ညဘက်ရောက်တော့ ရွက်ဖျင်တဲတွေရှေ့၌ မီးမွှေးကြတော့ Dong Joon က မီးမမွှေးတတ်၍ Ara ကပဲ မီးမွှေးရတော့သည်
Dong Joon shii မီးက ဒီလောက်ဆိုရပြီလား
Dong Joon က တံစို့ထိုးထားသော ငါးကို မီးမြိုက်ကြည့်ကာ
ဒီလောက်ဆို အိုခေတယ်
Dong Joon က ငါးကင်ပြီး
ဝှား Ara shii က မီးရောမွှေးတတ်တယ် နေ့လည်တုန်းက ရိုက်ကူးရေးမှာလည်း တော်တယ်
Ara က ရှက်ရှက်နှင့် ခေါင်းကုတ်လိုက်ပြီး
အား မဟုတ်ပါဘူး Dong Joon shii က ကူညီပေးလို့ပါ တခြားသူတွေများ ကျွန်မကို ကူညီမပေးချင်ဘူး
Ara က ပြောရင်း Kook ကိုသတိရကာ နှုတ်ခမ်းစူမိသွားသည်
တစ်ဘက်တွင်
ဟတ်ချိုး
ချီသံက ကျယ်သွားသော Yilin က လှည့်ကြည့်ကာ
Kookie ရှင် နေ့လည်က ရေစိမ်တာများသွားလို့ အအေးမိပြီထင်တယ် (*** အမှန်က Ara က Kook အကြောင်းပြောလို့ နှာချေတဲ့သဘောပါ)
ရတယ် ဘာမှမဖြစ်ဘူး
Yilin က Ara တို့ဘက်ကို လှည့်ကြည့်ပြီး
Kook ရှင်က တအားအေးစက်တာပဲ Ara ကိုကြည့်ပါဦး တခြားသူနဲ့လည်း လွယ်လွယ်ကူကူပေါင်းသင်းတတ်တယ် ချစ်စရာလေး ပြီးတော့ သူက သူ့ Partner အသစ်နဲ့အဆင်ပြေတယ်ထင်တယ် ဒီကတခြားလူတွေကတောင် သူတို့က တကယ့် couple ထင်နေကြတာ အယ် ကြည့်ပါဦး Dong Joon shii က Ara ခေါင်းကိုပုတ်ပေးနေတာ Dong Joon က အနုပညာလောကထဲဝင်လာတာ ၁၀နှစ်လောက်ရှိပြီ သူကလည်း နာမည်ကြီးမင်းသားပဲ
YOU ARE READING
I Was ××× By My Idol ( MM Translation )
Romance#romance #bts #translation #manga #comedy #drama