Ep 41 ပြန်ပေးဆွဲခြင်း

605 59 0
                                    

Kook က Wook အထိတ်အလန့်ဖြစ်နေတာကြည့်ပြီး မတ်တပ်ရပ်လိုက်မိသွားသည်

မင်း အခြေအနေကို စိတ်အေးအေးထားပြီး ငါ့ကိုရှင်းပြ

Wook က စိုးရိမ်တကြီးဖြင့်

ငါက ဒီကျွန်းလုံခြုံရေးကို တာဝန်ယူထားတော့ မင်းတို့မလာခင် ငါက ကြိုရောက်နေတယ် ဒီလိုနဲ့ တစ်ညနေမှာ

*flashback*

Lee Wook တစ်ယောက် တစ်ကျွန်းလုံးပတ်စစ်ဆေးပြီး make up room ထဲဝင်စစ်ဆေးတော့ လိုက်ကာအကွယ်က ကုတင်ကို တွေ့တာနှင့် ဝင်အိပ်နေလိုက်တော့သည် ခဏအကြာ တံခါးဖွင့်သံကြားတာနှင့် ခေါင်းထောင်ကြည့်လိုက်တော့ လူနှစ်ယောက် ဝင်လာသည်ကို တွေ့လိုက်ရသည် ထိုလူနှစ်ယောက်မှာ Wook ရှိနေတာကို ရိပ်မိဟန်မတူ လိုက်ကာက အရိပ်တောင် မမြင်ရသော အစကြောင့် ဖြစ်ဟန်တူသည် ဝင်ဝင်လာချင်း တစ်ယောက်က

တောက် ငါအရင်ရောက်နေတာကို ငါရိုက်လို့မရဘူးလား ဘာ့ကြောင့် ဟိုကောင့်ကို စောင့်နေရဦးမှာလဲ

ထိုဒေါသတကြီးပြောနေတဲ့လူကို သူ့လက်အောင်ငယ်သားဖြစ်ဟန်တူသောလူက

ကျွန်တော် ဒါရိုက်တာကို ဖုန်းဆက်ကြည့်တယ် သူက အဲ့မင်းသားမလာမချင်း မရိုက်သေးဘူးတဲ့ ဒီ Show က သူက အဓိကတဲ့

ထိုလူစကားက ပထမလူရဲ့ဒေါသကို ပိုနှိုးဆွနေသလို

တောက် ...ကွာ ငါလည်း နာမည်ကြီးမင်းသားပါကွ တသက်လုံး ပထမနေရာမှာနေလာတာ ဒီကောင်ကြောင့် မလောက်လေးမလောက်စားက အဆိုတော်ဆိုရင် အဆိုတော်ပဲ လုပ်စားပါ့လား ဘာကိစ္စလိုင်းပူးချင်နေရတာလဲ ရုပ်ကလေးဗန်းပြပြီး လုပ်စားနေတဲ့ကောင်က တောက်

ပထမလူမှာ ပြောရင်း တစ်ခုခုကို အပြင်းအထန်စဉ်းစားဟန်ဖြင့် အခန်းတွင်းလမ်းကို အထပ်ထပ်အခါခါလျှောက်နေသည် ခဏကြာတော့

ဒီကောင် တလောက ရည်းစားရထားတယ်မလား

ဟုတ်တယ် အဲ့လိုသတင်းကြားတယ်

ပထမလူက ဒေါသသံကနေ ကျေနပ်သွားဟန်ပေါက်သွားကာ

ဟုတ်ပြီ အဲ့ကောင်မလေးအကြောင်းစုံစမ်းထား YawChin အတွက် မကျေပွဲကို Namchin ကို ဝင်နွဲခိုင်းရမှာပေါ့

ပြောပြီး ထိုလူတွေမှာ အခန်းတွင်းမှထွက်ခွာသွားတော့သည်
ထိုတော့မှ Wook လည်း ထထိုင်ကာ

ဘယ်လိုလူတွေလဲ

*Present*

အဲ့ဒါပဲ အဲ့တုန်းက သူကနာမည်တွေဘာတွေမပြောတော့ မင်းမှန်း မသိခဲ့ဘူး

Wook စကားဆုံးသည်နှင့် Kook က တောအုပ်ဘက် ပြေးထွက်သွားတော့သည်

________________________________________________

ခေါင်းတဆစ်ဆစ်ကိုက်မှုကြောင့် Ara နိုးလာကြောင့် သူမ ကုတင်တစ်လုံးပေါ် ရောက်နေတာ တွေ့လိုက်ရသည် ထို့အပြင် ပြတင်းပေါက်ကို ကျောပေးရပ်နေသူကြောင့်

Dong Joon shii

Dong Joon က လှည့်ကြညိ့ပြီး

ဩော် မင်းနိုးလာပြီလား

Ara က ချက်ချင်းထကာ တံခါးဘက်ပြေးသွားပြီး တံခါးဖွင့်ကြည့်လိုက်တော့ ပိတ်ထားသည်ကို တွေ့ရသည် ထို့နောက် အခြေအနေကို အနည်းငယ်သတိပြုမိကာ

Dong Joon ရှင်ကျွန်မကို ဘာလို့ဖမ်းထားတာလဲ ရှင်နဲ့ကျွန်မ ဒီလိုထွက်လာတာ ရိုက်ကွင်းကလူတွေ အကုန်သိတယ်

Dong Joon က မချေမငံပြုံးလိုက်ပြီး

အဲ့ဒီတော့ ? မင်းပါးစပ်ပိတ်ထားသ၍ ဘာမှဖြစ်လာမှာ မဟုတ်ဘူး

Ara က လက်ပိုက်လိုက်ပြီး

ရှင်  ရူးနေလား ရှင်ကျွန်မကို ပြန်ပေးဆွဲတာ Kook သိရင် Kook က ရှင့်ကို အလွတ်ပေးမယ် ထင်နေလား

Dong Joon က Ara ကို နံရံကပ်ပြီး Ara လက်နှစ်ဖက်ကို လက်တစ်ဖက်တည်းဖြင့်ချုပ်ကာ ကျန်လက်တစ်ဖက်ဖြင့် VDO Camera ကို Ara မျက်နှာအား ချိန်ထားလိုက်ရင်း

မင်းကို ဒီတိုင်းပြန်ပေးဆွဲရုံပဲ ထင်နေလား Jin Ara

××××    ××××    ××××    ××××    ××××     ××××     ××××

I Was ××× By My Idol ( MM Translation )Where stories live. Discover now