Ep 45 ထူးဆန်းတဲ့ခံစားချက်

661 66 1
                                    

ကြောက်ဖို့ကောင်းလိုက်တာ Ree ကျွန်မဘဝသွားပြီမှတ်နေတာ Ree

Kook က ခေါင်းပုတ်ကာ ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး

ဘာမှမဖြစ်တော့ဘူးနော် တိတ်တော့

Kook ချော့နေသော်လည်း Ara မှာ မငိုမရပ်

ကျွန်မမှ ဘာလို့လာဖြစ်ရတာလဲ ကြောက်ဖို့ကောင်းတယ်

Kook က Ara ကိုသိမ်းကြုံးပွေ့ဖက်လိုက်ပြီး

ဘာမှမဖြစ်ဘူး ငါရှိတယ်

Kook လုပ်ရပ်ကြောင့် Ara မှာ ကြောင်အမ်းပြီး အငိုရပ်သွားသည် ထို့နောက် Kook နဲ့ လူချင်းခွာလိုက်ပြီး

Kook ...

စကားမဆုံးခင် Kook အင်္ကျီရင်ဘတ်ပေါ်က မျက်ရည်ကွက်ကို တွေ့လိုက်ရပြီး

*အား Jin Ara နင်ရူးနေပြီ ဘာလို့ Kook ကို ဖက်ပြီး ငိုလိုက်တာလဲ ရှက်စရာကြီး

Ara က မျက်ရည်လက်ကျန်တွေကို အင်္ကျီလက်နဲ့သုတ်ပစ်ပြီး

Kook ကျွန်မ တမင်လုပ်တာမဟုတ်ပါဘူး ဟိုဟာ ကျွန်မက ခါတိုင်းဆို ဒီလိုမငိုဘူး

Kook က Ara ရှက်နေတဲ့မျက်နှာကြည့်ပြီး ပြုံးရင်း ခေါင်းကိုလှမ်းပွတ်ပေးကာ

အင်း သိတယ် ပြန်ရအောင်

Ara က

Kook ဒီမှာဖြစ်တာတွေ သူများမပြောနဲ့နော် ကောလဟလတွေထွက်ရင် ရှင့်အတွက်မကောင်းဘူး

Kook က Ara ကို နောက်ကရပ်ကြည့်နေရင်း လွန်ခဲ့တဲ့နာရီဝက်ကဖြစ်ခဲ့တဲ့ အဖြစ်အပျက်များ ခေါင်းထဲအစီအရီဝင်လာသည် နားထဲတွင် Ara ငိုသံတွေ ပြန်ကြားကာ

ဒါတွေက ... ဒါတွေက

ငါ့အမှားတွေကြောင့်ပဲ ...

ငါ့ကြောင့် ဒီလိုဖြစ်တာ ...

ငါ့ကြောင့် Ara ...

Kook မှာ ခေါင်းခါလိုက်ရင်း အတွေးတွေ ဖယ်ထုတ်ကာ Ara ကို လှမ်းကြည့်တော့ Ara က သူ့ကို ပြုံးပြကာရပ်စောင့်နေတာ တွေ့လိုက်ရသည် Ara ကိုမြင်တော့ မျက်နှာရဲသွားပြီး တစ်ခုခုဖြစ်သွားသော ရင်ဘတ်ကို စမ်းကြည့်ရင်း

ဘယ်လိုခံစားချက်ကြီးလဲ

×××× ×××× ×××× ×××× ×××× ×××× ××××

Wolf Girl လေး ဖတ်ပေးကြပါဦးနော်

I Was ××× By My Idol ( MM Translation )Where stories live. Discover now