Monday Kiz – 내 안에 그 사람#####################
အစတုန်းက မသိခဲ့ဘူး မင်းဘေးမှာ ရပ်လိုက်ချိန်ဆို
ကိုယ့်နှလုံးသား နောက်ထပ် ခုန်လာတဲ့ အကြောင်းရင်းကို
မျက်လုံးမှိတ်ထားကြည့်လည်း မင်းကို မြင်ယောင်လာ
တုန်ရီနေတဲ့ ကိုယ့်ကိုယ်ကိုယ် စိမ်းသက်လို့သာနေတယ်စိတ်သွားရာအတိုင်း
မင်းရဲ့လက်ကို ဆုပ်ကိုင်လိုက်လို့ဖြစ်ရဲ့လား
အဲ့နေရာမှာ အသာလေးပဲနေနေပါ ကိုယ်လာခဲ့မှာမို့ကိုယ့်ရဲ့ စိတ်နှလုံးသားထဲ ပုန်းကွယ်နေတဲ့ လူသား
ကိုယ်တောင်မသိမိဘဲ ကိုယ့်အတွင်းထဲမှာ ရှိနေတဲ့လူသား
ပထမဆုံးမြင်လိုက်တဲ့ အခိုက်မှာ သိနေခဲ့လေမလား
မင်းကိုပဲ မြင်နေတော့မယ်ဆိုတာကို
ပြောလိုက်ချင်ပါတယ် မင်းကို မှတ်မိပါတယ်လို့
ကိုယ့်အတွင်းထဲက အဲ့ဒီ့လူသားအဝေးကနေ စကားတွေမဆိုဘဲ မင်းကိုပဲ မျှော်ကြည့်နေတယ်
ကိုယ် ရောက်နေတာလားလို့ မသိလည်း ဖြစ်တယ်
ဘာစကားမှမဆိုလည်း မင်းစိတ်ကို အကုန်သိနေတယ်
ကိုယ် စောင့်နေပါ့မယ် ဖြေးဖြေးလေးပဲလာပေးပါမင်းစိတ်သွားရာအတိုင်း
ကိုယ့်ရဲ့လက်ကို ဆွဲပြီးလိုက်လာပါ
ဟိုးအရင်က တွေ့ဆုံခဲ့သလိုမျိုးပဲ ဒီတိုင်းလာလို့ဖြစ်တယ်ကိုယ့်ရဲ့ စိတ်နှလုံးသားထဲ ပုန်းကွယ်နေတဲ့ လူသား
ကိုယ့်ကို ရှင်သန်နေထိုင်သွားနိုင်အောင်လုပ်တဲ့ အဲ့လူသား
ပထမဆုံးမြင်လိုက်ရတဲ့အခိုက်မှာ သိလိုက်လေမလား
မင်းကိုပဲ မြင်နေတော့မယ်ဆိုတာကို
ပြောလိုက်ချင်ပါတယ် မင်းကို မှတ်မိပါတယ်လို့
ကိုယ့်အတွင်းထဲက အဲ့ဒီ့လူသားကိုယ့်နှလုံးသားထဲမှာ မင်းရှိနေခဲ့တာပါ
လောကကြီးတဆုံးထိ နှစ်ယောက်သား
အတူတူ လှမ်းလျှောက်သွားရင် ဖြစ်တယ်
ဆုံးရှုံးသွားတဲ့ အချိန်တွေကို ပြန်လှည့်မကြည့်ဘဲနေရအောင်ကွာအခုတော့ ချစ်တယ်လို့ ပြောနိုင်ပြီ
ကိုယ်တို့ချစ်ကြရမယ့်နေ့တွေ အရမ်းကိုများတယ်
မျက်လုံးဖွင့်ကြည့်လိုက်တော့ မင်းက ရှိနေတယ်
အဲ့ချိန်ကတည်းက မင်းဆိုတာကို
အခုဒီအတိုင်းလေးပဲ ခုလက်ရှိ ခံစားမှု
အဲ့တိုင်းလေးပဲ ချစ်တယ် Forever
![](https://img.wattpad.com/cover/132439651-288-k755908.jpg)
YOU ARE READING
Kpop songs & K-drama OST translations
DiversosGonna translate the songs that I like.