Ara ခေတ္တမျှကြောင်ငေးသွားပြီး
Lee Wook နဲ့ Park Ji Ra ???
Min Yung ကတော့ မထူးဆန်းဟန်ဖြင့်
ငါမပြောဘူးလား နင့်ကို အဲ့ကောင် ကြောင်သူတော် ကြွက်သူခိုးပါလို့
Ara ကတော့ ငယ်သူငယ်ချင်းဖြစ်တဲ့ Min Yung ကို မယုံဟန်ဖြင့် ခေါင်းအုံးနဲ့ လှမ်းပေါက်ကာ
ကောင်မ သူများကိစ္စ စိတ်ဝင်စားမနေနဲ့ နင်ဝတ်ထားတာလည်း ကြည့်ဦး အကုန်ဖော်ထားတာပဲ နင့်အဘွားနဲ့ကို တိုင်ပြောမယ်
Min Yung မှာ Ara ကို ခပ်ချဉ်ချဉ်ကြည့်ရင်း ခေါင်းအုံးပြန်ပစ်ပေါက်လိုက်ကာ
ငါသတိပေးပြီးပြီ ယုံတာ မယုံတာတော့ နင့်အပိုင်း
ပြောပြောဆိုဆိုဖြင့် လှလှပပလမ်းလျှောက်ကာ အခန်းမှထွက်သွားတော့သည် Min Yung ထွက်ခွာသွားတော့မှ Minah က စိတ်မကောင်းဟန်ဖြင့်
Ara , Min Yung ပြောတာ ဟုတ်တယ် ငါလည်း..မနေ့က စာကြည့်တိုက်မှာ သူတို့နှစ်ယောက်ကို တွေ့လိုက်တယ်
Ara လည်း မနေ့က Blind ကြီး အပြစ်နေသော Lee Wook ရဲ့ စိတ်သဘောကို ခန့်မှန်းနိုင်သွားပြီလေ ခုန Min Yung ပြောတော့ မယုံနိုင်ဖြစ်သွားမိပေမယ့် Min Yung ဆိုတာ သူမရဲ့ မဟုတ်မခံ ငယ်သူငယ်ချင်းမလေ ဒီလိုသူငယ်ချင်းက အခြေအမြစ်မရှိတဲ့သတင်းကို သူမဆီသယ်လာမှာ မဟုတ်ဘူးဆိုတာ သူမယုံပြီးသား
ငါတို့ မနေ့ကပြတ်တာ ခဏတာစိတ်ဆိုးတာပဲ ထင်နေတာ လက်စသတ်တော့ သူက ငါ့ကို သစ္စာဖောက်ချင်နေတာကိုး Lee Wook က တော်တော် မကောင်းတဲ့အကောင်ပဲ
Ara အခုလိုပြောမှ စိတ်မကောင်းဟန်ဖြင့်ငေးကြည့်နေသော Minah နဲ့ Sunny မှာ တစခန်းထလာပြီး
ဟုတ်တယ် ခြံခုန်တဲ့အကောင်ကို ငါတို့သွားဆုံးမပေးရမလား
စိတ်မပူနဲ့ ငါ့ bff လေးတွေ ငါသူနဲ့ စကားတော့ ပြောကြည့်ရဦးမယ်
တစ်ညအတွင်းဖြစ်ပျက်ခဲ့သော အကြောင်းအရာတွေကို Ara တနေကုန် တွေးတောရင်း ညဘက်ရောက်မှန်းမသိ ရောက်လာခဲ့တော့သည် ဒီတော့မှ အနည်းငယ်ဖြီးလိမ်းပြင်ဆင်ကာ Lee Wook နဲ့ တွေ့နေကျ နေရာမှာ သွားစောင့်နေလိုက်သည် သူမနဲ့အကြာကြီးတွဲလာတဲ့သူမလား သံယောဇဉ်တော့ ရှိနေဦးမှာပါ တကယ်လို့ ဘာသံယောဇဉ်မှ မကျန်ရင်တောင် ပျော်ပျော်ရွင်ရွှင် အေးအေးချမ်းချမ်း လမ်းခွဲလိုက်တာ အကောင်းဆုံးမလား
YOU ARE READING
I Was ××× By My Idol ( MM Translation )
Romance#romance #bts #translation #manga #comedy #drama