Big Bang - Haru Haru

745 12 0
                                    


haru haru

လှိုင်းလုံးတွေလို ပြန့်ကြဲသွားတဲ့ငါ့စိတ်
လေပြည်တွေလို ယိမ်းယိုင်နေတဲ့ ငါ့စိတ်
အခိုးအငွေ့တွေလို ပျောက်ကွယ်သွားတဲ့ ငါ့အချစ်
တက်တူးလို့ပဲ ပျောက်ပျက်မသွားဘူး
သက်ပြင်းတွေပဲ မြေကြီးပေါက်ထွက်မတတ်မတတ် ချမိနေတယ်
ငါ့ နှလုံးသားထဲလည်း ဖုန်တွေသာ စုလာတယ် (say goodbye)

မင်းမရှိဘဲနဲ့ တစ်ရက်လေးတောင် အသက်မရှင်နိုင်ဘူးလို့ ထင်ခဲ့ရတဲ့ ငါ
အထင်နဲ့တခြားစီကို ဟိုလိုဒီလိုနဲ့ တစ်ယောက်တည်း ကောင်းကောင်းရှင်သန်နေတယ်
လွမ်းတယ်ဆိုပီး ခေါ်ကြည့်မိရင်တောင် မင်းကတော့ ဘာမှမှ ပြန်မဖြေတာ
အလဟဿ မျှော်လင့်ချက်တွေထားနေရင်လည်း အခုတော့ အသုံးမှမဝင်တော့တာ

မင်းဘေးမှာရှိနေတဲ့ အဲ့လူက ဘာလဲ (မဟုတ်မှလွဲ)  မင်းကို ငိုများငိုစေမလား
သူမ ငါ့ကို မြင်မှမြင်နိုင်သေးရဲ့လား (အခုကတည်းက)  လုံးလုံးလျားလျားကို မေ့နှင့် နေပီလား
စိတ်ပူတယ် အနားကိုသွားလို့လည်းမရ စကားလည်းပြောခွင့်မရ  ရင်တွေလောင်မြိုက်လို့
ငါတစ်ယောက်တည်း ညတွေကိုဖြတ်သန်းနေတယ် အကြိမ်ရာချီမက မေ့ဖျောက်ရင်းနဲ့

ပြန်လှည့်ကြည့်မနေဘဲနဲ့ ထွက်သွားလိုက်ပါတော့
ထပ်ပီးလည်း ငါ့ကိုရှာမနေဘဲနဲ့ ရှင်သန်သွားလိုက်တော့
မင်းကိုချစ်ခဲ့မိတာကို နောင်တမရစေဖို့အတွက် ပျော်ခဲ့တဲ့မှတ်ဉာဏ်တွေကိုသာ ယူဆောင်သွားပါတော့
ဒီလိုဟိုလိုနဲ့ သည်းခံနေလို့တော့ ရပါရဲ့ …ဟိုလိုဒီလိုနဲ့ပဲ ငါတောင့်ခံနေကြည့်နေပါတယ်
မင်းကလည်း အဲ့လိုဖြစ်လေလေ ပိုပျော်ရွှင်နေရမယ်
တရက်ပီးတရက် .. ပြိုလဲလို့နေတယ်

Oh, girl, I cry, cry
You’re my all, say goodbye

လမ်းသွားရင်းနဲ့ မင်းနဲ့ငါ … ငါတို့ဆုံမိကြတယ်ဆိုရင်တောင်
မတွေ့ချင်ယောင်ဆောင်ပီးသာ ဒီတိုင်းသွားနေတဲ့ လမ်းကို ဆက်သွားပေးပါ

ခဏခဏဆိုသလို အရင်အကြောင်းတွေ ပြန်မြင်ယောင်မိရင် ငါလည်း … ငါတောင်မသိလိုက်ခင် သူမ ကို လိုက်ရှာမိမလား မသိဘူး

