Untouchable မျှော်နေတဲ့လူရှိရင် အလင်းပြပေးနော် မျှော်တဲ့လူ မရှိဘူးထင်လို့ ဒီဟာလေးကို ဆက် up နေရတာပါ Original Fic က 70 ကျော်နေပြီဆိုတော့ အမှီလိုက်ရင်း
Ok စမယ်နော်Ara ရင်ထဲဝမ်းနည်းဝမ်းသာ အူတိအူကြောင်ဖြစ်လျက် Sch Dorm ကို လေးလေးပင်ပင်ပြန်လာခဲ့လိုက်တော့တယ် Dorm ရောက်တော့ အခန်းဖော် Sunny က
ဟဲ့ Ara အစောကြီး ပြန်ရောက်လာတာလား ညက နင့်ဘော်ဒါတွေနဲ့ အရက်သွားသောက်မလို့ဆို
အင်း ငါလည်းမသိတော့ဘူး
နောက်ထပ်အခန်းဖော်တစ်ယောက် Minah က ရေချိုးခန်းကနေထွက်လာပြီး သူမကိုမြင်တော့ စိတ်မကောင်းဟန်ဖြင့်
Ara ပြန်ရောက်ပြီလား ငါနင့်ကိုပြောစရာရှိတယ် ငါမနေ့က Lee Wook ကို .....
Mian Minah ငါအရမ်းပင်ပန်းနေလို့ ခဏလောက်အနားယူလိုက်ဦးမယ်နော် နောက်မှပြောတာပေါ့ ဘာကိစ္စရှိရှိ ငါ့ကိုမနှိုးကြနဲ့နော်
Ara က ပြောပြောဆိုဆို အိပ်ယာပေါ်တက်သွားတော့Minah နဲ့ Sunny မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း
Sunny သူဘာဖြစ်လာတာလဲ မသိဘူး
Sunny က Ara စားပွဲနံရံမှာ ကပ်ထားတဲ့ Kook ပိုစတာတွေကိုကြည့်ကာ သံဝေဂရသံဖြင့်
အင်း သူမနေ့က BTS Concert သွားကြည့်ပြီး သူ့ Idol နဲ့ ဘယ်လိုမှ မဖြစ်နိုင်မှန်း သဘောပေါက်လာလို့ ဖြစ်မှာပေါ့
Minah ကတော့ အာလူးကြော်ဝါးပြီးပြောချင်ရာပြောနေသော Sunny ကိုကြည့်ကာ ခေါင်းခါရင်း
မဟုတ်ဘူး မနေ့က ငါ သူ့ရည်းစား Lee Wook ကို ... ဟူး...
တစ်ယောက်တည်း ရေရွတ်ပြောနေသော Minah အသံရော အာလူးကြော်ဝါးနေသော Sunny ရဲ့ တဂျွတ်ဂျွတ်သံရော Ara မကြားပါ အိပ်မက်ဆန်သော အဖြစ်အပျက်အချို့က ခေါင်းထဲမှာ အစီအရီ
ဘာ့ကြောင့် ဒီလိုတွေဖြစ်တာပါလိမ့်
Kook ပုံနဲ့ ခေါင်းအုံးကိုကြည့်ရင်း
ငါ Kook ကို ၄နှစ်လောက်ကြိုက်ခဲ့ပြီး သူ့ဆီက ငါ့ရဲ့ကောင်မလေး လို့ခေါ်သံကြားဖို့ အိပ်မက်တောင်မမက်ခဲ့ဖူးဘူး ပြီးတော့ ငါငြင်းလိုက်တာက ပိုဆိုးသေးတယ်
Idol နဲ့ Fan ဆိုတာ ရင်ဘတ်ချင်းနီးပေမယ့် နှလုံးသားချင်းနီးစပ်ဖို့ဆိုတာ အိပ်မက်ဆန်တယ်မလား သူတို့က မတူညီတဲ့ ကမ္ဘာက မတူညီတဲ့ လူသားတွေလေ
အား တွေးနေတာ ရပ်လိုက်တော့ Jin Ara နင်အိပ်မက်မက်နေတာ အခုအိပ်ပြီး ပြန်နိုးလာရင် အားလုံးက အိပ်မက်ဖြစ်သွားမှာ နိုးလာရင် မနေ့က Lee Wook ကို ငါအော်မိထားတာ သွားတောင်းပန်ပြီး ချော့ရမယ်
Ara အိပ်တော့မည့်ဆဲဆဲ ဝုန်းခနဲ့ တံခါးဖွင့်သံနဲ့အတူဝင်လာသူက Lee Min Yung ပါ
Ara ဘယ်မှာလဲ
စာလုပ်နေတဲ့ Minah က ပြာပြာသလဲထလာပြီး
Min Yung ဘာလို့အော်နေတာလဲ Ara ပင်ပန်းပြီး အိပ်နေတာ
သူသိဖို့ငါပြောမှဖြစ်မှာ ငါ ဟိုတစ်ယောက်ကို တွေ့လာခဲ့လို့
ဘယ်သူ့ကိုပြောမှန်း သဘောပေါက်သော Minah မှာ Min Yung ပါးစပ်ကို အလျင်အမြန်ပိတ်လိုက်သော်လည်း Ara က အိပ်ယာထက်က ခေါင်းထောင်ကြည့်ကာ
ဘယ်သူ့ကိုတွေ့လို့လဲ Min Yung
Lee Wook က နင့်ရည်းစားဖြစ်ဖို့ နင့်နောက်တကောက်ကောက်လိုက်လို့ နင်ပစ်ကြွေသွားတာမလား နင့်ကိုငါမတားခဲ့ဘူးလား နင်အရမ်း အတာပဲ အခုလည်း အဲ့ကောင် Junior တန်းက Park Ji Ra နဲ့ ကျောင်းမှာ ရည်းစားတွေလိုရွှင်မြူးးနေကြတာ ငါတွေ့ခဲ့တယ်
(*** ဒီအပိုင်းက ပျင်းစရာနည်းနည်းကောင်းမှာပေမယ့် မနက်ဖြန် Ro တာလေးတွေ up ပေးမယ်နော်)
YOU ARE READING
I Was ××× By My Idol ( MM Translation )
Romance#romance #bts #translation #manga #comedy #drama