Ep 10 စိတ်ဝင်စားစရာပဲ

961 60 2
                                    

မင်းတို့နှစ်ယောက် ဘာလုပ်နေကြတာလဲ

Chim ကတော့ ပျော်သွားဟန်ဖြင့် Kook နားလျှောက်သွားကာ

Ah Kookie ငါမင်းကို နေရာအနှံ့လိုက်ရှာနေတာ

မယ် Ara တစ်ယောက်ကတော့ Kook ကိုမြင်တာနဲ့ ကမ္ဘာပျက်နေပြီ ဒူးတွေတောင်တုန်ချင်လာ၍ ခပ်ဝေးဝေးတစ်နေရာကို အကြည့်လွှဲထားလိုက်သည် Kook ကတော့ Chim ကို ပုခုံးမှ ကျော်ကြည့်ကာ Ara ဆီ လျှောက်သွားလိုက်သည်

ဒီမှာ မင်း ငါ့ကိုလှည့်စားခဲ့သလို Chim ကို လာမလုပ်နဲ့ မဟုတ်ရင် မင်းဆီက တန်ရာတန်ကြေး ငါပြန်ယူရလိမ့်မယ်

တည်ငြိမ်လှသော Kook မှာ အေးစက်သောစကားများ တိုးတိုးကြိတ်ကြိတ်ပြောပြီး လှည့်အထွက်

Ara ဘယ်လောက်ပဲ နင့် IDOL ဖြစ်ဖြစ် နင့်ကိုစော်ကားနေတာကိုတော့ ငြိမ်ခံမနေသင့်ဘူး

ဟေး ဒီမှာ ရှင် တစ်ချိန်လုံးလူတိုင်းကိုဒီလို ထင်ရာလျှောက်ပြောမနေနဲ့

Kook က မဲ့ပြုံးတစ်ချက်ပြုံးလိုက်ရင်း

ဒါဆို မင်းပြောသမျှငါက ယုံရမယ်ပေါ့ ဟုတ်လား ငါ့ရဲ့ NamChin

ဘေးက Chim မှာ မျက်လုံးပြူးးလိုက် အံ့ဩသွားလိုက်နှင့် နှစ်ယောက်ကိုတစ်ယောက်တစ်လှည့်ကြည့်ရင်း နားမလည်နိုင်စွာ ခေါင်းထဲတွင် မေးခွန်းများပြည့်နှက်နေတော့သည်

Ara ကတော့ ဝမ်းနည်းစွာဖြင့် ခေါင်းငိုက်စိုက်ချရင်း

ကျွန်မ Kook ကို မနေ့ညကကိစ္စကို ပြောပြပြီးပါပြီ တစ်ခုခုအထင်လွဲနေတာ အထင်လွဲနေတာလို့ ကျွန်မ...

တော်တော့ မင်းရဲ့ Personal ကိစ္စတွေရှင်းလင်းဖို့ ဒီတစ်ညအချိန်ရသေးတယ် မနက်ဖြန် Company မှာတွေ့မယ်

Kook က Ara ကို လှည့်မကြည့်ပဲပြောရင်း Chim ကို တစ်ချက်ကြည့်ကာ

သွားရအောင်

အခုချိန် သူမ ဘာမှမတတ်နိုင်တော့ပါ

Chim မှာ Kook နဲ့အတူ (တည်တည်ကြည်ကြည်) လျှောက်လာပြီး သိချင်စိတ်တွေ ပြင်းပြ၍ Kook ကို ခဏခဏလှည့်ကြည့်မိတော့
Kook က

ကဲ မင်းမေးချင်တာ မေးလို့ရပြီ

ခွင့်ပြုချက်ရသွားမှ Chim က Kook ပုခုံးကိုဖက်ကာ

မင်း အဲ့ကောင်မလေးနဲ့ ဘာတွေဖြစ်ကြတာလဲ

Kook က သက်ပြင်းချလိုက်ရင်း

ပြောရမှာ အရှည်ကြီးပဲ အတိုချုပ်ပြောရရင် သူက ငါ့ရဲ့ တကယ့် NamChin မဟုတ်ဘူး

Chim က Kook ရဲ့ ဖြေရှင်းချက်ကို အထင်လွဲပြီး မျက်လုံးပြူးးသွားကာ

Kookie ဒါဆို မင်းသူ့ကို တစ်ခုခုလုပ်မိ....

Kook မှာ နားရွက်တွေနီသည်အထိ ရှက်သွားပြီး

မင်း လျှောက်တွေးမနေနဲ့

ဟားဟား ဒါနဲ့ သူ့နာမည်က ဘာတဲ့လဲ

Jin Ara တဲ့

Jin Ara Jin Ara Jin Ara

Chim မှာ ရေရွတ်ရင်း ပြုံးနေမိတော့သည်

(***ဒီမှာ Kook က Chim ထက် မငယ်ပါဘူးနော် ရွယ်တူပါ )

I Was ××× By My Idol ( MM Translation )Where stories live. Discover now