ရှေ့တွင် Guest House ကိုမြင်နေရပြီ ဖြစ်သည်
Ara က
Kook ကျွန်မတို့အထဲမဝင်ပဲ အပြင်မှာပဲ နေကြမလား
ငါကရတယ်
Guest House ရှေ့ရောက်တော့ Kook က ကျောပေါ်မှ Ara ကို အသာချလိုက်ပြီး
ခြေထောက် Ok လား
Ara က ရှုံ့မဲ့မဲ့ဖြင့်
ရပါတယ်
Kook က Ara နံရံကပ်ထိုင်ဖို့ ကူညီလိုက်ပြီး Ara ရှေ့ ဒူးတစ်ဖက်ထောက်ရာ Ara ခြေထောက်ကို ကိုင်လိုက်တော့ Ara က
Kook . ဘာ .. ဘာလုပ်တာလဲ
Kook က ပါးတွေရဲသွားကာ
မလှုပ်နဲ့ ငါကြည့်ပေးမလို့
Ara က ဘာမှပြန်မပြောတော့ပဲ Kook ကိုကြည့်နေလိုက်သည်
*Kook ပုခုံးတွေက ကျယ်လိုက်တာ ခန္ဓာကိုယ်လည်း fit ဖြစ်တယ်*
အတွေးတွေနဲ့ မျက်နှာရဲလာတော့ Kook က မော့ကြည့်ကာ
နာလို့လားAra က ခေါင်းကို အလျင်အမြန်ခါလိုက်ပြီး
သက်သာပြီ
*ငါ ဘာတွေ တွေးနေတာပါလိမ့်*
Ara က ခြေထောက်ကို အသာနှိပ်ပေးနေသော Kook ကိုကြည့်ပြီး
Kook ရှင်ဘယ်လိုသိပြီးရောက်လာတာလဲ
ဒီလိုပဲ စိတ်ကသိနေတာ
Ara က သိချင်စိတ်ဖြင့် မျက်နှာရှေ့တိုးသွားတော့ Kook မျက်နှာအမော့နှင့် ဆုံပြီး မျက်နှာနှစ်ခု နီးကပ်သွားသည်
၂ယောက်လုံး ခဏတာ အကြည့်မှာ မျောသွားပြီး Kook က ကိုင်ထားသော Ara ခြေထောက်ကို လွှတ်ကာ
မနက်ဖြန်ဆို သက်သာသွားလိမ့်မယ်
ပြောပြီး Kook က Ara ဘေးဝင်ထိုင်လိုက်သည် အကြည့်ချင်းဆုံရင်ခုန်နေတဲ့ strange atmosphere ကြောင့် ခဏတာ တိတ်ဆိတ်နေသည် ခဏအကြာ Kook က မီးမွှေးပြီး
ဟိုလေ
နှစ်ယောက်လုံးဆီမှ ပြိုင်တူထွက်သွားခြင်းဖြစ်သည်
Ara က ပြုံးပြကာရှင်အရင်ပြော
Kook က Ara ကို မကြည့်ပဲ မီးပုံကိုကြည့်ရင်း
ဟို ဒီလိုမျိုး ဖြစ်ခဲ့တာတွေက ငါ့ကြောင့်ပါ တောင်းပန်ပါတယ်
Ara က Kook ကို ထူးဆန်းသလို လှမ်းကြည့်ပြီး
ဟင်
Kook က ဆက်ပြောပြန်သည်
မင်းအဆင်မပြေရင် မနက်ဖြန်ငါ Noona ကိုပြောပြီး မင်းကိုအိမ်ပြန်ပို့ပေးမယ်
×××× ×××× ×××× ×××× ×××× ×××× ××××
YOU ARE READING
I Was ××× By My Idol ( MM Translation )
Storie d'amore#romance #bts #translation #manga #comedy #drama