Ep 28 I Just Wanna Love Ya

741 84 3
                                    

Noona ဒီကို ဘယ်လိုရောက်လာတာလဲ

Manager Noona ကို သူ့ကိုပုခုံးတွန့်ပြပြီး

မင်းရဲ့လက်ထောက်က မင်းကိုမတွေ့လို့ ငါ့ဆီလာငိုပြနေတော့ ငါကိုယ်တိုင် လိုက်ရှာရတာပဲ

Chim က ရယ်လိုက်ရင်း

ဟားဟား ကျွန်တော်ဘာမှမဖြစ်ပါဘူးဗျာ အလုပ်နည်းနည်းပင်ပန်းလို့ လာအနားယူတာ

Noona က Chim ကို မေးထောက်ကြည့်၍

Chim ငါမင်းတို့နဲ့နေလာတာကြာပြီ ဘာဖြစ်လဲပြော Kook နဲ့ ရန်ဖြစ်ခဲ့တာလား

Chim က ထသွားလိုက်ပြီး

Noona အတွေးလွန်နေပြီ

Manager Noona က waiter ကို လှမ်းခေါ်၍ VIP Card ပေးကာ

လူတွေအကုန်ရှင်းထုတ်လိုက် တစ်ညလုံးငါငှားမယ်

Waiter လေးက

ဟုတ်ကဲ့ စိတ်မပူပါနဲ့ လိုတာရှိရင်ပြောပါ

Noona က Chim ကိုလှမ်းကြည့်လိုက်တော့ Chim မှာ Stage ပေါ်တွင် Guitar ကို စမ်းတီးကြည့်နေသည်

ဒီကလေး ဘယ်သူကများသူ့ကို ဘာလုပ်လိုက်တာပါလိမ့်

I just wanna love ya
I just wanna love ya
အာဂျစ်ဒို ကုမင် ကော့ဂါထား Oh baby
I just wanna love ya
I just wanna love ya
အီမီနန် အာဂို အစ်ဂျစ်နန် Oh baby
Coffee မာချီဂို နူနန်တာဘာ့ဒိုး
ဂျမီဒေါ ဂေါ့မန် ကော့ဂါထာ Oh no no
ဂူရိုဘုဂိုဟဲ့ဆော့ If I ruled the world
နော်ရယ်ဒါ့ရှိနယ်ယော့ဖဲ့ ကော့မန်ဂါ့ထာ

သီချင်းဆိုနေတဲ့ Chim ကိုကြည့်ကာ waiter လေးက Manager နားကပ်၍

Idol လို့မပြောရဘူး သီချင်းဆိုတအားကောင်းတယ်နော်

Chim ကိုလက်ပိုက်ရင်းကြည့်နေသော Noona က ဂုဏ်ယူသောအပြုံးနှင့်

ချစ်စရာကောင်းတာနဲ့တင် သီချင်းဆိုဖို့မလိုတော့ဘူး

Waiter နှင့် စကားဖောင်ဖွဲ့နေတုန်း တစ်ခုခုကျကွဲသံကြားလိုက်ရ၍ လှည့်ကြည့်တော့

ပြုတ်ကျနေသော Guitar ဘေးမှာ လည်ပင်းကိုကိုင်ကာ ဝေဒနာခံစားနေရပုံဖြင့် Chim ကို တွေ့လိုက်ရတော့ Manager Noona မှာ စိတ်ပူသွားပြီး Chim လက်မောင်းကို လှမ်းဆွဲလိုက်သည် Chim မှာ Noona ကို တွဲကာ ခေါင်းငိုက်စိုက်ကျသွားပြီး ချောင်းဆိုးလိုက်တော့ သွေးစအချို့က ပြုတ်ကျနေသော Guitar ပေါ် ကျသွားလေတော့သည်

Chim မင်း ရောဂါဟောင်း ပြန်ထနေတာလား

Chim ကို စိတ်ပူနေသော Noona ကို ဘာမှမဖြစ်ဟန် ပြုံးပြလိုက်၍

Noona စိတ်မပူပါနဲ့ အိမ်မပြန်သေးဘူးလား ဒီချိန်ထိမအိပ်ရင် မနက် Noona ထလာရင် မျက်ကွင်းတွေ ညိုနေမယ်

Noona က သူ့ကို အားမလိုအားမရဖြစ်ကာ

Chim မင်းငါ့ကို စိတ်ပူလို့မလို ...

Noona စကားမဆုံးခင် Chim က ဖြတ်ကာ

Noona ကျွန်တော်ပြန်တော့မယ် ဆိုင်ပိတ်ချိန်ရောက်ပြီ

ထွက်သွားသော Chim ရဲ့ ကျောပြင်ကို Noona က မမြင်ရတော့သည်အထိ စိုက်ကြည့်နေရင်း

Chim မင်းရဲ့အတိတ်ကို အခုထိအဆုံးမသတ်ရသေးဘူးလား

××××    ××××    ××××    ××××    ××××    ××××    ××××

(*** My Evil Prince လေး ဘယ်သူမှမကြိုက်ကြဘူး ထင်တယ် vote လည်း မ vote ကြဘူးရော် :(    )

I Was ××× By My Idol ( MM Translation )Where stories live. Discover now