Kook နဲ့ Ara နှစ်ယောက် ရိုက်ကွင်း setting နေရာကိုပြန်ရောက်တော့ အထုတ်အပိုးတွေနဲ့ ထီးတစ်လက်နဲ့ Yilin ကို တွေ့လိုက်ရသည် Yilin က ပုရိသအပေါင်းကြွေကျတဲ့အပြုံးမျိုး ပြုံးပြကာ
ပြန်လာကြပြီလား
Ara က ခေါင်းညိမ့်ပြလိုက်ရင်း
Yilin shii က ပြန်တော့မလို့လား
Yilin က ပြုံးပြီး Ara အနားကပ်လာကာ Kook ဘက်ကို ထီးနဲ့ကွယ်လိုက်ရင်း
မနေ့ညက နင်ဘာဖြစ်ခဲ့လဲဆိုတာ ငါသိတယ် ကြောက်စရာကောင်းတယ်မလား ဒီလောက က အဲ့လိုပဲ
Yilin က ကြောင်ကြည့်နေတဲ့ Ara ရင်ဘတ်ကို လက်ညိုးနဲ့ ထောက်လိုက်ပြီး
နင်က ... ဒီလောကနဲ့ မလိုက်ဖက်ဘူး
ပြောပြီး ကြော့ကြော့မော့မော့ထွက်သွားသော Yilin ကို ကြောင်ကြည့်နေသော Ara ကို Kook က
သူ ဘာပြောသွားတာလဲ
Kook က ပုခုံးပုတ်ပြီးပြောလိုက်တာကြောင့် အသိပြန်ဝင်သွားသော Ara က
အထွေအထူးမဟုတ်ပါဘူး ဒါနဲ့ အကုန်ပြန်ကုန်ကြပြီဆိုတော့ ကျွန်မတို့လည်း ပြန်ရမယ်မလား
Kook က ခေါင်းခါလိုက်ပြီး
မပြန်ဘူး ငါလုပ်စရာရှိသေးတယ်
ပြောပြောဆိုဆို Kook က ရွက်ဖျင်တဲထဲဝင်ကာ Guitar , စာရွက်တစ်ခုနှင့် ဘောပန်ယူလာပြီး တဲရှေ့ထိုင်ကာ သီချင်းရေးနေတော့သည်
Kook အတွေးထဲတွင် Ara ငိုနေသည့်ပုံရိပ်များ ကြီးစိုးနေသည့်အတွက် Guitar သံစဉ်တွေက လွမ်းမောဖွယ်ဖြစ်နေသည်
Ara က Kook အာရံစိုက်ကာ သီချင်းရေးနေသည့်အတွက် မနှောင့်ယှက်ချင်၍ ကမ်းစပ်က သဲသောင်ပြင်မှာ ခရု ကောက်နေလေသည်*Bang*
သီချင်းရေးနေသည့် Kook က Ara ငိုနေသည့်ပုံကို မျက်စိထဲမြင်ကာ သီချင်းစာရွက်ကို လက်နှင့်ရိုက်ချလိုက်ခြင်းဖြစ်သည် ထို့မောက် Phone ကိုင်ကာ contact တစ်ခုကို ခေါ်လိုက်ပြီး
Hello ကျွန်တော် Jung Kook ပါ Hong Dong Joon နဲ့ ပတ်သက်ပြီး ...
Kook ရဲ့အဖြစ်အပျက်အားလုံးကို Ara သတိမပြုမိပါ မပြင်းတပြင်းလေတွေကြားထဲ ကလေးတစ်ယောက်လို ခရုခွံကောက်နေသည့် Ara မှာ ချစ်စဖွယ် အတိဖြစ်နေသည် ဂါဝန်တစ်ချက်အလွင့်မှာ
Hey Ara
ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ Lee Wook
Aww Wook kaa
နင်မပြန်သေးဘူးလား ဘာလုပ်နေတာလဲ
အင်း တစ်ရက်တည်းဆိုတော့ ဒီမှာပဲနေလိုက်တော့မလို့ ဘာလုပ်နေတာလဲဆိုတော့ ခရုကောက်နေတာ ကြည့် မလှဘူးလား
Araက လက်ဝါးပေါ်က ခရုတွေကပြကာ ပြုံးရင်းမေးလိုက်တော့ Wook က
*လှတယ် ခရုတွေထက်နင်ကပိုလှတယ် လေတွေလွင့်နေတဲ့နင့်ဆံပင်တွေက ပိုလှတယ် ကလေးလိုဖြူစင်တဲ့နင့်အပြုံးတွေကပိုလှတယ်
အတွေးတွေကြောင့် မျက်နှာနီလာသော Wook တစ်ယောက် ပြန်တောင်မဖြေနိုင်တော့ပဲ ခေါင်းညိမ့်ရင်း မျက်နှာလွှဲကာ
နင် တစ်ယောက်တည်း ဒီမှာ အန္တရာယ်များတယ် ညကျ နင်နဲ့နေပေးမယ်
Wook စကားကြောင့် Ara က Blank Face ဖြစ်သွားပြီး
အမ်
ကောင်းတာပေါ့
Wook က သူ့ပုခုံးပေါ် လက်တင်ပြီး ပြောလိုက်သူကြောင့် လှည့်ကြည့်တော့ Kook ဖြစ်နေသည်
Kook က Lee Wook ကို စူးစူးရဲရဲစိုက်ကြည့်ရင်း
ဒီည ငါနဲ့လာအိပ်
( ***someone ကတော့ Jelly နင်ပြီ)
×××× ×××× ×××× ×××× ×××× ×××× ××××
YOU ARE READING
I Was ××× By My Idol ( MM Translation )
Romance#romance #bts #translation #manga #comedy #drama