Ep 36 ရည်းစားဟောင်း

639 72 2
                                    

Kook က သူမကို ဘာမှမပြောပဲကြည့်နေရင်း

အရင်သွားဆေးကြောလိုက်ဦး ပြီးမှ လိုက်ခဲ့

Ara မှာ အသည်းမာတဲ့ Kook ကို မယုံသလိုစိုက်ကြည့်ပြီးမှ မတ်တပ်ထရပ်လိုက်ကာ

အင်း သွားနှင့်တော့ Yilin ကို ဂရုစိုက်လိုက်နော် ကျွန်မသတိမမူလို့ လဲတာဆိုတော့ သွားဆေးလိုက်ဦးမယ်

Ara က ပြောရင်း အသံမာသွားလားမသိ ချက်ချင်းလှည့်ထွက်သွားတော့သည်
Yilin က ဘေးကကြည့်နေရင်း လှည့်ထွက်သွားသော Ara လက်ကို လှမ်းဆွဲမလိုဖြစ်သွားတဲ့ Kook လက်ကို သတိထားမိလိုက်သည်

ထို့နောက် Kook ကို မော့ကြည့်ရင်း

Kookie ရှင့်ကောင်မလေး ငိုသွားပြီထင်တယ် သူ့ကို ထားခဲ့မလို့လား

သွားစို့

လှည့်ထွက်ရင်းပြောလိုက်တဲ့ Kook ကြောင့် Yilin မှာ သာသာယာယာပြုံးမိသွားသည်


Ara က Bathroom ဘက်သွားရင် ဝဲလာတဲ့ မျက်ရည်တွေကိုသုတ်ကာ

ငါဘယ်လိုဖြစ်နေတာလဲ ငါတိုက အစကတည်းက အတုယောင်တွေလေ စာချုပ်ထဲမှာလည်း Kook က ငါ့ကိုဂရုစိုက်မယ်ဆိုတဲ့ ကတိမပါဘူး ဒါပေမယ့် ငါ့ Idol ငါ့ရဲ့ ယဉ်ကျေးပျုငှာတဲ့ Idol က ငါ့အပေါ်ကျ နည်းနည်းလေးတောင် မကြင်နာနိုင်ဘူးလား

Ara က စိတ်တင်းပြီး မျက်ရည်ကို သုတ်လိုက်တော့

Ara

ခေါ်သံကြောင့် မော့ကြည့်တော့ သူမ Ex Kim Lee Wook ဖြစ်နေသည်  Wook က စိုးရိမ်တကြီးဖြင့် ငိုနေသောသူမကိုကြည့်ကာ

Ara နင်ဘာလို့ငိုနေတာလဲ ဘယ်သူက အနိုင်ကျင့်လို့လဲ

Ara က ထွက်လက်စ မျက်ရည်တွေ သုတ်ပစ်ပြီး

ငါမျက်လုံးထဲ ရွံ့တွေဝင်သွားလို့ Wook နင်က ဘယ်လိုလုပ်ဒီရောက်နေတာလဲ

Wook က စိတ်ညစ်ဟန်ဖြင့်

ငါက ငါ့အဖေစိတ်ဆိုးအောင်လုပ်မိလို့ ဒီ Reality Show ကို ကြီးကြပ်ဖို့ ဒီကို အလွတ်ခံရတာ

ပြောပြီးတော့ Wook က ဝမ်းသာဟန်ဖြင့်

နာမည်စာရင်းထဲမှာ နင့်နာမည်တွေ့တယ် ဒါပေမယ့် နာမည်တူပဲထင်နေတာ တော်သေးတာပေါ့ နောက်ဆုံးတော့ စကားပြောဖော်ရပြီ

Ara က ခရီးဆောင်အိတ်ကို ဆွဲပြီး Wook ကို ကျော်ကာ

Sorry ငါနင်နဲ့စကားပြောဖို့ စိတ်မဝင်စားဘူး ငါ့ရဲ့ဖောက်ပြန်တဲ့ Ex

Wook က Ara ခရီးဆောင်အိတ်ကို လှမ်းဆွဲကာ

နင်ကလည်း ငါတို့သူငယ်ချင်းဖြစ်တာ အကြာကြီးပဲကို အဲ့ကိစ္စတွေမေ့လိုက်တော့ ပြီးတော့ အခုလည်း bathroom ဘယ်မှာရှိလဲ နင်မသိဘူးမလား

Wook က ပြောပြောဆိုဆို Ara အိတ်ဆွဲကာ ထွက်သွားတော့သည်

Ara က အသံပြဲကြီးဖြင့်

ငါ့အိတ်ပြန်ပေး Bathroom ဘယ်မှာလဲ ငါ့ဘာငါရှာမယ်

Ara အော်သံကြောင့် Wook က တုတ်တုတ်မလှုပ်ပေမယ့် Kook ကတော့ လမ်းလျှောက်နေရာမှ လှည့်ကြည့်တော့သည်

Kook လှည့်ကြည့်တော့ Yilin ကပါ လှည့်ကြည့်ကာ

Kook ကြည့်ရတာ Ara က ရှင့် အကူအညီမလိုတော့ဘူးထင်တယ်

Yilin က ပြောရင်း မော့ကြည့်တော့ Kook ရဲ့ တင်းမာနေသော မျက်နှာကို တွေ့လိုက်ရသည်

(*** Author နည်းနည်းအားနေလို့ ၂ပိုင်းတင်လိုက်တယ်နော်)

I Was ××× By My Idol ( MM Translation )Where stories live. Discover now