Ep 9 မင်းတို့နှစ်ယောက် ဘာလုပ်နေကြတာလဲ

988 65 0
                                    

Ara မော့ကြည့်လိုက်တော့ ရှက်တက်တက်မျက်နှာနှင့် Chim မှာ

ကျွန်တော် ...
ကျွန်တော် ...လမ်းပျောက်နေပြီထင်တယ်

အဆိုရောအကရောတော်တဲ့ Chim က လမ်းပျောက်နေတယ်တဲ့

ဖူး

ရယ်ချင်စိတ်ကို မြိုသိပ်ပြီး ပါးစပ်ပိတ်လိုက်သော်လည်း အသံ ထွက်သွားသေးသည်

Chim မှာ ပါးတွေနီလျက် ခေါင်းကုတ်ရင်း

ကျောင်းက လမ်းတွေအရမ်းများပြီး အဆောင်တွေက ဆင်နေတော့ နည်းနည်း မျက်စိလည်သွားတာ

Ara က ပြုံးစိစိလုပ်ရင်း

အယ် GwonChanha ကျွန်မ ဒီကိစ္စကိုလျို့ဝှက်ထားပေးမယ်
ကျွန်မ ကျောင်းစတက်တုန်းကလည်း ဒီလိုပါပဲ ကဲ ဘယ်ကိုသွားချင်တာလဲ

Chim က ဖုန်းထဲက Map ကိုပြပြီး

ကျွန်တော် ဒီနေရာသွားချင်တာပါ

Ara က ကျောင်းသူပီပီ Chim ပြောတဲ့နေရာ သိတာကြောင့်

ကျွန်မ အဲ့နေရာသိတယ် လာ ကျွန်မခေါ်သွားပေးမယ်

Ara မှာပြောပြောဆိုဆို ရှေ့မှဦးဆောင်သွားပြီး သတိတစ်ချက်ရလိုက်ရာ

ခဏ ခဏ

နောက်မှအေးအေးဆေးဆေးပါလာသော Chim မှာကြောင်သွားပြီး

ဗျာ

Chim က Kook ကို ရှာနေတာတော့ မဟုတ်ပါဘူးနော်

အမ် ဘာလို့လဲ Kookie ကို ကြောက်လို့လား

Ara က ပြာပြာသလဲဖြင့်

အ မဟုတ်ပါဘူး ဘယ်ဟုတ်ပါ့မလဲ ဒီလိုလေ တကယ်တော့ ကျွန်မက Chim တို့ ၂ယောက်စလုံး Fan မို့ ၂ယောက်စလုံးကို တစ်ပြိုင်တည်း တွေ့မိရင် စိတ်လှုပ်ရှားပြီး ပေါက်ကရတွေ လုပ်မိမှာစိုးလို့ပါ

Chim က နဖူးတောက်လိုက်ကာ

ကလေးလည်း မဟုတ်တော့ပဲနဲ့

တကယ်ပြောတာ Crazy Fan တွေက ဒီလိုပဲဟာကို

Ara က ရေရွတ်သလိုပြောမိတော့ Chim က အနားကပ်၍

ဟင်

ဘာမှမဟုတ်ဘူး Chim ဟီး

ခဏ

ပြောပြောဆိုဆို Chim က Ara နားရွက်နားကပ်နေသော သစ်ရွက်ကို ဖယ်ပေးလိုက်သည်

သို့သော် ဘေးနားမှ အရိပ်ကြောင့် ၂ယောက်စလုံး လှည့်ကြည့်လိုက်ရာ

မင်းတို့နှစ်ယောက်ဘာလုပ်နေကြတာလဲ (***Kookie is jealous)

***တိုပေမယ့် ခနနေ ထပ်up မယ်နော်***

I Was ××× By My Idol ( MM Translation )Where stories live. Discover now