သက်ပြင်းတစ်ချက်ချ စိတ်တင်းလိုက်ပြီး
Mianhae Manager Unnie ညီမ လက်မခံနိုင်ပါဘူး
Kook နဲ့ date ဖို့ အများကြီးစိတ်ကူးယဉ်ခဲ့ဖူးပေမယ့် ဒီလိုမျိုးတော့ မဟုတ်ဘူးလေ
Kook မှာ မိုးကြိုးပစ်သံနှင့်အတူ လျှပ်စီးလိုအလျင်ဖြင့် ကုတင်ပေါ်ထိုင်နေသော Ara ပုခုံးကို အားဖြင့် ကိုင်ကာ
ဘာ !!! မင်းငါ့အခန်းထဲ ခိုးဝင်ဖို့ကျ သတ္တိရှိပြီး မင်းလုပ်ရပ်ကို တာဝန်ယူဖို့တော့ သတ္တိမရှိဘူးပေါ့ ဟုတ်လား
Kook ရှင်သိမှာပါ ဒီလိုကိစ္စတွေကို အတင်းလုပ်ယူလို့ မရဘူးဆိုတာ
Manager Unnie မှာ စိတ်ပျက်လက်ပျက် အခန်းအပြင်ထွက်သွားတော့သည်
သူမ စကားအဆုံးမှာ Kook ရဲ့ ဒေါသ တလဟောသွန်ကျလာပါပြီ
ဒီမိန်းမ ဘာလဲမင်းက ငါမူးနေတာကိုအခွင့်အရေးယူပြီး အခုလိုဖြစ်အောင်လုပ်တယ် ပြီးတော့ ဘာလဲ အတင်းလုပ်ယူမရဘူး ဟုတ်လား ငါက ဖြစ်သမျှ ခါးစည်းခံပြီး ဒီလောကက ပျောက်ကွယ်သွားတော့ပေါ့ ဟုတ်လား
Kook ဒေါသမှာ Ara လည်ပင်းမှအင်္ကျီစကို ဆွဲမိသည်အထိ ပြင်းထန်လာပြီး
မင်းက ဘာလဲ နှာပူးမလား
Ara ဘာမှပြန်မပြောနိုင်ခင်မှာပဲ သူမ နှုတ်ခမ်းကို Kook က သိမ်းပိုက်လိုက်ပြန်သည်
သူမ ရင်ခုန်မိပေမယ့် သူမလိုချင်တဲ့ အနမ်းမျိုးမှ မဟုတ်တာ
*ဖျတ်*
ဘေးနားမှာ Camera သံကြောင့် Ara လှည့်ကြည့်မိတော့
ရှင် ဘာလုပ်တာလဲ
အနိုင်ရသူအပြုံးနှင့် Kook မှာ
ပြောပါဦး ငါဒီပုံကို Instagram မှာတင်လိုက်ရင် မင်းငြင်းနိုင်ဦးမလားဆိုတာ ဟင် ငါ့ရဲ့ကောင်မလေး
သူလုပ်တာ ကလေးဆန်နေပေမယ့် Ara နှလုံးခုန်မြန်နေပါသည် သေချာတာပေါ့ MV တွေမှာ မြင်ရင် Concert တွေမှာ အဝေးက မြင်ရင်တောင် သူမကို ရင်တလှပ်လှပ်ခုန်အောင် လုပ်နိုင်စွမ်းရှိသူ မလား
Kook က သူမတသက်လုံးသဘောကျခဲ့သော အပြုံးနှင့် ခုနရိုက်လိုက်သောSelca ကိုပြတော့ နှလုံးခုန်ပါ ရပ်ချင်သွားသည်
သို့သော် Ara အတွေးထဲတွင်
*ဟဲ့ အဲ့ဒါ ငါတို့ Kookie ကိုအတင်းဖက်နမ်းတဲ့ကောင်မလေ လာ လာ တစ်စဆီ ဆွဲဖြဲပစ်ရအောင် Kookie ထိ ဓားကြည့်ဟဲ့ *
သူမကို အရေခွံချွတ်နေသော မယ်မယ်ကဲကဲ ARMYs များ
အတွေးနဲ့တင် ကျောချမ်းသွားသည် (*** Real life မှာ မဖြစ်လာနိုင်ပေမယ့် ဖြစ်လာခဲ့ရင် တကယ်သတ်မှာပါ )Kook က တကမ္ဘာလုံးအလင်းပေးမယ့်အပြုံးနှင့်
အရှုံးပေးလိုက်တော့ ဒါမှမဟုတ် မင်းရွေးချယ် Agency ကနေ ငါ့ကောင်မလေး လို့ကြေညာတာ လက်ခံမလား ငါ့ Instagram ကနေ ငါ့ကို အတင်းလိုက်ကပ်နေတဲ့ နှာဘူးမပါလို့ တင်စေချင်လား အဟင်း
Ara ရွေးချယ်စရာမရှိတော့ နဂိုကတည်းကမှ Kpopper တွေဆိုရင် နှာပူးမတွေထင်နေသော ငပိန်းတွေ ရှိနေတော့လည်း ဖြစ်သမျှခေါင်းခံပြီး တစ်ခါလောက် မိုက်ရူးရဲဆန်ကြည့်ရတာပေါ့
အေးအေးဆေးဆေး Neck Tie ချည်နေသော Kook ကို တစ်ချက် မော့ကြည့်ပြီး အခန်းအတွင်း ပြန်ဝင်လာသော Manager Unnie ကို ကြည့်ကာ
ညီမ ... မနေ့ကမှ... ရည်းစားနဲ့ ... ပြတ်သွားတာပါ
Manager Unnie မှာ မျက်လုံးအရောင်လက်သွားပြီး
ဒါဆို ညီမ....
Kook ကတော့ Ara ကို ကျောပေးပြီး Neck Tie ချည်နေရာမှာ Neck Tie ကို လွှင့်ပစ်လိုက်ပြီး သူမဘက်လှည့်ကာ
ငါမင်းကို မနက်ဖြန်တစ်ရက်အချိန်ပေးမယ် မနက်ဖြန်ရဲ့ နောက်ရက်ကစပြီး မင်းရည်းစားဟောင်းအကြောင်း တစ်လုံးမှ မကြားချင်ဘူး
(*** I died , I died )
Now Author's condition
YOU ARE READING
I Was ××× By My Idol ( MM Translation )
Romance#romance #bts #translation #manga #comedy #drama