Ep 39 ငါကသရုပ်ဆောင်တစ်ယောက်

638 60 0
                                    

ရှင် သဝန်တိုနေတာလား

*ရှင် ဘာဖြေမလဲ Kook

Kook က Ara ကျောပေးရပ်နေသော သစ်ပင် ပင်စည်ကို လက်ထောက်လိုက်ပြီး

ရယ်စရာပဲ ငါကမင်းကိုကြွေလိမ့်မယ်များ ထင်နေလား မင်းမေ့နေပြီလား ငါက အဆိုတော်တစ်ယောက်အပြင် သရုပ်ဆောင်တစ်ယောက်ဆိုတာလေ ငါ့ရဲ့သရုပ်ဆောင်မှုကို မင်းအထင်လွဲသွားရင်တော့ ငါတောင်းပန်တယ်

* aww ဒါဆို ငါ့အပေါ်ကြင်နာပြတာကလည်း အတုယောင်ပဲပေါ့

Ara က ခေါင်းငုံ့လိုက်ပြီး

တကယ်တောင်းပန်ရမှာက ကျွန်မပါ ကျွန်မအတွေးလွန်တာတွေက ရှင့်ကို အနှောင့်အယှက်ဖြစ်စေတယ်ဆိုရင် တောင်းပန်ပါတယ် ထပ်မဖြစ်စေရပါဘူး

Ara က ပြောပြီးသည်နှင့် သူမမျက်ရည်တွေ Kook မမြင်စေချင်တာကြောင့် ချက်ချင်း လှည့်ထွက်သွားတော့သည်

Kook က အနည်းငယ် အံ့ဩသွားကာ

*သူငိုသွားတာလား ငါဘာလို့ စိတ်မကောင်းဖြစ်နေတာလဲ ငါ Ara ကို ဘာတွေပြောမိတာလဲ ငါအရူးပဲ

တွေးရင်းနှင့် သစ်ပင်ကို လက်သီးနဲ့ထိုးမိတော့သည်

ရွက်ဖျင်တဲကို ပြန်ရောက်လာတော့ မျက်နှာမကောင်းသော Ara ကြောင့် Dong Joon က

Ara shii ဘာဖြစ်လာတာလဲ

Ara က မီးပုံဘေးဝင်ထိုင်ရင်း

ဘာမှဖြစ်ပါဘူး

Dong Joon က မတ်တပ်ထရပ်လိုက်ပြီး

မဖြစ်ဘူး Ara ထ ကျွန်တော် စိတ်ညစ်စရာတွေပျောက်မယ့် နေရာကောင်းသိတယ် သွားကြမလား

Ara က ထိုင်ရာကမထပဲ

တော်ပြီ ကျွန်မ ...

ပြောရင်းစကားစပြတ်သွားသည်မှာ Kook စကားများ အတွေးထဲဝင်လာသောကြောင့်ဖြစ်သည်
ရယ်စရာပဲ ငါကမင်းကိုကြွေလိမ့်မယ်များ ထင်နေလား မင်းမေ့နေပြီလား ငါက အဆိုတော်တစ်ယောက်အပြင် သရုပ်ဆောင်တစ်ယောက်ဆိုတာလေ ငါ့ရဲ့သရုပ်ဆောင်မှုကို မင်းအထင်လွဲသွားရင်တော့ ငါတောင်းပန်တယ်

Ara က စိတ်ကိုပြင်လိုက်ပြီး မတ်တပ်ထကာ

သွားကြတာပေါ့ ရှင်ပြောတဲ့နေရာ ကျွန်မ ပျင်းနေတာနဲ့ အတော်ပဲ

Dong Joon က ပြုံးသွားပြီး Ara ကို လက်ကမ်းပေးလိုက်သည် Ara လည်း Dong Joon လက်ကို တွဲပြီး နှစ်ယောက်တူတူ မီးပုံဘေးမှ ထွက်လာတော့သည်

Lee Wook က ဧည့်သည်တွေကို လိုက်ကြည့်ရင်း Ara နှင့် Joon တို့ အတွဲ တောဘက်ထွက်သွားတာကို တွေ့လိုက်ရသည်

ဟင် Ara ဘေးက Kook မဟုတ်ပါလား နေပါဦး အဲ့လူ ငါမြင်ဖူးနေသလိုပဲ





I Was ××× By My Idol ( MM Translation )Where stories live. Discover now