ကျလိ ကျလိ ကျလိ
ကျေးငှက်သံတွေကြားလိုက်ရ၍ Kook မျက်စိဖွင့်ကြည့်မိတော့ နေရောင်ကြောင့် မျက်စိစူးသွားတာနှင့် မနက်ရောက်ပြီဆိုတာ သိလိုက်ရသည် ပုခုံးပေါ်မှ လေးလေးပင်ပင်အရာတစ်ခုကြောင့် ငဲ့စောင်းကြည့်လိုက်တော့ သူ့ပုခုံးပေါ် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော Ara ကို တွေ့လိုက်ရသည်
Kook မှာ Ara ကို တွေ့သည်နှင့် ဘေးဘက်မျက်နှာလှည့်လိုက်သည်
ခဏအကြာ Ara နိုးလာကာ အကြောဆန့်ရင်း
ဝါး မနက်တောင်ရောက်ပြီ အချိန်ကုန်မြန်လိုက်တာ
ပြောပြီးတော့မှ အိပ်ချင်ယောင်ဆောင်နေသော Kook ကိုလှည့်ကြည့်ရင်း
*Kook က အိပ်နေလည်း ချစ်ဖို့ကောင်းတာပဲ ဒီလိုမနက်ပိုင်း Kook နဲ့တူတူအိပ်ယာထရတာ ၃ခါရှိပြီ အင်း ပထမတစ်ခါကတော့ တော်တော်လေးရှုပ်တယ် အဲ့ကိစ္စကြောင့်လည်း ခုလို Kook နဲ့တူတူရှိနေနိုင်တာ နေပါဦး အဲ့တုန်းကကိစ္စတွေအများကြီးဖြစ်ခဲ့တာကြောင့် ငါသေချာ မတွေးခဲ့ရဘူး အခုတွေးကြည့်တော့ အဲ့တုန်းက ငါဘယ်လိုလုပ် Kook အခန်းထဲရောက်နေခဲ့တာလဲ တစ်ယောက်ယောက်က လုပ်ကြံခဲ့တာဆိုရင် အဲ့လူက ငါ့ကိုအသုံးချပြီး Kook ကို ဘာလုပ်ချင်တာလဲ ဒါနဲ့ Kook ကရော ငါ့ကို ဘယ်လိုထင်တာလဲ
Kook က မျက်စိဖွင့်ကြည့်ရင်း အတွေးများစွာနဲ့ Ara ကိုမြင်တော့
ဘာဖြစ်တာလဲ
Kook ကျွန်မတို့စတွေ့တာကို မှတ်မိသေးလား
Kook က စဉ်းစားဟန်ပြု ပြီး
အင်း ဘာဖြစ်လို့လဲ
ကျွန်မ မေးချင်တာက ...
ဟာ ဟိုမှာ တွေ့ပြီ
Ara စကားမဆုံးခင် သူမတို့ကိုလိုက်ရှာနေဟန်တူသော Lee Wook နှင့် လူတစ်ချို့ကြောင့် စကားစပြတ်သွားသည်
Lee Wook က အာပြဲလျှာပြဲဖြင့်ငါတို့တစ်ညလုံးလိုက်ရှာနေတာ မင်းတို့က ဒီမှာဘာလုပ်နေကြတာလဲ
Kook က Lee Wook ကို ဥပေက္ခာပြုလိုက်ပြီး Ara ကို
မင်း ဘာမေးချင်တာလဲ
Ara က ခေါင်းခါပြလိုက်ပြီး
ဘာမှမဟုတ်တော့ပါဘူး နောက်တစ်ခါမှမေးတော့မယ်
Kook က Lee Wook တို့ဘက်လှည့်ကာ
Hong Dong Joon ကို သစ်လုံးအိမ်ထဲမှာ ကြိုးတုပ်ထားခဲ့တယ်
Lee Wook က
ဒါ ငါတို့အမှားပါ လုံခြုံရေးပေါ့ဆခဲ့တာကြောင့်
ရိုက်ကူးရေးကိုနားလိုက်မှာမို့ ကျွန်းကနေပြန်လို့ရပါပြီ ပြီးတော့ လူစားလဲလိုက်တော့မယ်×××× ×××× ×××× ×××× ×××× ×××× ××××
YOU ARE READING
I Was ××× By My Idol ( MM Translation )
Romance#romance #bts #translation #manga #comedy #drama