အား ငါတစ်ယောက်တည်းကျ ပျင်းလိုက်တာ သူတို့ဘာတွေ အကြာကြီး ပြောနေပါလိမ့်
Ara တစ်ယောက်တည်း သင်္ဘောကုန်းဘတ်မှာ ရေရွတ်နေရင်း နောက်က လူရိပ်တွေ့လိုက်ရတော့
Kook ရှင်ဘာလို့ကြာ
Ara က Kook လို့ထင်ထားသော်လည်း တကယ်တမ်းရောက်လာသူမှာ Manager So Hye ဖြစ်နေသည်
အ Unnie
Unnie က စိတ်မပါသောအပြုံးဖြင့် ပြုံးပြလိုက်ပြီး သူမနားဝင်ရပ်လိုက်သည် ခဏနေတော့
Ara shii တကယ့်ရည်းစားတွေဆိုရင်တောင် လူမြင်ကွင်းမှာ ရင်းရင်းနှီးနှီး မနေသင့်ဘူးမလား
ရှင်
Unnie က serious ဖြစ်နေတဲ့ရုပ်ကို ထိန်းရယ်ပြပြီး
ဘာမှမဟုတ်ဘူး ငါတို့ရောက်တော့မယ် ခရီးမှာပျော်ရွှင်ပါစေနော်
သိပ်မကြာခင်မှာပဲ သဘောင်္ကမ်းဆိုက်ပြီး setting နေရာသို့ ထွက်ခွာကြတော့သည် Ara မှာ အတွေးများစွာဖြင့်
Kook က ဘာတွေပြောလိုက်တာလဲ မသိဘူး Unnie က ငါ့ကို မကြည်သလိုပဲ
အတွေးပေါင်းများစွာဖြင့် ယောက်ယက်ခတ်နေသော Ara ကို တစ်ယောက်ယောက်က နှုတ်ဆက်လိုက်သောကြောင့် မော့ကြည့်တော့ Zhao Yilin ဖြစ်နေသည်
Ara shii ငါတို့ပြန်တွေ့ပြန်ပြီနော်
Yilin ကို မြင်သည်နှင့် Ara ခေါင်းမှ အချက်ပေးသံမြည်လာပြီး ချက်ချင်း Kook လက်မောင်းကို ပြေးတွဲကာ
အ Yilin ဟုတ်ပါရဲ့ ရောက်နေတာကြာပြီလား
အင်း မကြာသေးပါဘူး
Yilin ရဲ့ partner ရော
သူမရောက်သေးဘူး သူနောက်ကျမယ်တဲ့ ပြောရမှာတော့ အားနာပါတယ် ရွက်ဖျင်တဲလေး ကူလုပ်ပေးကြပါလား
Ara ကတော့ စိတ်ထဲမှာ
ငါ့ပါးစပ် ငါ့ပါးစပ် လျှာရှည်ပြီးသွားမေးတာ
ဟဟ ဘာဖြစ်လဲ Kook က သေချာပေါက်ငြင်းမှာပဲ
ဒါပေမယ့်Kook က Ara ကို လှည့်ကြည့်ရာ Ara က Kook လက်ကိုသာသာလေး ဆွဲလိုက်တွန်းလိုက် လုပ်ရင်း
ဒီလိုဆိုတော့ ကျွန်မတို့ Yilin ကိုအရင်ကူပေးရအောင်နော်
*ဟီးဟီး သူသေချာပေါက်ငြင်းမှာ
အိုခေလေ
ဟင်
Kook က အိုခေလိုက်သဖြင့် Ara တစ်ယောက် ခေါင်းမိုးကြိုးပစ်သွားသည်
သွားစို့ ငါတို့ကူပေးမယ်
Kook နှင့် Yilin မှာ ရှေ့မှထွက်သွားသဖြင့် သူမလည်း ခရီးဆောင်အိတ်ဆွဲကာ လိုက်ရတော့သည် အတွေးထဲတွင် မနေ့က Chim သတိပေးလိုက်သည်ကို ကြားယောင်ရင်း
Chim : Ra မနက်ဖြန် သွားရင် Kook ကို ဂရုစိုက်လိုက်နော် သူက Yilin နဲ့ဆိုရင် လူအဖြစ်လို့
Ara : ဟုတ်ပြီ ကျွန်မတာဝန်ထား သူ့နားဘယ်မိန်းမမှ မကပ်စေရဘူး
အတွေးလွန်ရင်း တစ်နေရာအရောက် လမ်းတွေကမညီသဖြင့် Ara လဲကျသွားတော့ Yilin က ပြေးလာပြီး
Ara shii အဆင်ပြေရဲ့လား
Ara က ဟန်ဆောင်ရယ်ရင်း
ရပါတယ်
Yilin က လက်ကိုင်ပုဝါထုတ်ကာ Ara ရဲ့ ရွံ့ပေနေတဲ့ မျက်နှာကို ခပ်ဖွဖွသုတ်ပေးလိုက်ပြီး
Ara ကလေ ကလေးလေးလိုပဲ
Yilin က နောက်မှ Kook ကို လှည့်ကြည့်ပြီး
Kookie ကြည့်စမ်းပါဦး သူလူရွှင်တော်နဲ့ မတူဘူးလား
Ara က ဟန်ဆောင်ရယ်လိုက်ပြီး
ဟားဟား လူရွှင်တော်တွေက ချစ်စရာကောင်းပြီး လူတွေကို ပျော်အောင် လုပ်ပေးနိုင်တယ် မဟုတ်ဘူးလား Kook
YOU ARE READING
I Was ××× By My Idol ( MM Translation )
Romansa#romance #bts #translation #manga #comedy #drama