ဝါး
မနက်ခင်းအိပ်ယာထရတဲ့ feeling ဘယ်လောက်ဆိုးလဲဆိုတာ အိပ်ပုတ်လေးတွေသိမှာပါ ကျောကကော်နဲ့ကပ်ထားသလို ထလို့မရ
Ara က မထချင်ထချင် အိပ်ချင်မူးတူးမျက်စိမဖွင့်ဘဲ ထလာခဲ့လိုက်သည် bathroom ရောက်တဲ့အထိ မျက်စိမပွင့်သေး bathroom ရောက်တော့ အထဲမှ Lock ချထားသောကြောင့် Ara အတွင်းမှကြားရန် အသံကျယ်ကျယ်လှမ်းအော်လိုက်သည်Sunny နင် အိပ်သာတက်ရင်း Phone သုံးနေတာမလား နင်အကြာကြီး ထိုင်နေရင် လိပ်ခေါင်းထွက်လိမ့် ....
စကားမဆုံးခင် တံခါးဖွင့်ထွက်လာသော Kook ကိုမြင်မှ Ara မျက်လုံးပြူးးကာအသိဝင်သွားသည် Kook က တဘက်ကို သူမခေါင်းပေါ်တင်ပေးကာ
ကိုယ့်ကိုကိုယ်လည်း သေချာကြည့်ဦး မင်းရဲ့ ပန်းရောင် underwear ...
Kook က စကားရပ်ပြီး Ara ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို အကြည့်ပို့သောကြောင့် သူမလိုက်ငုံ့ကြည့်မိတော့ သူမရဲ့ ညဝတ်ဂါဝန်မှာ သူမရဲ့ ချစ်စရာကာတွန်းအတွင်းခံနှင့်လိပ်ကာ တခြမ်းမျှ မြင်သာနေသည်ကို တွေ့လိုက်ရသည် ထိုတော့မှ Ara လည်း အိပ်ချင်စိတ်တွေဘာတွေ အကုန်ပျောက်ကာ
Ahhhh နှာဘူး !!!!!
အော်၍ ပြေးလေတော့သည်
_________________________________________________
ဟုတ်ကဲ့ ကျွန်မကတော့ Jin Ara ပါ ကောလိပ်မှာ Senior တန်း တက်နေပါတယ် မနက်က ကျွန်မဘဝရဲ့ အရေးကြီးဆုံးအချက်ကို ခဏမေ့သွားတယ်
ဘယ်သူမှ interview နေခြင်းမဟုတ် Ara တစ်ယောက် မှန်ရှေ့တွင် ဘီးကို Mic လုပ်ရင်း အရူးထနေခြင်း ဖြစ်သည် တည်တည်ကြည်ကြည့် ပြောနေရင်းမှချက်ချင်း ပျားရည်လောင်းခံရတဲ့ ချိုအီအီမျက်နှာပြောင်းကာ
ဒီနေ့ကစပြီး ကျွန်မ Idol နဲ့တူတူနေရပြီလေ ပျော်လွန်းလို့ ရူးသွားမလားပဲ ခစ်ခစ်ခစ်
လက်ဝါးအုပ်ကာ တခစ်ခစ်ရယ်နေရင်း လက်ဝါးပြန်ဖယ်လိုက်တော့ ပျားရည်ရုပ်မှ ချက်ချင်း သံပုရာသီးငုံထားသလို ရွပ်တွတွရုပ်ဖြစ်သွားပြီး
အဲ့လိုပြောမယ်များ ထင်နေလား
အဲ့ဒီလူ အဲ့ဒီလူ
တကယ်ကြောက်ဖို့ကောင်းတဲ့ အရူးကောင်ပဲ
YOU ARE READING
I Was ××× By My Idol ( MM Translation )
Romance#romance #bts #translation #manga #comedy #drama