မင်းရဲ့ အပြုံး၊ မင်းရဲ့ ရနံလေးအထိ
အမြဲတမ်း စောင့်စားလာခဲ့တာပါ လက်ချိုးရေနေခဲ့တာပါ
ဘယ်နေရာမှာပဲ ရှိနေတယ်ဆိုဆို တို့မှာတော့ သူပဲရှိတာပါဘယ်အရာကို အိပ်မက်မက်လာခဲ့လဲ တို့ ဘာကို မျှော်လင့်နေခဲ့လဲ
သိနေရဲ့လား (သူတော့ သိမှာမဟုတ်ဘူး)
မင်းကိုသာ တောင်းဆုပြုနေခဲ့တယ်လို့
ဖွင့်ပြောလိုက်ချင်ပါတယ် စောင့်နေခဲ့တယ်လို့နေ့တိုင်းနေ့တိုင်း မင်းကို ချစ်ပါတယ်လို့
ဟစ်အော်ရင်း နေ့တိုင်းနေ့တိုင်း မင်းနာမည်ကို ခေါ်ရင်း
တို့ရှေ့မှာ သူ ရပ်နေတဲ့ အခိုက်အတန့်လေးကို
တွေးမိတယ် တွေးမိတယ် တွေးမိတယ်
တနေ့တနေ့ မင်းအကြောင်းတွေးလို့ အိပ်မပျော်ဘူး
တနေ့တနေ့လည်း သူ့တစ်ယောက်ပါပဲ
တုန်ရီနေတဲ့ တို့နှလုံးသားရဲ့အသံလေး ကြားယောင်မိရဲ့လား
ချစ်တယ် ချစ်တယ် ချစ်တယ်အချိန်တွေ ကုန်လွန်ပြီး နောက်ထပ် ကာလတွေ ကြာလွန်လို့
တို့တွေ အတူတူရှိနေပြီဆိုရင် အနားမှာ ရှိနေမယ်ဆိုရင်
တို့လေ တွေးကြည့်ရုံနဲ့တင် ခဏခဏ မျက်ရည်တွေကျမိတယ်ဘယ်အရာကို အိပ်မက်မက်လာခဲ့လဲ တို့ ဘာကို မျှော်လင့်နေခဲ့လဲ
သိနေရဲ့လား (သူတော့ သိမှာမဟုတ်ဘူး)
မင်းကိုသာ တောင်းဆုပြုနေခဲ့တယ်လို့
ဖွင့်ပြောလိုက်ချင်ပါတယ် စောင့်နေခဲ့တယ်လို့နေ့တိုင်းနေ့တိုင်း မင်းကို ချစ်ပါတယ်လို့
ဟစ်အော်ရင်း နေ့တိုင်းနေ့တိုင်း မင်းနာမည်ကို ခေါ်ရင်း
တို့ရှေ့မှာ သူ ရပ်နေတဲ့ အခိုက်အတန့်လေးကို
တွေးမိတယ် တွေးမိတယ် တွေးမိတယ်ရှောင်လွှဲနိုင်စွမ်းလည်း မရှိဘူး ပြီးတော့ ရပ်တန့်လို့လည်း မရဘူး
တို့ဆီကို ဆိုက်ရောက်လာတဲ့ ကံတရားကို
အားလုံး ပြောင်းလဲသွားရင်တောင် တို့ကတော့ သူ့ကိုသာ ထာဝရ
ငေးကြည့်နေလောက်တယ် ပြီးတော့ စောင့်ရှောက်ပေးနေလောက်တယ်ချစ်တယ် ... တို့နှလုံးသားကနေ မင်းကို ပြောနေတဲ့ စကား
ကျေးဇူးတင်တယ် မျက်ဝန်းတစ်စုံက ပြောတဲ့စကား
ဘယ်တော့မဆို တို့ ဒီနေရာမှာ ရပ်နေပါမယ့်
သတိရနေမယ် အမှတ်ရနေမယ်
အမှတ်ရနေမယ် (အမှတ်ရနေပါ့မယ်)တနေ့တနေ့ မင်းအကြောင်းတွေးလို့ အိပ်မပျော်ဘူး
တနေ့တနေ့လည်း သူ့တစ်ယောက်ပါပဲ
တုန်ရီနေတဲ့ တို့နှလုံးသားရဲ့အသံလေး ကြားယောင်မိရဲ့လား
ချစ်တယ် ချစ်တယ် ချစ်တယ်ချစ်တယ် ချစ်တယ် ချစ်တယ်