ဟင် Yilin
Yilin ကိုကြည့်လိုက်တော့ မျက်နှာတကယ်မသာမယာ
Kook ကလည်း မျက်လုံးစည်းကို ဖယ်လိုက်ပြီး အခြေအနေကို စောင့်ကြည့်နေသည်Ara က မနေနိုင်စွာ ဘေးက Designer unnie ကိုလက်တို့၍
ဘာဖြစ်နေကြတာလဲ Yilin shi က ဘာဖြစ်လို့လဲ
Designer Unnie က မျက်နှာကိုမဲ့ချလိုက်ရင်း ခုနစ်အိမ်ကြား အသံဖြင့်
ဘာဖြစ်ရမှာလဲ Yilin ဖြစ်နေကြ ကိစ္စပဲပေါ့ ဒီလောကထဲရောက်နေပြီ နာမည်ကြီးမင်းသမီးလည်း ဖြစ်နေပြီကိုး Sugar Daddy ထားလို့တဲ့
ထို Unnie စကားကြောင့် Ara မှာ မျက်နှာပူသွားပြီး Yilin ကတော့ မီးတောက်နေသော အကြည့်ဖြင့်
ငါ့ကိုတောင်းပန် Designer မ
Designer Unnie က ခါးကိုထောက်လိုက်ရင်း
နင်က တောင်းပန်သင့်တာ နင့်ကြောင့် အခုငါတို့အဖွဲ့သားတွေ သိက္ခာကျရတယ်
Designer ရဲ့စကားမဆုံးခင် Director ကပါ ကြားဝင်လာပြီး
Yilin နင်အပြစ်မရှိချင်ယောင်ဆောင်မနေနဲ့ နင့်အကြောင်း အပုပ်အစပ်သတင်းတွေ လူတိုင်းကြားဖူးတယ် အခုနော့ တလောကလုံးပါ သိသွားပြီ ငါတို့ Show မအောင်မြင်ရင် နင့်ကိုပဲ အပြစ်တင်ရမယ်
ဟုတ်တယ်
အရှက်မရှိလိုက်တာ
မျက်နှာပြောင်ချက်
Yilin မှာ မျက်ရည်တွေဝဲတက်လာပြီး
ရှင် ...
ခွမ်း .....
Yilin ဘာမှမပြောရသေးခင် နောက်မှ ထူးဆန်းတဲ့အသံကြောင့် Yilin ကို ဦးတည်ပြောဆိုနေသော လူစုမှာ အာရုံပြောင်းသွားပြီး အသံကြားရာ လှည့်ကြည့်လိုက်တော့
Ara တစ်ယောက် တုတ်ချောင်းတစ်ချောင်းနှင့် ဖရဲသီးရိုက်ခွဲနေသည်ကို မြင်လိုက်ရသည်
Ara က
အဟဲ ပူတာနဲ့ ဖရဲသီးစားမလားလို့
Kook ကလည်း ကွဲနေသော ဖရဲသီးအပဲ့လေးကို ကောက်ယူလိုက်ရင်း
စားကြပါဦးလား
_________________________________________________
လူရှင်းသွားတာနဲ့ Kook မှာ သစ်ပင်ကို မှီရင်း
ငါ့ကောင်မလေးက သူများကိုကယ်တတ်တဲ့ Hero ဆိုတာ မသိခဲ့ပါလား
ခပ်လှောင်လှောင်ပြောတော့ Ara က
မနာလိုနေတာမလား
Kook က Ph ထိုးပေးလိုက်ရင်း
ရော့ ကြည့်ကြည့်
Ara က Kook ph ကို ယူကြည့်လိုက်တော့ သတင်းတစ်ပုဒ် သတင်းခေါင်းစဉ်မှာ
Zhao Yilin နှင့် သူမ၏ Sugar Daddy
Ara မှာ စားနေသော ဖရဲသီးခွံကို ပစ်လိုက်ပြီး
သတင်းတွေကတော့ မတိကျလည်း ရေးနေကြတာပဲ
Ara နင် သေချာလုပ်တာမလား
သစ်ပင်နောက်မှ ခြေဖဝါးပေါ် Ara ပစ်လိုက်တဲ့ ဖရဲသီးခွံတင်နေသော Yilin မှ ပြောလိုက်ခြင်းဖြစ်သည်
Ara က လှည့်ကြည့်လိုက်ပြီး
ငါ့ဘာငါပစ်တာပဲ နင်က ချောင်းနားထောင်နေမှန်း ဘယ်သိမှာလဲ
Yilin က Ara နားကပ်လာပြီး နှစ်ကိုယ်ကြားအသံဖြင့်
နင် ခုနက သူရဲကောင်းဝင်လုပ်တာအတွက် ငါကျေးဇူးမတင်ဘူးနော် ငါကြိုက်တဲ့ Kook ကို နင်ကလုသွားတာကြောင့် နင့်ကိုကျေးဇူးမတင်နိုင်ဘူး
အေး ငါကလည်း Kook ကို လက်လျှော့ပေးမယ် မထင်နဲ့
သိလား Ara နင်က နည်းနည်းတော့ ကောင်းတဲ့လူထင်တယ် သဘောကျတယ် နင့်ကို ငါ့ပြိုင်ဖက်ဖြစ်ဖို့ သင့်တော်တယ်
နင့်ကိစ္စတွေ အားလုံးရှင်းလိုက်ဦး
Ara က ပြောပြီး လှည့်ထွက်ခဲ့တော့ Kook က
ဘာတွေပြောနေကြတာလဲ
Ara က မျက်စိမှိတ်ပြလိုက်ရင်း
မိန်းကလေးတွေကြားက လျို့ဝှက်ချက်
×××× ×××× ×××× ×××× ×××× ×××× ××××
YOU ARE READING
I Was ××× By My Idol ( MM Translation )
Romance#romance #bts #translation #manga #comedy #drama