Chim က အိမ်နှင့်သိပ်မဝေးတော့သောကြောင့် တဖြည်းဖြည်းချင်း လမ်းလျှောက်ပြန်လာခဲ့သည် လမ်းတွင် ပိုစတာ တစ်ခု တိတိကျကျပြောရရင် Dance Club တစ်ခုကို ကြော်ငြာထားတဲ့ ပိုစတာရှေ့မှ Chim က ခဏမျှ ရပ်ကြည့်၍
Park Jimin မင်းအခုထိအိပ်မက်မက်နေတုန်းလား
ခဏအကြာ အိမ်ပြန်ရောက်လာတော့ ညနေကဖြူဖတ်ဖြူရော်ဖြစ်နေသာ Kook မျက်နှာကို သတိရကာ Kook အခန်းကို သွားခေါက်လိုက်သည်
Kook မင်းအိပ်နေပြီလား
ပြန်ဖြေသံမကြားရ၍ တံခါးကိုအသာဖွင့်ကာကြည့်လိုက်တော့
သူတို့
Chim က ဘာမှတ်ချက်မှမပြုပဲ လှည့်အထွက် အောက်မှတစ်စုံတစ်ရာကို တက်နင်းမိ၍ ကောက်ကြည့်လိုက်တော့ File တစ်ခု
File ရဲ့ cover မှာရေးထားတာက" We're together Show " By xxx Entertainment (*** We got married လို အစီအစဉ်မျိုးပါ မတူတာက တစ်တွဲတည်းမဟုတ်ပဲ လေးတွဲ ငါးတွဲလောက်က အတူတူ နေရာတစ်ခုမှာ Honey Moon ထွက်လာသလို ရိုက်ကူးရေးလုပ်ရမှာပါ)
Chim က ပထမစာမျက်နှာလှန်ကြည့်လိုက်တော့ note paper လေးပေါ်မှာ Manager Noona လက်ရေးဖြင့်
Kookie မင်းကို xxx Entertainment ကနေ ဒီ Variety Show ရိုက်ဖို့ ကမ်းလှမ်းထားတယ် Zhao Yilin လည်း ဒီ Show မှာ ပါမယ်တဲ့ စဉ်းစားပေါ့ မင်း အိုခေရင် ငါတို့လက်ခံလိုက်မယ် စဉ်းစားပြီး အမြန်ဆုံးအကြောင်းပြန်နော်
Chim က Note ကို သေချာဖတ်ကြည့်ရင်း
Ah ! Zhao Yilin လား
မည်သို့သောအပြုံးမှန်းဝေခွဲမရသော အပြုံးဖြင့်ပြုံးရင်း Chim က အိပ်နေသူနှစ်ယောက်ကို စိုက်ကြည့်ကာ ထွက်သွားတော့သည်
_________________________________________________
နေ့တစ်နေ့ကို အစပြုကြောင်း နေမင်းကြီးက သတိပေးလာသည် မြန်မာနိုင်ငံမှာဆိုလျှင် ဟောဒီက ပဲပြုတ် ဆိုပြီးကြားရမှာပေမယ့် တရုတ်မှာ ဘယ်လိုကြားရမည်ဆိုတာ တရုတ်ပြည် မရောက်ဖူး၍ မသိပါ
ပြတင်းပေါက်မှအလင်းရောင်ကြောင့် Kook မှာ နိုးလားပြီးအား ငါ့ခေါင်း
လက်ကခေါင်းကို အသာနှိပ်လိုက်တော့ အနည်းငယ်အိပ်ချင်စိတ်ပြေသွားပြီး ကျန်လက်မှဖက်ထားသောအရာကို သတိပြုမိသွားသည်
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော Ara ကိုမြင်လိုက်ရသောကြောင့် ချက်ချင်းထထိုင်လိုက်ပြီး အိပ်နေသော Ara ကို ခြေထောက်နှင့်ကန်လိုက်၍ Ara မှာ စောင်နှင့်လိပ်ကာ ကုတင်အောက်သို့ လိမ့်ကျသွားတော့သည်
အား
ဒီတော့မှ Ara လည်းနိုးလာကာ
ရှင် ဘာလုပ်တာလဲ
Kook ကလည်း နီရဲနေသော မျက်နှာဖြင့်
မင်းက ငါ့အိပ်ယာထဲဘယ်လိုရောက်နေတာလဲ
ဩော် အဲ့ဒါကြောင့် ကျွန်မကိုကန်ချတယ်ပေါ့လေ မနေ့ညက ဖျားလို့ ကျွန်မလက်ဆွဲပြီး မသွားဖို့ပြောတာ ဘယ်သူလဲ
Kook က ရှက်ရှက်နှင့်
ငါမဟုတ်ဘူး !!!!
ပြန်အော်လိုက်တော့ အပြင်ဘက်မှ Chim က
Kook မင်းနိုးပြီလား Company ကိုမင်းကို Variety Show တစ်ခုမှာ စာရင်းသွင်းထားတယ် File က စားပွဲပေါ်မှာ ကြည့်ကြည့်လိုက်ဦး ဩော် ဒါနဲ့ အဲ့ Show မှာ Zhao Yilin လည်း ပါလိမ့်မယ်
Ara က Kook မျက်နှာကိုလှမ်းကြည့်ကာ
Zhao Yilin ???
ရှင်နဲ့ သတင်းထွက်ဖူးတဲ့တစ်ယောက်လား ???
YOU ARE READING
I Was ××× By My Idol ( MM Translation )
Romance#romance #bts #translation #manga #comedy #drama