နောက်ဘက်မှ ရေသံ တဗြန်းဗြန်းကြားတော့ Ara တစ်ယောက် Living room က Sofa မှာ ထိုင်နေရင်း ကျက်သီးတဖြန်းဖြန်းထနေသည် Ara က ပေါက်ကရတွေးကာ ခရမ်းချဉ်သီးမျက်နှာ ဖြစ်နေပြီး ပေါက်ကရအတွေးပေါင်းစုံ တွေးနေတော့သည်
ငါက Kook အိမ်မှာ ပြီးတော့Kook က ငါ့နောက်မှာ ရေချိုးနေတာ အမလေး !!!!
ရေသံတွေရပ်သွားပြီး ခဏအကြာ Kook က ဆံပင်ရေစိုပေါ် တဘက်အုပ်ပြီး ထွက်လာသည်
ရေချိုးခန်းအပေါက်ကနေ Ara ကို လှမ်းကြည့်ရင်း
ငါတံခါး Lock ချထားတာ ပေါက်ကရလုပ်ဖို့ မကြိုးစားနဲ့
စွာစိမ Ara ကတော့ Idol ပြောသမျှငြိမ်ခံနိုင်မယ့်သူ မဟုတ်တော့
အမယ် ဘာတွေလာပြောနေတာလဲ ဘယ်သူက ပေါက်ကရ တွေးလို့လဲ ဟွန်း
နှုတ်ခမ်းစူကာ လှည့်သွားတော့ Kook က ရယ်ကာ
Noona ပြန်သွားပြီလား
ပြောရင်းဆိုရင်း Sofa ပေါ်ဝင်ထိုင်လိုက်တော့ Ara က ဘေးကိုအသာကပ်ကာ
အင်း သူ Company ပြန်ပြီးလုပ်စရာရှိတယ်ဆိုပြီး ပြန်သွားတာ
စကားပြန်မရတော့ Ara က ရှက်ရှက်နှင့် Kook ဘက်ကိုလှည့်ကြည့်လိုက်ရာ ရေသောက်နေသော Kook ကိုတွေ့ရသည်
Ara တစ်ယောက် အတွေးများနှင့် နဘန်းလုံးရပြန်သည်Angle Ara : စိတ်ထိန်း Ara သူက နင်ထင်သလို မင်းသားလေးမဟုတ်တာ နင်သိပြီသားကို
Ara : အဲ့ဒါကို သိပေမယ့် ငါသူ့ကိုမကြွေပဲမနေနိုင်ဘူး ဘယ်လိုလုပ်ရမလဲ
Devil Ara : ဒါပေမယ့် သူရေသောက်တာတောင် Sexy ကျတယ်
Ara : အေးဆို သူက အသေအသေချောတာခေါင်းခါလိုက်ခေါင်းညိမ့်လိုက်လုပ်နေသော Ara ခေါင်းပေါ်ကို Kook က တဘက်ပစ်တင်ပေးလိုက်ရင်း
ငါ့ကို ခေါင်းသုတ်ပေး
Ara က နှုတ်ခမ်းစူကာ မကြားတကြားဖြင့်
Dryer နဲ့ အခြောက်ခံလည်း ရတာကို
Kook ကကြားသွားဟန်ဖြင့် Ara ကို စူးစိုက်ကြည့်လိုက်သည်
သုတ်ပေးမယ် သုတ်ပေးမယ်
ဒီတော့မှ Kook ကပြုံးသွားပြီး သူမကိုကျောပေးလိုက်သည် Ara က ဒူးတုပ်ထိုင်ကာ Kook ဆံပင်ကို ခပ်ဖွဖွလေး သုတ်နေလိုက်သည်
Idol ရဲ့ ဆံပင်ကို သုတ်ပေးခွင့်ရရင် ဘယ် Fan က ရင်မခုန်မှာလဲပြော
သူ့ဆံပင်က အရောင်ခဏခဏပြောင်းနေတာတောင် နူးညံ့နေတာပဲ
Ara က သူတို့ရှေ့တည့်တည့် မှန်မှ မျက်လုံးမှိတ်ကာ ခေါင်းသုတ်ခံနေသော Kook ကို လှမ်းကြည့်ရင်း
Kook က ကြောင်လေးလိုပဲ အရမ်းချစ်ဖို့ကောင်းတယ်
ခဏအကြာ Kook က တစ်ခုခုသတိရဟန်ဖြင့် မျက်စိဖွင့်လာပြီး
Ahh ငါမေ့နေတာ ငါ အတူနေစဉ်လိုက်နာရမည့်အချက်များ ရေးထားတယ် မင်း လက်မှတ်ထိုးဖို့လိုတယ်
ဟင် အတူနေစဉ်လိုက်နာရမည့် အချက်များ ???
×××× ×××× ×××× ×××× ××××
YOU ARE READING
I Was ××× By My Idol ( MM Translation )
Romance#romance #bts #translation #manga #comedy #drama