မင်းအမြဲတမ်း အဲ့လူနဲ့ ပျော်ပျော်ရွှင်ရွှင်နဲ့
အမြဲ ငါတခြားစိတ်မဝင်မိအောင် မင်း
မင်းကို စွဲလမ်းတဲ့စိတ်အသေးအမွှားလေးတောင် ကျန်မနေအောင် ကောင်းကောင်းနေပေးပါ ငါ မြင်စေဖို့ …

မင်း အစဉ်အမြဲ ဟိုကောင်းကင်လို ဖြူလွင်နေအောင် ၊ တိမ်တိုင်တွေလို အမြဲ ပြာလွင်နေအောင်
မင်း အမြဲ … ဟုတ်တယ် အဲ့လိုလေး ရယ်မောနေပေးပါ
ဘာအပူပင်ကိစ္စမှ ရှိမနေသလိုမျိုး

ပြန်လှည့်ကြည့်မနေဘဲနဲ့ ထွက်သွားလိုက်ပါတော့
ထပ်ပီးလည်း ငါ့ကိုရှာမနေပါနဲ့ ပျောက်ကွယ်သွားလိုက်တော့
မင်းကိုချစ်ခဲ့မိတာကို နောင်တမရစေဖို့အတွက် ပျော်ခဲ့တဲ့မှတ်ဉာဏ်တွေကိုသာ ယူသွားလိုက်ပါတော့
ဒီလိုဟိုလိုနဲ့ သည်းခံနေလို့တော့ ရပါရဲ့ …ဟိုလိုဒီလိုနဲ့ပဲ ငါတောင့်ခံနေ နိုင်ပါတယ်
မင်းကလည်း အဲ့လိုဖြစ်လေလေ ပိုပျော်ရွှင်နေရမယ်
တရက်ပီးတရက် .. ပြိုလဲလို့နေတယ်

ငါ့နားက ထွက်သွားပီးနောက် စိတ်အေးချမ်းသာနေပါစေလို့ (ငါ့ကိုမေ့ပီးပဲ ရှင်သန်သွားပါတော့)
အဲ့ဒီ့မျက်ရည်တွေလည်း အကုန်ခြောက်သွေ့သွားမှာပါ yeah (တရက်ပီးတရက် ကုန်လွန်သွားရင်)

အဲ့အစား မတွေ့ခဲ့ကြရင်တောင် သိပ်နာကျင်ရမှာ မဟုတ်ဘူးကွာ mm
ထာဝရအတူရှိရအောင်ဆိုတဲ့ အဲ့ဒီ့ကတိစကားတွေ အခုတော့
အမှတ်တရတွေထဲ မြှုပ်နှံလိုက်ဖို့ မျှော်လင့်တယ် baby မင်းအတွက်ဆုတောင်းနေတယ်

ပြန်လှည့်ကြည့်မနေဘဲနဲ့ ထွက်သွားလိုက်ပါတော့
ထပ်ပီးလည်း ငါ့ကိုရှာမနေပါနဲ့ ပျောက်ကွယ်သွားလိုက်တော့
မင်းကိုချစ်ခဲ့မိတာကို နောင်တမရဖို့အတွက် ပျော်ခဲ့တဲ့မှတ်ဉာဏ်တွေကိုသာ ယူဆောင်သွားတော့
ဒီလိုဟိုလိုနဲ့ သည်းခံနေလို့တော့ ရပါရဲ့ …ဟိုလိုဒီလိုနဲ့ပဲ ငါတောင့်ခံနိုင်နေပါတယ်
မင်းကလည်း အဲ့လိုဖြစ်လေလေ ပိုပျော်ရွှင်နေပေးရမယ်
တရက်ပီးတရက် .. ပြိုပျက်လို့လာတယ်

Oh, girl, I cry, cry
You’re my all, say goodbye, bye
Oh, my love, don’t lie, lie
You’re my heart, say goodbye

Kpop songs & K-drama OST translationsWhere stories live. Discover now