နင် ဘာလို့ဒီလောက်တောင် ချစ်ဖို့ကောင်းလဲ
နင် ဘာလို့ဒီလောက်တောင် ကြင်နာတတ်လဲ
နင် ဘာလို့ဒီလောက်တောင် ချစ်စရာကောင်းနေရတာလဲ
ငါ နင့်ကိုသဘောကျလွန်းလို့သေတော့မယ် ပြီးတော့
တွေ့ချင်လွန်းလို့ သေတော့မယ် နင့်ကြောင့်နဲ့
ငါ တကယ်သေတော့မှာပဲနင့်မျက်နှာလေးက နေရောင်ခြည်နဲ့တူတယ်
နင့်အသံလေးက candyနဲ့တူတယ်
နင့် စိတ်နှလုံးသားက ဟိုးသမုဒ္ဒရာကြီးနဲ့တူတယ်
နင်လစ်ဟာနေတာ ဘယ်နေရာရှိလဲ
မပြည့်ဝတာ ဘယ်နေရာရှိလဲ
ဘာကြောင့်များ အဲ့လောက်တောင် ပြီးပြည့်စုံနေရတာလဲအဲ့လိုမျိုး အရမ်းပဲ ဖြစ်သင့်နေခဲ့တာမျိုးလေ
နင်လို လူမျိုးကို ချစ်မိသွားတယ်ဆိုတာက
သတ်မှတ်ထားပြီးသား ကံတရားလိုမျိုးပဲ
ပြုစားခံထားရသလိုမျိုး ကျရှုံးသွားသလိုမျိုး
နင့်ကို မချစ်ရမနေနိုင်ဘူး
နင်က အကောင်းဆုံးပဲနင့်နဲ့တွေ့ပြီးနောက် ငါ ပြောင်းလဲသွားတယ်
တလောကလုံးက ခြားနားသွားတယ်
အရာအားလုံးက လှပလို့သာနေတာပဲ
မုန်းလွန်းတဲ့ နွားနို့လည်း ငါ
နင်သာ ပေးရင် ကောင်းကောင်းသောက်တယ်
အရမ်းပဲ စကားကောင်းကောင်းနားထောင်တဲ့
မိန်းကလေးဖြစ်လာတယ်အဲ့လိုမျိုး အရမ်းပဲ ဖြစ်သင့်နေခဲ့တာမျိုးလေ
နင်လို လူမျိုးကို ချစ်မိသွားတယ်ဆိုတာက
သတ်မှတ်ထားပြီးသား ကံတရားလိုမျိုးပဲ
ပြုစားခံထားရသလိုမျိုး ကျရှုံးသွားသလိုမျိုး
နင့်ကို မချစ်ရဘဲမနေနိုင်ဘူး
နင်က အကောင်းဆုံးပဲအကောင်းဆုံးပဲ
နင်က ငါ့အတွက် အခန့်ညားဆုံးအမိုက်ဆုံး
အဲ့လို လူသားမျိုးပါ
ငါ့အချစ်ပါနော် ငါပဲ ပိုင်ဆိုင်မှာ
နင်အခု ဘယ်ကိုမှသွားလို့မရဘူး
ပူးကပ်ပြီးပဲနေပေးတော့အဲ့လိုမျိုး နင့်အပြင် မသိတော့တဲ့ ငါပါ
ငါက နင့်ကိုပဲတွေးနေတဲ့ အရူးပါ
အချစ်ဆိုတာ နဂိုကတည်းက အဲ့လိုပဲလေ
ငါ ပြုစားခံလိုက်မှာ တဆုံးကျရှုံးလိုက်မှာပဲ
ဘယ်လိုလုပ်မလဲ နင် ငါ့ကို တာဝန်ယူပေး
နင်က အကောင်းဆုံးပဲ