Ep 56 Zhao Yilin

547 42 1
                                    

Jin Ara

Ji Ra ကိုငြင်းဖို့ခက်နေတဲ့ Ara တစ်ယောက် နောက်ဘက်မှ Kook ခေါ်သံကြောင့် ရင်အေးသွားရသည်

အ Kook

Ji Ra က Kook ကိုမြင်သည်နှင့် မျက်နှာနည်းနည်းပျက်သွားကာ ဆွဲထားတဲ့ Ara လက်ကို လွှတ်လိုက်တော့သည်

ရေဘူးနှစ်ဘူးကိုင်ထားသော Kook မှာ Ara ကိုတစ်ဘူးကမ်းပေးရင်း Ji Ra ကို စိုက်ကြည့်ကာ

Ji Ra ဘာကိစ္စရှိလို့လဲ

Ji Ra က Kook ကိုမော့ကြည့်လိုက်ရင်း

ဘာကိစ္စမှမဟုတ်ပါဘူး Jung Kook Oppa ဒီတိုင်း ဟိုဟိုဒီဒီ ပြောနေတာပါ

Kook က Ji Ra ကို မျက်လုံးမလွှဲစိုက်ကြည့်ရင်း Ara လက်ထဲမှ ရေဘူးကိုပြန်ဆွဲယူလိုက်ပြီး အဖုံးဖွင့်ပေးကာ

ဘယ်လို ဟိုဟိုဒီဒီလဲ

စေ့စေ့ပေါက်ပေါက်လိုက်မေးနေသော Kook ကြောင့် Ji Ra က တစ်ချက်တွန့်သွားကာ

ဒီလိုပါပဲ ရိုက်ကွင်းလဲစတော့မှာဆိုတော့ သွားတော့မယ်နော် Unnie

ချက်ချင်းနှုတ်ဆက်ကာ ထွက်သွားတော့သည်

Ji Ra ထွက်သွားတော့မှ Kook ကို Ara ဆီကို ရေဘူးကမ်းပေးကာ

မြန်မြန်သောက် စတော့မယ်ထင်တယ်

Ara က ရေဘူးကိုလှမ်းယူလိုက်ရင်း မော့ချလိုက်တော့သည်

* အခု Kook က ငါ့ကိုစိတ်ပူနေတာလား

အား ချိုနေတာပဲ

Ara စကားကြောင့် Kook က Ara နဖူးကိုတောက်လိုက်ရင်း

အရူးမ ဘယ်ရေက ချိုလို့လဲ

ထိုစဉ် PD က လော်ကိုကိုင်ကာ

အားလုံးစကြမယ် ဒီနေ့ပထမနေ့မို့ ခက်ခက်ခဲခဲတွေတော့ မလုပ်တော့ဘူး ကျွန်းမှာဆိုတော့ ကျွန်းနဲ့လိုက်အောင် ဖရဲသီးစားမယ် ဂိမ်းလေးတွေဆော့မယ် အားလုံး အိုခေတယ်မလား ပထမဆုံး မိန်းကလေးက ယောကျာ်းလေးမျက်စိကို အဝတ်နဲ့စည်းပြီး Ro ဆန်ဆန် တွဲခေါ်ရမယ် အဝတ်စတွေကို ရိုက်ကူးရေးအဖွဲ့သားတွေက လိုက်ဝေလိမ့်မယ်

PD စကားဆုံးသည်နှင့် ရိုက်ကူးရေးဝန်ထမ်းတစ်ဦးက Ara ဆီသို့ အဝတ်စတစ်ခု ကမ်းပေးလာပါသည်
Ara က လှမ်းယူလိုက်ပြီး Kook ကို မော့ကြည့်လိုက်တော့ Kook က အလိုက်တသိ ခါးကိုင်းပေးလိုက်တယ်
Ara က နီးကပ်လာတဲ့မျက်နှာကြောင့် မြန်လာတဲ့ရင်ခုန်သံတွေကိုထိန်းရင်း အဝတ်စကို သေချာကိုင်ကာ Kook မျက်လုံးကို ဖုံးနေစဉ် Kook က

မဟုတ်တာ မလုပ်နဲ့နော်

Ara က Kook မမြင်မှန်း သိသော်လည်း မျက်စောင်းထိုးလိုက်ရင်း

ချည်တော့မယ်နော် အရမ်းတင်းရင်ပြော

အွန်း

Kook က ပြုံးရင်း ရှေ့နည်းနည်းတိုးလိုက်တော့ နှာဖျားမှလေတချို့ Ara မျက်နှာကို ရိုက်ခတ်ခါ တမုဟုတ်ချင်း နီတွတ်သွားသော Ara မျက်နှာကို Kook တစ်ယောက် မြင်မှာမဟုတ်

Ara မှာ မြန်မြန်ချည်လိုက်ပြီး နောက်ကို မြန်မြန်ဆုတ်လိုက်တော့ Kook က

ဘာဖြစ်တာလဲ

ဘာမှမဖြစ်ဘူး

ပြန်ဖြေရင်း Kook လက်ကိုဆွဲလိုက်ကာ

လာ ကျွန်မ ခေါ်သွားပေးမယ်

Kook က ခေါင်းညိမ့်ပြလိုက်ကာ

ငါမမြင်ရလို့ မင်းကိုအားကိုးတာနော်

Ara က မျက်စောင်းနောက်တစ်ခါ ခဲလိုက်ပြီး Kook လက်ကိုတွဲကာ shooting အတွက် setting နေရာကို သွားတော့သည်

ရိုက်ကွင်းနေရာရောက်တော့ လူစုလူဝေးဖြစ်နေ၍ Ara မှာ သိချင်စိတ်ဖြင် သွားကြည့်တော့ လူအုပ်အလည်မှာ

ဟင် Yilin

××××    ××××    ××××    ××××    ××××    ××××    ××××

I Was ××× By My Idol ( MM Translation )Where stories live. Discover now