Ara မှာ Joon ခေါ်ဆောင်ရာသို့ အတော်ကြာသည်အထိ ပါလာတော့သည် ခဏအကြာတော့ Ara က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ
Dong Joon shii မရောက်သေးဘူးလား
Dong Joon က Ara ကို ပြုံးကြည့်လိုက်ပြီး
ရောက်တော့မှာ ရှေ့နားဆိုရောက်ပြီ
Ara လည်း Dong Joon ကိုပြန်ပြုံးပြကာ ဆက်လျှောက်သွားတော့သည်
_________________________________________________
Lee Wook က ကျောက်တုံးဘေး ငိုင်ငိုင်ကြီးထိုင်နေသော Kook ကို လှမ်းမြင်၍ Kook ဆီ လျှောက်သွားပြီး
Yo! Jung Kook မျက်နှာက ဘယ်လိုဖြစ်နေတာလဲ အခုပဲရည်းစားနဲ့ပြတ်လာတဲ့ရုပ်နဲ့
Kook က Lee Wook ကို အူကြောင်ကြောင်လှမ်းကြည့်ကာ
မင်းက ဘယ်သူလဲ
Lee Wook က ခပ်တည်တည်ဖြင့် ရင်ကော့ပြီး
ငါ့ကိုယ်ငါ မိတ်ဆက်ပေးရမှာပေါ့ ငါ့နာမည် Lee Wook
Ara ရဲ့ ရည်းစားဟောင်း*သူကိုး
Lee Wook ကပြောပြီး လက်ထုတ်ပေးလိုက်ရာ Kook က လက်ကိုလှမ်းဆွဲပြီး Shake လိုက်ရင်း
အိုး မင်းကိုလမ်းခွဲခဲ့တဲ့ Ara ကို Congratulations လုပ်ရမယ်
Lee Wook က Kook ဤသို့ပြောမည်မထင်ထားသဖြင့် မျက်နှာပျက်ကာ
Hey ! မင်းက Cele လုပ်နေပြီး ဒီလို လက်လွတ်စပယ်ပြောရလားကွ
Lee Wook က ပြောရင်း Ara ကို သတိရသွားကာ
Jung Kook ခုန Ara နဲ့ထွက်သွားတဲ့လူကို မင်းသိလား ငါသူ့ကိုမြင်ဖူးနေသလိုပဲ
သူကမင်းသား Hong Dong Joon လေ
Wook က လက်မှ ရေခွက်ပြုတ်ကျသွားသည်အထိ တုန်လှုပ်သွားကာ
Hong Dong Joon !!!! Ara တော့ တစ်ခုခုဖြစ်တော့မယ်
အထိတ်တလန့်ဖြစ်နေသော Wook အမူအယာကြောင့် Kook က မတ်တပ်ထရပ်လိုက်သည်
____________________________________________
Ara shii ရောက်ပြီ
Ara က ပတ်ဝန်းကျင်ကို လေ့လာနေရာမှ Joon ပြသည့်နေရာ ကြည့်လိုက်တော့ ပိုးစုန်းကြူးးများဝန်းရံနေသော အိမ်လေးတစ်လုံး
ဝါး လှလိုက်တာ ပိုးစုန်းကြူးးတွေ ဒီလောက်အများကြီးမမြင်ဖူးဘူး
အရမ်းလှတာပဲနော် Dong Joon shiiAra က Dong Joon ကို လှည့်ကြည့်လိုက်တော့ Joon က မျက်မှန်အရောင် တစ်ချက်လက်သွားကာ Ara ကို ဆေးထည့်ထားသော လက်ကိုင်ပဝါ အဖြူ ဖြင့် အုပ်လိုက်တော့သည် ထို့နောက် Ara ကို ပွေ့ချီပြီး အိမ်ထဲ ခေါ်သွားတော့သည်
ငါ့အနာဂတ်အတွက် မင်းကို ကျေးဇူးတင်ပါတယ် Jin Ara
×××× ×××× ×××× ×××× ×××× ×××× ××××
![](https://img.wattpad.com/cover/158063335-288-k767948.jpg)
YOU ARE READING
I Was ××× By My Idol ( MM Translation )
Romance#romance #bts #translation #manga #comedy #drama