Ep 46 တာဝန်ယူပါ့မယ်

715 63 1
                                    

Kook ကရှေ့ကသွားရင်း

ရှေ့နားဆို တံတားရောက်ပြီ

နောက်က Kook အင်္ကျီစကိုဆွဲရင်း လိုက်လာသော Ara က ရုတ်တရက် ခြေချော်သွားပြီး လဲကျသွားတော့သည် Sorry မလဲပါ Kook မှ လှမ်းပွေ့လိုက်သောကြောင့်ဖြစ်သည်

Kook က Ara လက်ကိုဆုပ်ကိုင်ထားရင်း

ရရဲ့လား

ရပါတယ်

Ara အဖြေကို Kook က သဘောမကျဟန်ဖြင့်

အရူးမ ခေါင်းမာမနေနဲ့

Kook က ပြောရင်းဆိုရင်း  Ara ကို ကျောပေးထိုင်ချလိုက်ပြီး

တက် ကျောပိုးမယ်

ကု ... ကု ... Kook

အခုထိမှောင်နေတုန်းပဲ အပြင်မှာနေရင် အန္တရာယ်များတယ် မိုးမလင်းခင် တောထဲက နားနေအိမ်လေးမှာ သွားစောင့်မှဖြစ်မယ်

ဒါ ... ဒါပေမယ့်

Kook က စိတ်မရှည်ဟန်ဖြင့် ထလိုက်ပြီး

ဘာလဲ မင်းကမင်းသမီးတွေလို့ ပွေ့ခေါ်ခံချင်တာလား

Ara မှာ Kook စကားကြောင့်ရင်ထဲကုလားဘုရားပွဲလှည့်သလိုဖြစ်သွားပြီး Kook နှင့် မျက်လုံးချင်းဆုံသွားသည်

မဟုတ်ဘူး ကျောပိုး ကျောပိုး

ရုတ်တရက်ကြီး ထအော်လိုက်သော Ara ကြောင့် Kook က ရယ်ချင်ပက်ကျိဖြစ်သွားသော မျက်နှာကိုထိန်းရင်း

လာ

Ara လည်း ကျောပေးထိုင်ချလိုက်သော Kook ကို ကျောပိုးလိုက်သည် သို့သော် မတ်မတ်ကြီးဖြစ်နေ၍ Kook က

မင်းအဲ့လိုလုပ်နေရင် ပိုလေးတယ် သေချာကိုင်ထား

Ara က Kook စကားကြောင့် အရှေ့နည်းနည်းကုန်းလိုက်ပြီး

ဒီလိုဆိုရပြီလား

Kook က သက်ပြင်းချကာ

သေချာကိုင်ဆို မင်းပြုတ်ကျရင် ငါတာဝန်မယူဘူးနော်

ဒီတော့မှ Ara က လုံးလုံးလျားလျား Kook ကျောကို မှီပစ်လိုက်တော့သည်

ရပြီလား

Kook ဆီက အဖြေပြန်မရ၍ အဆင်ပြေသွားပြီထင်သည်

Ara အတွေး : အမလေး ငါ့ရင်ဘတ်က သူ့ကျော ...

Kook အတွေး : အမလေး ငါ့ကျောက သူ့ ...

Kook နှင့် Ara မျက်နှာ : Similar With ခရမ်းချဉ်သီးနှင့်ငရုတ်ပွအနီရောချက်ထားတဲ့ ဟင်းတစ်ခွက်

စကားမပြောတာ အနေခက်လာ၍ Ara က

ကျွန်မ သေချာထိုင်ထားတာနော် ပြုတ်ကျရင် ရှင်ပဲ

Kook က သွားရင်း နောက်ကို ခေါင်းနည်းနည်းစောင်းကာ Ara ကိုကြည့်လိုက်ပြီး

အင်း ငါမင်းကို တာဝန်ယူပါ့မယ်

*ပါစကားကြီးလဲ့*

××××     ××××    ××××    ××××    ××××    ××××    ×××× 

I Was ××× By My Idol ( MM Translation )Where stories live. Discover now