Chim စကားကြောင့် အားလုံးမှာ အံ့ဩသွားတော့ Jira က ခေါင်းငုံ့ကာ
Director က Oppa ကို ဒီ Show မှာပါဖို့ပြောတော့ ညီမကရှိနေတာလေ ဒီတော့ Director က ပါချင်လား ဆိုတာနဲ့ ...
ပြောပြီး Jira က Ara လက်ကို လှမ်းဆွဲကာ
Ara Unnie အရင်က အထင်လွဲတာလေးတွေရှိပေမယ့် အဲ့ဒါတွေမေ့ပြီး ဒီ Show မှာ တူတူလုပ်ရအောင်နော်
Ara ကလည်း အယောင်ယောင်အမှားမှားခေါင်းညိမ့်ပြရင်းရယ်ကာ
ဟင်းဟင်း ဒါပေါ့
Ara စကားကြောင့် Jira က လက်ခုပ်တီးကာ
တော်သေးတာပေါ့ Ara Unnie က ညီမကိုသဘောမကျဘူးထင်လို့ တစ်ချိန်လုံး စိုးရိမ်နေတာ
Ara က ခေါင်းကုတ်ပြီး ရယ်ပြရင်း
ဟားဟား ဘာလို့သဘောမကျရမှာလဲ Jira က ဒီလောက်ချစ်စရာကောင်းတာ Jira ကို သဘောမကျရင် Unnie က လူဘယ်ဟုတ်ပါတော့မလဲ
Ara က တရစပ်ပြောပြီး Kook လက်ကိုတွဲကာ
ကိစ္စအထွေအထူးမရှိတော့ရင် Unnie နဲ့ Kookie နဲ့သွားတော့မယ်နော်
ချက်ချင်းလှည့်ထွက်သွားသော Kook နှင့် Ara ကျောပြင်ကို ငေးကြည့်ရင်း Chim က
နင် Ara ကို မုန်းနေတာမလား
ညီမဖြစ်သူကိုစေ့စေ့စပ်စပ်ကြည့်ရင်းမေးလိုက်တော့ Jira က
Oppa ဘာတွေသံသယဖြစ်နေတာလဲ
Chim က မျက်လုံးတည့်တည့်စိုက်ကြည့်လိုက်ရင်း
နင်က ငါ့ညီမပါဟာ
Chim စကားကြောင့် Jira က အပြုံးကင်းမဲ့သွားကာ
သူ့လိုမျိုး ကံကောင်းတဲ့လူတွေကို သဘောမကျဘူး စိတ်တိုဖို့ကောင်းတယ်
Chim က သူ့ထက်ခေါင်းတစ်လုံးနိမ့်တဲ့ ညီမမျက်နှာကိုငုံ့ကြည့်ရင်း
နင်လုပ်ချင်ရာလုပ် ဒါပေမယ့် အရာတိုင်းမှာ Limit ဆိုတာရှိတယ်
Jira က Chim ကိုမော့ကြည့်ပြီး
Oppa Oppa က သူ့အပေါ်ခံစားချက်ရှိနေတာတော့ မဟုတ်ပါဘူးနော်
Chim က မျက်နှာတင်းမာသွားပြီး
မဖြစ်နိုင်ဘူးဆိုတာ နင်သိပါတယ်
Jimin ahh Jira shii မင်းတို့နောက်ကျနေပြီ ရိုက်ကွင်းစတော့မလို့
Director လက်ထောက်ရဲ့စကားကြောင့် ပြောလက်စ စကားများပြတ်သွားကာ
လာပြီ
_________________________________________________
Ara မှာ အေးစက်စက်ဖြစ်နေတဲ့ Kook မျက်နှာကိုကြည့်ရင်း စကားစမလို လုပ်လိုက်တော့ Kook က
မင်း Jira နဲ့ ဝေးဝေးနေရင်ကောင်းမယ်
ဟင်
Kook စကားကြောင့် Ara ကြောင်သွားသော်လည်း
ဟ ကျွန်မကို စိုးရိမ်လို့လား
Kook က မျက်နှာလွှဲလိုက်ကာ
ဘာပဲဖြစ်ဖြစ် Jira က Zhao Yilin နဲ့မတူဘူး
Kook က Ara ကိုလှည့်ကြည့်လိုက်တော့ Ara နောက်က တစ်ယောက်ယောက်ကို တွေ့လိုက်ရ၍
သတိထား
Ara ခန္ဓာကိုယ်ကိုဆွဲလှည့်ယူလိုက်သည်
ထို့နောက် ထိုတစ်စုံတစ်ယောက်ကို လှမ်းကြည့်မိတော့ Zhao Yilin
Yilin မှာ ငိုထားသလို မျက်လုံးတွေဖောင်းအစ်နေတော့ Ara က
Yilin နင် ဘာဖြစ်လာတာလဲ
×××× ×××× ×××× ×××× ×××× ×××× ××××
![](https://img.wattpad.com/cover/158063335-288-k767948.jpg)
YOU ARE READING
I Was ××× By My Idol ( MM Translation )
Romance#romance #bts #translation #manga #comedy #drama