Yilin !!!!
စိုးရိမ်တကြီးခေါ်သံကြောင့် သူမပြုံးလိုက်မိတယ် သူမကိုစိတ်ပူတဲ့ တစ်ဦးတည်းသောသူကို လှည့်ကြည့်စရာမလိုလောက်အောင် သိနေတာလေ
သူမအပေါ် တစက်စက်ကျနေတဲ့ မိုးရေစက်တွေကြား ရောက်လာတဲ့ ထီးတစ်ချောင်းနဲ့အတူ သူမရဲ့ Personal Manager Unnie (Kook ရဲ့ Manager မဟုတ်)
nae
သူမက ပြုံးရင်း ထူးလိုက်တော့ Unnie က
ငါ Director နဲ့ စကာသွားပြောမလို့ ...
Unnie စကားမဆုံးခင် Yilin က ဖြတ်ပြီး
Unnie ရော ကျွန်မကို အဲ့လိုလူလို့ ထင်လား
ဟင်
Yilin က ပြုံးရင်း
ဘာမှမဟုတ်တော့ဘူး
Yilin က လှည့်ထွက်သွားတော့ Unnie က
နင့်အကြောင်း ငါအသိဆုံး ကိုယ့်ကိုယ်ကိုယ်ဝမ်းနည်းမနေနဲ့
အမှားလုပ်ထားတဲ့လူကသာ စိတ်ဒုက္ခရောက်သင့်တာမလား
ဒါပေမယ့် နင် Director ကို တောင်းပန်ရမယ် ဒီလောက က ဒီလိုပဲဆိုတာ ...တော်တော့
Yilin က Unnie ကို လှည့်ပြောရင်း မလှမ်းမကမ်းက ရယ်ရင်းမောရင်း စကားရပ်ပြောနေကြတဲ့ Ara နှင့် Kook တို့ကိုတွေ့ကာ
အင်း တောင်းပန်ရမှာပေါ့ သွားမယ်
Yilin နှင့် Manager မှာ Director နားနေခန်းဘက်သွားနေစဉ်
Yilin Unnie
ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ Park Ji Ra
Yilin Unnie က Director ဆီ လာတာလား အဲ့ဒါဆိုစက် မသွားတာကောင်းတယ်
Yilin မှာ မျက်ခုံးကိုကုတ်ချလိုက်ပြီး
ဘာလို့လဲ
Yilin က သူမကိုစိုးရိမ်နေသော မျက်နှာဖြင့်
ညီမ ခုနက စိုးရိမ်လို့ Director ဆီ သွားသေးတယ် သူအရမ်းစိတ်ဆိုးနေတာ ညီမတွေးမိတာကလေ Ara Unnie က ပြောပေးရင် အဆင်ပြေမလားလို့ သူက Jung Kook Oppa ရဲ့ ရည်းစားဆိုတော့ အရေးပေးခံရတဲ့အပြင် ဒီနေ့လည်း Yilin Unnie ကို ကူညီထားတာလေ
Yilin မျက်နှာမှာ တင်းမာလာပြီး
တော်စမ်း ငါ Jin Ara ရဲ့ အကူအညီ မလိုဘူး ဒီစောင်ကျိုးနည်း Show ကိုလည်း ဆက်မလုပ်တော့ဘူး ငါထွက်မယ်
Yilin တို့ ထွက်သွားပြီးနောက် Ji Ra မျက်နှာမှာ အပြုံးတစ်ခု
Ji Ra
ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ Lee Wook
ဩော် Wook Oppa
ဘယ်လိုလဲ Director နဲ့ Yilin နဲ့ အဆင်ပြေသွားပြီလား
Ji Ra က ခေါင်းငုံ့ချလိုက်ပြီး
Mian Wook Oppa Yilin Unnie ကပြောတယ် Ara Unnie က Director ကို ကူမပြောပေးဘူးလို့ ငြင်းလိုက်လို့ သူထွက်တော့မယ်တဲ့
ဟာ သွားပါပြီ နာမည်ကြီးတစ်ယောက်ထွက်သွားရင် ငါတို့ဘက်ကဆုံးရှုံးစရာတွေကြီးပဲ တောက် Jung Kook ဆိုတဲ့ကောင်ကလည်း သူနဲ့သတင်းထွက်ဖူးတဲ့ကောင်မလေးကို မကာကွယ်ပေးဘူး Ara ကလည်း အရင်က အရမ်းကူညီတတ်တာကို ဘယ်လိုဖြစ်တာလဲ
Lee Wook ရဲ့ ဒေါသထွက်နေတဲ့မျက်နှာကို စိုက်ကြည့်ရင်း နှုတ်ခမ်းတွန့်ကွေးလိုက်သော Park Ji Ra
_______________________________________________
ဟတ်ချိ
Ara ရဲ့ နှာချေသံကြောင့် Kook က
မင်း အအေးမိနေတာလား ပြစမ်း
ပြောပြောဆိုဆို Ara နဖူးပေါ် လက်တင်လိုက်တော့
Zhao Yilin က ထွက်မယ်ပြောပြီး ပျောက်သွားပြီ မင်းတို့က ဒီမှာလာပြီး ကြည်နူးနေကြတာလား !!!!!
×××× ×××× ×××× ×××× ×××× ×××× ××××
YOU ARE READING
I Was ××× By My Idol ( MM Translation )
Romance#romance #bts #translation #manga #comedy #drama