Ep 16 မကြွေမိစေနဲ့

800 64 0
                                    

အပြင်မှ တံခါးဖွင့်သံကြောင့် Sunny အပြေးသွားကြည့်မိတော့ ညကြီးမင်းကြီး Mask တွေ မျက်မှန်တွေနဲ့ Hoodie အရှည်ကြီးဝတ်ထားသူကို တွေ့လိုက်ရသည် Sunny လည်း လန့်ဖြပ်ကာ

အား သရဲ !!!!!!!

ထိုတော့မှ Ara က Mask နဲ့ မျက်မှန်ကိုချွတ်ပြကာ

ရှူး ရှူး Sunny ငါဟဲ့ Ara

Ara အသံကြားမှ မျက်လုံးစုံမှိတ်အော်နေသော Sunny က မျက်လုံးဖွင့်ကြည့်ရင်း

ဟယ် Ara နင်ပြန်လာပြီ ဟဲ့ ဟဲ့ Kook နဲ့ဓာတ်ပုံရိုက်ထားတာ နင်မလား နင်တို့ဘယ်တုန်းကတည်းက တွဲနေတာလဲ

တရစပ်မေးခွန်းတွေကြောင့် Ara က မချိတင်ကဲပြုံးကာ

အ အဲ့ဒါကမြင်မြင်ချင်းအချစ်လို့ပြောရမလားပဲ ငါကလည်း ရည်းစားနဲ့ပြတ်သွားတော့ ...

Sunny က စိတ်လှုပ်ရှားစွာဖြင့်.

ဟုတ်လား နင်က ချက်ချင်းခေါင်းညိမ့်လိုက်တယ်ပေါ့လေ

ဟားဟား ဒါပေါ့ဟ နင်သိသားနဲ့ သူကအစကတည်းက ငါ့ Idol ပြီးတော့ ငါ့ကိုလည်း အရမ်းချစ်တာနဲ့ သူ့ကိုစိတ်မပျက်စေချင်လို့ ချက်ချင်းခေါင်းညိမ့်လိုက်တာ အခုလည်း ငါ့ပစ္စည်းတွေ လာယူတာ

Sunny မှာ မျက်လုံးပြူးကာ

ဟင် နင်က Kook နဲ့တူတူသွားနေမှာပေါ့

Dorm တစ်ခုလုံးကြားအောင် အော်လိုက်တဲ့ Sunny ကြောင့် Ara အလျှင်အမြန် Sunny ပါးစပ်ပြေးပိတ်ကာ

တိုးတိုး ငါဘယ်သူမှမသိအောင်သွားရမယ် လူတွေသိသွားရင် ငါဒုက္ခရောက်လိမ့်မယ်

Sunny က အားကျဟန်ဖြင့် သူမကိုကြည့်ကာ

ဟားဟား နင့် Idol နဲ့ date ရတာဆိုတော့ အရမ်းစိတ်လှုပ်ရှားပြီး ပျော်ဖို့ကောင်းမှာပါနော်

Ara ကတော့ Fake smile သုံးကာ

ဒါပေါ့ ပျော်ဖို့ကောင်းတာပေါ့

_________________________________________________

Uni ရှေ့က ကားတစ်စီးတွင် လူနှစ်ယောက်ငြိမ်သက်စွာ ထိုင်နေသည် Ara ကိုလိုက်ပို့သော Kook နဲ့ Manager Unnie ဖြစ်သည် ပထမဆုံး တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သူက Kook ပါ

Noona

Manager Unnie က Kook ကို လှည့်ကြည့်ရင်း

ဘာလဲ

အဲ့ညက ဖြစ်ခဲ့တဲ့ကိစ္စတွေအတွက်တောင်းပန်ပါတယ် ပြီးတော့ ဒီလိုတွေ အလုပ်ရှုပ်စေလို့ တောင်းပန်ပါတယ်

Manager Unnie က Kook ကို ပြုံးကြည့်ရင်း

ငါမင်းတို့နဲ့နေလာတာ ဒီလောက်ကြာနေပြီပဲ တောင်းပန်စရာမလိုပါဘူး ပြီးတော့ မင်းကို ဒီလိုထောင်ချောက်ဆင်တာကို ငါထိုင်ကြည့်မနေပါဘူး

Kook က အံ့ဩဟန်ဖြင့်

ထောင်ချောက် ???

အဲ့ဒီ Ara က သူ့ဘာသူမင်းအိပ်ခန်းထဲ ရောက်လာမယ်ထင်နေလား

ကျွန်တော် အဲ့ဒီညက တော်တော်မူးနေတော့ ဘာတစ်ခုမှကို မမှတ်မိဘူး

Manager Unnie က Kook ပုခုံးကအသာပုတ်ကာ

စိတ်မပူပါနဲ့ အဲ့ဒီ Ara ငါတို့နဲ့တူတူရှိနေရင် သူ့နောက်ကွယ်က လူက ဘယ်သူလဲဆိုတာ ငါတို့သိလာမှာပါ ဒါပေမယ့် တစ်ခုပဲ ..

Manager Unnie က စကားကိုခဏရပ်ကာ serious မျက်လုံးမျိုးဖြင့် Kook ကို လှည့်ကြည့်ရင်း

နင်သာ သူ့ကို ကြွေမသွားစေနဲ့

Kook က ခပ်လှမ်းလှမ်ကသူတို့ကားဆီလာနေတဲ့ Ara ကိုလှမ်းကြည့်ကာ မဲ့ပြုံးပြုံးလိုက်ရင်း

အဟက် Noona လာနောက်နေတာလား

××××      ××××       ××××       ××××       ××××       ××××

I Was ××× By My Idol ( MM Translation )Where stories live. Discover now