Ep 17 ငါ့ကောင်မလေး

795 56 5
                                    

ကျောင်းဝင်းအတွင်း မိန်းကလေးနှစ်ယောက် ပစ္စည်းတစ်ခုဆီနှင့် လမ်းလျှောက်နေကြသည် တစ်ယောက်က လိုရမယ်ရပစ္စည်းဘူးနှင့် Ara , တစ်ယောက်က ခရီးဆောင်အိတ်ကူဆွဲပေးတဲ့  Sunny

Sunny Minah ပြန်လာရင် ငါ့အစားရှင်းပြပေးနော်

အေးပါ စိတ်မပူပါနဲ့ ငါတို့ကို အိမ်အသစ် ဖိတ်ဖို့သာမမေ့နဲ့

ရှေ့ကသွားနေတဲ့ Ara က နောက်လှည့်ရယ်ပြလိုက်ကာ

အားလုံး အခြေအနေကျရင် ဖိတ်မယ် ဟုတ်ပြီလား

Ara!!!! နင်ထွက်လာသေးတယ်နော်

နောက်ကအော်သံကြောင့် လှည့်ကြည့်မိတော့ Min Yung

ဟဲ့ နင် Kook နဲ့ date နေတာဆို အဲ့ဒါတကယ်လား

သူမအော်သံကြောင့် ကျောင်းဝင်းအတွင်းမှ လူများ စုလာပြီး တဖြည်းဖြည်း လူများလာတော့သည်

ဟဲ့ အဲ့ဒါ Kook ကောင်မလေးတဲ့
Kook ကြိုက်ရအောင်ထိလည်း မလှပဲနဲ့
အေးနော် ရုပ်ဆိုးတာ အရပ်ကပုသေး

တစ်ယောက်တစ်ပေါက်ပြောပြီး ဓာတ်ပုံတွေ ဝိုင်းရိုက်ကြတော့တယ်

ဒီမှာရှင့် ဓာတ်ပုံမရိုက်ကြပါနဲ့ရှင်

ပြောလေကဲလေဖြစ်ကာ လူတွေကတဖြည်းဖြည်းတိုးလာတော့ သူမ သူငယ်ချင်း Sunny ကို တွန်းမိသွား၍ Sunny မှာ လဲကျမလိုဖြစ်သွားသည် ကံကောင်း၍ Ara က ထိန်းလိုက်နိုင်သော်လည်း ပြသနာတစ်ခု အစပျိုးသလို ဖြစ်သွားသည် Ara ဒေါသမှာ ငယ်ထိပ်ထိ ရောက်သွားပြီး Sunny ကို တွန်းတဲ့လူကို လှမ်းကြည့်ကာ

ဒီမှာ ဟေ့လူ လူတစ်ယောက်လုံးကို ရှင်မမြင်ဘူးလား ကျွန်မသူငယ်ချင်းကို ပြန်တောင်းပန်ပါ

ထိုလူက သေချင်းဆိုးရုပ်ဖြင့် သူမကိုပြန်စိုက်ကြည့်ကာ

ငါ့ကိုဘာလို့ဆရာလာလုပ်နေတာလဲ Kook ရဲ့ ရည်းစားဆိုတာနဲ့ မင်းကိုယ်မင်း Special ဖြစ်ပြီ ထင်နေလား

Ara မှာ ပြန်ပြောမယ်အပြု

သေချာတာပေါ့ ငါ့ကောင်မလေးက လုံးဝ Special ဖြစ်တာပေါ့

Ara မှာ Kook ကိုမြင်သည်နှင့် အားကိုးရာရသွားပြီဖြစ်သောကြောင့် ပျော်သွားသည်

Kook က ထိုလူကိုပြောအပြီး Ara ဘက်လှည့်ကာ

ပေး ငါ့ကို အဲ့သေတ္တာဘူး

ခင်ဗျား ပြောစရာကျန်သေးလို့လား

ထိုလူမှာ Kook ကို မြင်သည်နှင့် အသံကိုထွက်မလာတော့

ထို့နောက် Kook ကSunny ကို ပြုံးပြကာ

ကျွန်တော့ကောင်မလေးကို ကူညီပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ

ရပါတယ်ရှင်

Sunny မှာ ကြည်နူးလို့မဆုံးခင် တစ်ယောက်ယောက်က တစ်ခုခုနှင့် Ara ကို ပစ်လိုက်သည်ကို သတိထားမိကာ

Ara သတိထား

Sunny အော်သံကြောင့် Ara က မျက်စိစုံမှိတ်ထားစဉ် Kook က သူမကိုဆွဲယူကာ ရင်ခွင်ထဲ ဖွက်ထားလိုက်သည်

လူတွေအားလုံးခေတ္တမျှ ကြောင်သွားပြီး သတိပြန်ဝင်လာတော့ ခေါင်းပေါ်မှာ ကြက်ဥတွေနှင့် Kook ကိုတွေ့လိုက်ရသည်

Ara က အလန့်တကြားမော့ကြည့်ရင်း

Kook !!!!!!!!

××××      ××××      ××××        ××××        ××××        ××××

အိမ်မရောက်သေးဘူး Ro ကုန်ပါပြီနော်

I Was ××× By My Idol ( MM Translation )Where stories live. Discover now