ညအချိန် မအိပ်ခင် Ara မှာ laptop မှ video တစ်ချို့ကြည့်နေစဉ် Mail တစ်စောင်ရောက်လာသောကြောင့် စစ်ကြည့်ရာ အတန်းခေါင်းဆောင်ဆီမှ ဖြစ်နေသည်
Class President : Ara နင်ကျောင်းလည်းမလာဘူး ငါ့ဆီ Essay ထပ်ဖို့လိုတာ အခုပို့ပေးလိုက် မြန်မြန်
Ara : အိုး Mianhae ငါအလုပ်ရှုပ်ပြီး ရေးဖို့မေ့နေလို့ ပြီးတာနဲ့ ပို့ပေးလိုက်မယ်နော်
Class President : ဒါနဲ့ သတင်းကောင်းရှိတယ် အရင်ကနင်ရေးတဲ့ fan fiction တွေလေ ငါတို့တောင် ဇာတ်အိမ်ကောင်းတယ်ဆိုပြီး ချီးကျုးကြသေးတဲ့ဟာ အေး အဲ့ Fic ကို company တစ်ခုက သဘောကျလို့တဲ့ နင်နဲ့ဆက်သွယ်ချင်နေတယ်
Ara မှာ Class Pre : ပြောတဲ့ fiction ကို ချက်ချင်းခေါင်းထဲရောက်လာကာ ပူထူသွားတော့သည်
အား ငါဆယ်ကျော်သက်တုန်းက ရေးထားတဲ့ Kook နဲ့ ငါ့ဇာတ်လမ်းကြီး အား ရှက်စရာကြီး
သူမအော်သံကြောင့် တံခါးခေါက်သံနှင့်အတူ Kook ဝင်လာပြီး တံခါးပေါက်ကို မှီကာ
ညဘက်ကြီး နောက်ကျနေမှ ဘာလို့ထအော်နေတာလဲ
Ara က ထရပ်လိုက်ပြီး သူ့အကြောင်းရေးထားတဲ့ Fan fic အကြောင်း Kook ကို မသိစေချင်၍ laptop ကို ချက်ချင်းပိတ်လိုက်ကာ
Mian ကျွန်မမေ့သွားလို့ နောက်မအော်တော့ဘူးနော် Good Night
Kook မှာ သူမလုပ်ရပ်ကြောင့် မသင်္ကာဟန်ဖြင့်
ငါဝင်လာမှ Laptop ကို ဘာလို့ပိတ်လိုက်တာလဲ
Ara က ဘာလုပ်ရမှန်းမသိကာ ပြာယာခတ်နေသည် Kook ကလည်း ပြာယာခတ်နေသော Ara ကြောင့် ပိုပြီး မသင်္ကာဖြစ်ကာ Laptop ကိုလှမ်းဆွဲလိုက်သည် Ara က ကြံရာမရဖြစ်ကာ ခြေဖျားထောက်၍ Kook လည်ပင်းကို ဖက်ရင်း Kook ပါးကို ဖွဖွလေး နမ်းလိုက်သည်
YOU ARE READING
I Was ××× By My Idol ( MM Translation )
Romance#romance #bts #translation #manga #comedy #drama