ဘယ်လိုလဲ မာနကြီးနေဦးမှာလား
Kook က မထီမဲ့မြင်လုပ်နေတဲ့ Dong Joon ကို လှစ်လျုရှုပြီး
ငါ့ကို Camera ပေး
Dong Joon က Camera ကို အောက်ချလိုက်ပြီး
လိုချင်တာလား ဒူးထောက်ပြီးလာယူ
Kook က လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး
မင်း ကတိတည်ပါစေ
Dong Joon က ဟားတိုက်ရယ်ကာ
ဟား ဟား ဟား Jeon Jung Kook Jeon Jung Kook ငါမင်းကို ဒီလောက် အချစ်ရူးလိမ့်မယ်လို့ မထင်ထားဘူး အေးပါ မင်းသာ ဒူးထောက်ရင် ဒီမင်းကောင်မလေးရဲ့ VDO မဖြန့်ဘူး
Ara မှာ ရှိသမျှအားနဲ့ထကာ Kook ကို လှမ်းဆွဲလိုက်ရင်း
Kook မလုပ်နဲ့ ကျွန်မ ...
Kook က Ara လက်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီး ပြုံးကာ
ငါဒီမှာရှိတာမို့ ဘာမှစိတ်ပူစရာမလိုဘူး
ပြောပြီး Kook က Ara နားမှခွာကာ Dong Joon ရှေ့ ဒူးတစ်ဖက်ချလိုက်တော့ Dong Joon
ဟား ဟား Jung Kook က ငါ့ခြေရင်းမှာ ...
Dong Joon စကားမဆုံးခင် ဒူးထောက်ဟန်ပြတဲ့ Kook က အလစ်ဝင်ထိုးလိုက်ပြီး ချုပ်ထားကာ
Ara Camera ယူလိုက်
Ara မှာ ပြေးယူလိုက်စဉ် Kook နှင့် Dong Joon မှာ လုံးထွေးလျက် ကြမ်းပြင်ပေါ် လဲကျသွားတော့သည် Dong Joon ကံကောင်းသည်လား မပြောတတ် သူကျသွားသော နေရာမှာ တုတ်နှင့်နီး၍ လက်ဆွဲမည်အပြု Ara ကို ထိုလက်ကို တက်နင်းကာ
သေချင်းဆိုး သွားသေလိုက်တော့
အား !!!!
Dong Joon အော်သံနက်ကြီးကြားမှ Ara က အပြစ်ကင်းတဲ့ရုပ်ဖြင့်
Sorry မတော်လို့နော်
ထို့နောက် Dong Joon ကို ကြိုးအထပ်ထပ်ချည်ကာ Kook က
သွားစို့ ဒီအရှုပ်ထုတ်တွေ သူများတွေရှင်းလိမ့်မယ်
Kook က Ara ကိုလှည့်ကြည့်လိုက်တော့ Ara က မျက်နှာကိုကာကာ
Kook သူလိမ်တာ သူကျွန်မကို ဘာမှမမြင် ...
Ara စကားမဆုံးခင် Kook က Ara ကို အင်္ကျီခြုံပေးပြီး
ငါသိတယ် ဘယ်လိုပဲဖြစ်ဖြစ် မင်းက ငါ့ကောင်မလေးပဲ
Ara မှာ Kook စကားကြောင့် အတန်ကြာ ဆွံ့အသွားပြီး
ဝါး !!!!!! (*** ငိုတာပါနော်)
YOU ARE READING
I Was ××× By My Idol ( MM Translation )
Romance#romance #bts #translation #manga #comedy #drama