Ep 42 လူယုတ်မာ

634 52 0
                                    

Ara မှာ Dong Joon ကိုကြောက်ရွံ့လာကာ ချော့မော့ကြည့်သည့်အနေဖြင့်

Dong Joon shii ဒီလိုမလုပ်ပါနဲ့ ကျွန်မတို့က Partner တွေလေ ဒီလိုလုပ်လို့ ကျွန်မတို့ နှစ်ယောက်လုံးအတွက် မကောင်းဘူး

Ara စကားအဆုံး Dong Joon က Ara နားကပ်လာကာ

မင်းက Jung Kook ရည်းစား ဖြစ်နေတာ မင်းအပြစ်ပဲ

ရှင်က Kook နဲ့ ဘယ်လိုရန်ငြိုးရှိလို့လဲ

Ara က အော်မေးလိုက်တော့ Dong Joon က မျက်နှာနီအောင် ဒေါသထွက်လျက်

ဒီကောင်က သိုက်တူးသမား အဆိုတော်ဆိုအဆိုတော်လိုမနေပဲ ငါ့နေရာ လာလုနေတာလေ ထားပါ ဒီကိစ္စတွေ အခုဟာက မင်းဆီကနည်းနည်းလေးယူပြီး ဒီကောင့်ကို ငါအောက်ရောက်လာအောင် လုပ်မှာ

Ara က Kook အတွက် စိတ်ပူလာကာ

ရှင် ဒီလိုမသမာတဲ့နည်းလမ်းတွေ သုံးနေသ၍ နာမည်ကြီးမယ်ထင်နေလား Kook ဘာကြောင့် နာမည်ကြီးလဲ သိလား လူမသိသူမသိ Entertainment ပေါက်စလေးကနေ debut ပေမယ့် သူကိုယ်တိုင်ကြိုးစားတယ် ရယူချင်တဲ့စိတ်နဲ့မဟုတ်ပဲ ARMYs တွေရှိတယ်ဆိုတဲ့ အသိနဲ့ ၇ယောက်လုံး ရေကုန်ရေခန်းကြိုးစားတယ် နေ့မအိပ်ညမအိပ် ကိုယ်တိုင်သီချင်းတွေရေးတယ် သူ့ကြိုးစားမှုက အခုအောင်မြင်မှုတွေထက်တောင် ကျော်လွန်သေးတယ် ရှင်လည်း အရည်အချင်းရှိရင် ကြိုးစားလေ အရှုံးသမားရဲ့

Ara ရဲ့ စကားတွေကြောင့် Dong Joon မှာ အရှိုက်ထိသွားသည်ထင် Ara ပါးကို ခပ်ဆတ်ဆတ်ရိုက်ကာ မေးစိကို အတင်းဆွဲကိုင်ထားပြီး

ပါးစပ်ပိတ်စမ်း ငါလည်းဒီနေရာကို လွယ်လွယ်လေးရောက်လာတယ်ထင်လား ငါလည်း newbie ဘဝတုန်းက scene လေူ ၂ကွက် ၃ကွက် ရိုက်ရဖို့ အရေးကို Director ကို ဒူးဖက်မတက် တောင်းဆိုခဲ့ရတယ် နောက်ဆုံး ခေါင်းဆောင်မင်းသားဖြစ်ဖို့ အတက် ငါ့ Agency က Producerအဘွားကြီး အိပ်ခန်းထဲ သွင်းခဲ့တယ် ဒီလောက်တောင် လုပ်ခဲ့တဲ့ ငါ့အောင်မြင်မှုကို သူများက လွယ်လွယ်လုယူဖို့ ငါကခွင့်ပြုရမလား

Dong Joon စကားတွေကြောင့် Ara မှာကြောင်ငေးသွားပြီး Dong Joon အပေါ်တောင် ကရုဏာသက်ချင်သလိုဖြစ်သွားသည်

ငါ့ကိုသနားတဲ့မျက်လုံးနဲ့လာမကြည့်နဲ့ ဒီနေ့ကစပြီး ငါထိပ်ဆုံးကို ပြန်ရောက်ရမယ်

Dong Joon ရဲ့ နာကျင်မှုအပြည့်နဲ့မျက်လုံးတွေမှာ ချက်ချင်းခုန်အုပ်တော့မယ့် ကျားနာရဲ့ မျက်လုံးတွေလို ဖြစ်ပြီးတကာလ

________________________________________________

အား !!!!!!!!!!!!!!

Kook နဲ့ Wook မှာ တောအုပ်တစ်ခွင် ဟိုဟိုဒီဒီရှာဖွေနေရင်း Ara အော်သံကို ကြားလိုက်ရသည် Ara အော်သံကြောင့် Kook မှာ အော်သံရှိရာမှန်းပြီး ပြေးသွားတော့သည် Wook မှာ မောပန်းနေသဖြင့် နောက်မှာကျန်ခဲ့ပြီး

Jung Kook ငါ့ကိုစောင့်ဦး မင်းလမ်းသိလို့လား

________________________________________________

အခန်းထဲတွင် Ara မှာ အင်္ကျီတွေစုတ်ပြဲလျက် ကြမ်းပြင်ပေါ် လဲကျနေသည် Dong Joon က VDO camera ကို ထောက်တိုင်ဖြင့် ချိန်ရင်း

မင်းငါ့ကို ပြန်မတိုက်ခိုက်နိုင်ပါဘူး ငါကလည်း Gentle ဖြစ်ပါတယ် မင်းသာ Jung Kook ရည်းစားမဟုတ်ရင် ငါမင်းကို မထိခိုက်စေချင်ပါဘူး

Ara မှာ မျှော်လင့်ချက်မဲ့နေသော အတွေးဖြင့်

သေချင်းဆိုး

Dong Joon က ရယ်ကျဲကျဲလုပ်ကာ

မင်း ဘယ်လိုရန်စစ ငါမမှုဘူး

Ara က လက်ရှိဖြစ်တော့မယ့်ကိစ္စကို တွေးမိကာ မျက်စည်ကျလာတုန်း Dong Joon အသံကို ဝိုးတဝါးကြားလိုက်ရသည်

Camera Ok !
Director OK !
Action !

Ara စိတ်ထဲမှာ ရေရွတ်မိသော တစ်ခုတည်းသောနာမည်က

* Kook !!!!

I Was ××× By My Idol ( MM Translation )Where stories live. Discover now