချခံလိုက်ရသလို မူးဝေသွားပြီး အတွေးတွေ ပလုံစီသွားသည်
ဘာ ငါက ငါ့ရည်းစား Wook နဲ့တုန်းကတောင်နမ်းဖူးတာမဟုတ်ဘူး (***အဲ့ဒါကြောင့်ထားသွားတာလို့ထင်ရ) ဘယ်လိုပဲ Idol ဖြစ်နေနေ ဒါကြီးကတော့ အမလေး ...အင်း အဲ့ဒါကလေ ...
Ara စကားမဆုံးခင် Kook က ရေခွက်ကို စားပွဲပေါ် ခပ်ပြင်းပြင်းချကာ
Reporter Lee Woo Jinn တော်လောက်ပြီ
Reporter မှာဒေါသထွက်သွားဟန်ဖြင့်
Oh မင်းက ငါ့ကို ဒီလိုဆက်ဆံတဲ့ ပထမဆုံး Celebrity ပဲ Reporter တွေမေးတဲ့မေးခွန်းဖြေပြီး သူလိုချင်တဲ့ ဓာတ်ပုံရိုက်ရမှာ Celebrity တွေရဲ့ အလုပ်မလား Jeon Jung Kook မင်းကိုယ်မင်း ဘာထင်နေတာလဲ
Manager Unnie ဝင်မပါ၍မရတော့
Woo Jinn shii တကယ်တော့လေ ရှင်တို့ Media က လက်ရှိ Directorက ပင်စင်ယူတော့မယ်ကြားတယ် နောက်ထပ်ဝင်မယ့်
Director က...
YOU ARE READING
I Was ××× By My Idol ( MM Translation )
Romance#romance #bts #translation #manga #comedy #drama