ဟင် ပင်လယ်ထဲသွားရမှာလား !!!!!
Ara က တအံတဩရွတ်လိုက်တော့ Kook က
ဟုတ်တယ် Motor Boat ပေါ်တက်
Ara က ခုနက အိပ်မက်ကို ပြန်တွေးရင်း
အဲ့လို ဖြစ်မှာတော့ မဟုတ်ပါဘူးနော်
သဘောင်္စထွက်တုန်းက ကြောက်နေတဲ့ Ara မှာ ယခုတော့အပြင်ထွက်ကာ
ဝါး လေလေးက ကောင်းလိုက်တာ
ဘေးကိုလှည့်ကြည့်မိတော့
ဟင် Kook
Kook လည်း သူမနှင့်ခပ်နီးနီးမှာလေညင်းခံနေတာကို တွေ့လိုက်ရတယ် လေကြောင့်လွင့်နေသော Kook ဆံပင်ဆီကို Ara လက်က သူမ မသိလိုက်မိခင်မှာပဲ ရောက်သွားတော့သည်
Kook က လှည့်ကြည့်တာ
ဘာလုပ်တာလဲ
ဒီတော့မှ Ara က အသိဝင်လာပြီး
ခြင် ခြင် ခြင်တွေ့လို့
Kook က သူမကို အူကြောင်ကြောင်ကြည့်ရင်း လှည့်သွားတော့တယ်
ခဏနေတော့ မျက်နှာကို ဗွမ်းခနဲရေစင်သံနှင့် Kook ရဲ့ အသံကိုကြားလိုက်ရတယ်
Opps Sorry မတော်တဆ
Ara မှာ မျက်နှာတစ်ခုလုံးစိုရွဲနေတဲ့ ရေတွေကို သပ်ကာ ဒေါသူပုန်ထတော့တယ်
Kook ရှင်တမင်လုပ်တာမလား
Kook က လျှာထုတ်ပြောင်ပြပြီး
ဂျပုမ မင်းငါ့ဆံပင်ကို ထိနိုင်ရင် ငါအရှုံးပေးမယ်
ဘာဂျပုမလဲ ရှင်တော့ သေဖို့သာပြင်
Ara က ပြောပြောဆိုဆို Kook နားကပ်ကာ ခြေဖျားထောက်ပြီး Kook ဆံပင်ကို မရမက လိုက်ထိပါတော့တယ် Kook ကတော့ သူမနဖူးကိုကိုင်ထားရင်း တခွီးခွီး ရယ်လို့မဆုံး
Kook ရှင် ကလေးကလားနဲ့
ဘယ်သူက ကလေးလဲ ကိုယ့်အရပ်ကိုပြန်ကြည့် မင်းငါ့ကို ဒီတသက်မမှီပါဘူး
Ara မှာ မျက်နှာကြီး ရဲတက်လာပြီး အတင်းမှီအောင်လုပ်ပေမယ့် မှီလုဆဲဆဲမှာပဲ နောက်မှ Manager Unnie အသံကို ကြားလိုက်ရတယ်
Kook မင်းခဏလာဦး
Ara က Manager Unnie ကို လှည့်ကြည့်လိုက်တော့ Unnie က သူမကိုကြည့်နေတဲ့အကြည့်ကြောင့် အတွေးတချို့ ဝင်လာသည်
Unnie ကြည့်ရတာ ငါနဲ့ Kook နဲ့ဆော့နေတာ မကြိုက်တဲ့ပုံပဲ
Ara က Kook ကို စိုးရိမ်တကြီးမော့ကြည့်တော့ Kook က အေးဆေးဆိုတဲ့ အပြုံးပြုံးပြကာ Unnie နောက်လိုက်သွားတော့သည်
YOU ARE READING
I Was ××× By My Idol ( MM Translation )
Romance#romance #bts #translation #manga #comedy #drama