Ep 55 သူ့ကို ဘယ်လိုဆက်ဆံရမလဲ

697 41 3
                                    

Ara ရဲ့ အမေးစကားကို Yilin က ခပ်ကြောင်ကြောင်မျက်နှာအမူအရာဖြင့်

အ Ara ကောင်းသောညနော်

ပြောပြီးပြီးချင်းလှည့်ထွက်သွားသော Yilin နောက်ကျောကို Ara ကကြည့်ရင်း

သူဘာဖြစ်လာတာလဲ နေ့ခင်းကြီးပဲရှိသေးတာကို ကောင်းသောညတဲ့ အဆင်ပြေရဲ့လားမသိဘူး

အချိန်အတန်ကြာYilin နောက်ကျောကိုစိုက်ကြည့်နေသော Ara ဆီမှ စိတ်ပူစကားကြောင့် Kook က

မင်း Yilin ကို မမုန်းဘူးလား

Kook မေးခွန်းကြောင့် Ara က Kook ကို မော့ကြည့်ပြီး Kook ရှေ့ဘက်သို့ ကျော်တက်သွားကာ

ကျွန်မက ဘာလို့သူ့ကိုမုန်းရမှာလဲ

Ara က အသံကိုလျှော့ချပြီး

သူရှင့်ကိုကြိုက်နေတာကို ကျွန်မတားချင်လည်းတားလို့မှမရတာ

Ara ရဲ့ လေသံတိုးတိုးကြောင့် နောက်မှာရပ်ကျန်ခဲ့သော Kook က

ဘာပြောတာလဲ

Ara က နောက်လှည့်၍ Kook ကို လျှာထုတ်ပြကာ

ရှင်က လိပ်လိုပဲ နှေးတိနှေးကွေးနဲ့ လို့ပြောတာ

Kook က Ara ဘေးချင်းကပ်ရပ်နေရာထိ လျှောက်လာပြီး

ကလေးဆန်လိုက်တာ

________________________________________________

ရိုက်ကူးရေး  PD က Speaker ကိုကိုင်ကာ

ဒီနေ့က ငါတို့ရိုက်ကူးရေးပြန်စတဲ့နေ့ပဲ ဒီတစ်ခေါက်တော့ အတွဲအသစ်တစ်တွဲ တိုးထည့်ထားတယ် ကဲ ပြည့်သူ့အချစ်တော်လေး Park Jimin နဲ့ သူ့ညီမ Park Ji Ra တို့ကို ကြိုဆိုလိုက်ရအောင်

PD ရဲ့စကားဆုံးတော့ Cele တွေနဲ့ ရိုက်ကူးရေးအဖွဲ့သားတွေရဲ့ လက်ခုပ်သံက တစ်ကျွန်းလုံး ညံသွားပါတော့တယ်

PD ကပဲ ဆက်ပြီး

ကဲ ကဲ အားလုံးရင်းရင်းနှီးနှီးနေကြပြီး တလောက ကိစ္စလိုမျိုး ထပ်မဖြစ်ကြဖို့ မျှော်လင့်ပါတယ် ရိုက်ကူးရေးကို တစ်နာရီအတွင်းစမယ် အသင့်ပြင်ထားကြပါ

I Was ××× By My Idol ( MM Translation )Where stories live. Discover now