A Poem Called You - TaeYeon (Hotel Del Luna OST )

86 9 0
                                    

ဘယ်တုန်းကစခဲ့တာများလဲ သူ့ကို မြင်ရင်
ကံတရားတစ်ခုလို့ ခံစားမိခဲ့တာ
ညကောင်းကင်ထဲ ကြယ်တွေ တောက်ပနေသလိုမျိုးပဲ
အချိန်အကြာကြီး တို့ရဲ့အနားမှာရှိနေတယ်
'သူ'ဆိုတဲ့ ကဗျာလေးကို တို့ မြင်ယောင်မိလာတိုင်းမှာ
ကျက်မှတ်ထားချင်မိတယ် သူ့ကို အမှတ်ရနေနိုင်အောင်လို့
ဝမ်းနည်းဖွယ်ညတွေ ရောက်လာရင် တို့ သူ့ကိုကာကွယ်ပေးမယ်
တို့စိတ်ကို ကြားယောင်နိုင်ရဲ့လား
မမေ့လိုက်ပါနဲ့နော်

ကုန်ဆုံးကျော်လွန်သွားတဲ့ ရာသီစက်ဝန်းထဲမှာ တို့ စိတ်က
ပြောင်းလဲမသွားခဲ့တာကို သိရဲ့လား
ဒီတိုင်း ငေးကြည့်နေတဲ့မျက်ဝန်းရောင် အဲ့တစ်ခုနဲ့တင်
လောကကြီးကို အကုန်  ပိုင်ဆိုင်လိုက်ရသလိုထင်မိတယ်
'သူ'ဆိုတဲ့ ကဗျာလေးကို တို့ မြင်ယောင်မိလာတိုင်းမှာ
ကျက်မှတ်ထားချင်မိတယ် သူ့ကို အမှတ်ရနေနိုင်အောင်လို့
ဝမ်းနည်းဖွယ်ညတွေ ရောက်လာရင် တို့ သူ့ကိုကာကွယ်ပေးမယ်
တို့စိတ်ကို ကြားယောင်နိုင်ရဲ့လား
မမေ့လိုက်ပါနဲ့နော်

ပန်းတွေ ပွင့်ပြီး ညှိုးနွမ်းသွားတဲ့ နေ့ရောက်လာရင်တောင်
ဒီတစ်ခုလေးကိုပဲ အမှတ်ရနေပေးပါ
သူ့ဆီဦးတည်တဲ့ နှလုံးသားကို
တချိန်မှာ တို့တွေ
ဝေးသွားမလား မသိပေမယ့်
တို့က သူ့ကိုသာဆို စောင့်နေနိုင်စွမ်းရှိလောက်တယ်
အချိန်တွေကုန်ဆုံးသွားလည်း တို့ ဒီနေရာမှာ ရပ်နေပါ့မယ်
သူလေ တွေဝေမနေပါနဲ့
အဲ့အချိန်ရောက်လာရင်လေ .

Kpop songs & K-drama OST translationsWhere stories live. Discover now