Ep 11 ပုံပြင်တစ်ပုဒ်

910 70 3
                                    

အဆောက်အအုံကြီးတစ်ခုအောက်မှာ စိတ်လှုပ်ရှားနေတဲ့ မိန်းမပျိုလေးများကို တစ်စုတဝေးကြီး တွေ့နေရသည် အထက်တန်းကျောင်းသူအစ ပျိုပျိုရွယ်ရွယ် မိန်းမလှလေးများ အများစုဖြစ်နေသည် ထိုနေရာကတော့ Big Hit Entertainment အဆောက်အအုံကြီးဖြစ်သည် ထိုထဲတွင် အများနဲ့မသက်ဆိုင် ထူးခြားသောအဝတ်အစားနှင့် မိန်းမပျိုလေး တစ်ယောက်ပါနေသည် မှန်ပါသည် ကျွန်မတို့ရဲ့ ဇာတ်လိုက်ကြီး Jin Ara ပါ

Ara မှာ Mask အပြည့်တပ် မျက်မှန်ဝတ်ကာ Hoodie အရှည်ကြီး ဝတ်ထားသောကြောင့် ဝရမ်းပြေးနဲ့တောင် တူနေသည် သို့သော် အသားအရည်ထိန်းသိမ်းလွန်းသော မိန်းကလေးတွေအတွက်တော့ မထူးဆန်းပါ

Ara မှာ Company ထဲ ဝင်သွားမည်လုပ်တော့ ဘေးက မိန်းကလေးအစုအဝေးထဲက ခေါင်းဆောင်ဖြစ်ဟန်တူသော တစ်ယောက်က

Unnie BTS ကို လာတွေ့တာဆိုရင် ဒီစည်းကို ကျော်လို့မရဘူးနော်

ကောင်မလေးမှာ Ara ခြေတစ်လှမ်းခန့်ဝင်ထားသောစည်းကို ပြရင်း ပြောလိုက်သည်

အ Unnie က အလုပ်ကိစ္စရှိလို့ လာတာပါ ARMY  မဟုတ်ပါဘူး

ကောင်မလေးက ရယ်ကျဲကျဲနှင့်

အယ် Unnie လာနောက်နေတယ် ARMY ဆိုတာ ဘာလဲသိတာတောင် ARMY မဟုတ်ဘူးလို့ငြင်းချင်သေးတယ် လာ Unnie ခိုးဝင်လို့မရဘူး Bang Pa Pa က လုံခြုံရေးတွေ အများကြီးနဲ့

Ara မှာ ဘာမှပြောချိန်မရလိုက်ပဲ ကောင်မလေးဆွဲခေါ်ရာနောက်သို့ ပါသွားတော့သည် ကောင်မလေးရဲ့ ဦးတည်ရာမှာ ARMY စကားဝိုင်းသို့ ဖြစ်သည်

အဲ့ Unnie Suran ကလေ ငါတို့ Yoongi ကို ကြံနေတယ်ထင်တာပဲ သူများအထင်မလွဲလွဲအောင် IG မှာ လျှောက်ရေးနေတာ

ကောင်မလေး တစ်ယာက်က အဆိုတင်သွင်းလိုက်တော့ အားလုံးက ARMY သွေး တက်တက်ကြွကြွဖြင့် ထောက်ခံကြသည်
ထိုထဲမှ Yoongi ထိဓားကြည့် ဆိုသောရုပ်နှင့် တစ်ယောက်က (*** အဲ့တစ်ယောက်က Author ပါနော်)

ဟုတ်ပဟဲ့ ငါဖြင့်အဲ့ Unnie ကို ဇက်ဖြုတ်ပစ်ပြီး နုတ်နုတ်တွေစဉ်းပစ်ချင်တာ

အိ Ara ဇက်ယားသွားသည် အမလေးလေး ငါသာ Kook ရဲ့Namchin (Fake) ဆိုတာ သိလို့ကတော့ ငါအပိုင်းပိုင်းပြတ်မလားပဲ ကျောချမ်းရင်း ရင်ပါအေးလာတော့ အကြံရသွားသည်

ကလေးတွေ ကလေးတွေ Unnie သတင်းတစ်ခုရထားတယ် သိလား

လက်ဝါးလေးအသာကာပြီး တိုးတိုးကြိတ်ကြိတ်ပြောလိုက်တော့ အားလုံးက စိတ်ဝင်စားဟန် ဖြစ်သွားသဖြင့် အားတက်သွားကာ

Unnie လေ Company Group Chat ကနေ ကြားထားတာ ရှိတယ် သိလား Kook ကလေ Star တစ်ယောက်နဲ့ secretly dating လုပ်နေကြတယ်တဲ့

ဘာ ဟုတ်လို့လား Unnie ဘယ်ကကြားတာလဲ

Unnie ရဲ့ ဦးလေးက ဒီမှာ အလုပ်လုပ်တာလေ သူ့ဆီကကြားတာ

ARMY တပ်ဖွဲ့ကြီးခမျာ ကျွတ်ကျွတ် ကျွတ်ကျွတ် ဖြစ်သွားပြီး
တစ်ယောက်က

ဟဲ့ Kook နဲ့ ခဏခဏသတင်းထွက်နေတဲ့ မိန်းမ Yoon Julie များလား

ဟာ အေး ဖြစ်နိုင်တယ် ဒီမိန်းမ ငါတို့ Kook ကို အတင်းလိုက်လိုက်ကပ်နေတာ

ဟုတ်ပ မုန်းလိုက်တာ

Ara ကတော့ တစ်ယောက်တစ်ပေါက်ပြောနေသော ARMY တွေ အလစ်မှာ နောက်ပေါက်ကို လှည့်ပြေးတော့သည်

ARMY တွေအကွယ်ရောက်တော့

ဟူး မောလိုက်တာ ငါ ဗရုတ်သုတ်ခတွေ ပြောခဲ့မိတာပဲ

ကိုယ့်ကိုကိုယ်သိသားပဲ ပြောပါဦး ငါနဲ့ date တာ ဘယ် Star လဲ

နံရံအကွယ်ကနေ အကုန်ကြားလိုက်ဟန်တူသော Kook ကို အားနာသွားသဖြင့်

မဟုတ်ပါဘူး သူတို့ကအတင်းဆွဲထားတာကြောင့်

Kook ကသူမကို ပြုံးပြလိုက်ရင်း

ကြည့်ရတာ မင်း အဲ့လောက်လည်း မပိန်းပါဘူး အရှုပ်တွေရှင်းနိုင်တယ် ဆိုပါတော့

Ara ကနှုတ်ခမ်းစူရင်း

အဲ့အရှုပ်တွေ ရှင့်ကြောင့်ရတာလေ

သွားစို့ မင်းကို Manager Noona ဆီ ခေါ်သွားပေးမယ်

Kook က နောက်တစ်ခါ ထပ်ပြုံးပြလိုက်ရင်း

Noona က သိပ်ချစ်သိပ် Ro ကျတဲ့ ငါတို့အတွဲရဲ့ အံ့ဖွယ် Fake ပုံပြင်ပြောပြလိမ့်မယ်

I Was ××× By My Idol ( MM Translation )Where stories live. Discover now