Atlantis Princess - BOA

31 3 0
                                    





ဟိုးအဝေးက ပင်လယ်ကြီးရဲ့အဆုံးတဖက်မှာ ဘာများရှိလောက်မလဲ
တခြားသော တစ်စုံတရာ.. လောကကြီးနဲ့ အလှမ်းဝေးတဲ့အကြောင်းအရာတွေပေါ့
တိမ်တွေပေါ်ကို တက်ကြည့်လိုက်ရင် မြင်ရနိုင်လောက်မလား
နတ်သမီးလေးတွေနဲ့ နှဲမှုတ်နေတဲ့ ကလေးငယ်တွေကို
တောအုပ်လေးရဲ့အတွင်း တနေရာရာကို နားစွင့်ကြည့်လိုက်ရင်
ငါ တစ်ယောက်ပဲ တိုးတိုးလေးကြားယောင်လာတဲ့ အသံလေး
အိမ်မက်မက်နေသလိုမျိုးလေး ပျံသန်းကြည့်ရမလား
ဟိုး အမြင့်တနေရာဆီ ..ဘယ်သူမှ မရှိမယ့် ကမ္ဘာကို

အဲ့လောက်ထိတောင် များပြားခဲ့တဲ့ မေးခွန်းတွေနဲ့
ငါ့ရဲ့ အ‌ဖြေရှာမရသေးတဲ့ များပြားလွန်းတဲ့အကြောင်းအရာတွေက
ပြန်လှည့်ကြည့်မိတဲ့အခါ ဘယ်တုန်းကတည်းကများလားပဲ
ကိုယ်တိုင်တောင်မသိလိုက်ဘဲ မေ့လျော့နေခဲ့တဲ့ ငါ့ရဲ့ကိုယ်ပိုင်လျို့ဝှက်ချက်လေး

(ခုဆို တကယ်ပဲ) ဘယ်လိုဖြစ်တာလဲ ငါ အခု လူကြီးဖြစ်လာတာ များလား
(ခုဆို တကယ်ပဲ) တစ်စုံတရာ ပျောက်ရှသွားတဲ့ မှတ်ဉာဏ်တွေ
(လက်ရှိ ငါ့စိတ်)  အခုတော့ ငါ့ရဲ့ အဲ့ဒီ့သေးငယ်တဲ့  ဆန္ဒလေးနဲ့
အိပ်မက်လေးကို မဆုံးရှုံးစေဖို့
ဟိုးကောင်းကင်ကြီးထဲကို တီးတိုးဆိုလိုက်မယ်

မှောင်မည်းတဲ့ညကောင်းကင်မှာ လင်းလက်တောက်ပနေတဲ့
ကြယ်တွေရဲ့အလယ်တည့်တည့်မှာ ငါ မွေးဖွားလာတဲ့နေရာ‌ ရှိလေမလား
ငါဟာ ကမ္ဘာပေါ်မှာနေထိုင်သူတွေနဲ့ ခြားနားတဲ့အရပ်ကနေ
ဆင်းသက်လာတဲ့သူလို့လည်း ယုံကြည်ချင်ခဲ့ဖူးတယ်

အဲ့လောက်ထိတောင် များပြားခဲ့တဲ့ မေးခွန်းတွေနဲ့
ငါ့ရဲ့အ‌ဖြေရှာမရသေးတဲ့ များပြားလွန်း‌ေသာအကြောင်းအရာတွေက
ပြန်လှည့်ကြည့်မိတဲ့အခါ ဘယ်တုန်းကတည်းကများလားပဲ
ကိုယ်တိုင်တောင်မသိလိုက်ဘဲ မေ့လျော့နေခဲ့တဲ့ ငါ့ရဲ့ကိုယ်ပိုင်လျို့ဝှက်ချက်လေး

ဘယ်လိုဖြစ်တာလဲ ငါ အခု လူကြီးဖြစ်လာတာ များလား
(ခုဆို တကယ်ပဲ) တစ်စုံတရာ ပျောက်ရှသွားတဲ့ မှတ်ဉာဏ်တွေ
(လက်ရှိ ငါ့စိတ်)  အခုတော့ ငါ့ရဲ့ အဲ့ဒီ့သေးငယ်တဲ့  ဆန္ဒလေးရယ်နဲ့
အိပ်မက်လေးကို မဆုံးရှုံးစေဖို့
ဟိုးကောင်းကင်ကြီးထဲကို တီးတိုးဆိုလိုက်မယ်

အရမ်းကို သင်းပျံ့မွှေးကြိုင်တဲ့ ရနံ့လေးရယ်
လေပြည်တွေရယ်က ငါ့ဆီကို တိုက်ခတ်လာပြန်တယ်
တနေ့မှာ ငါ ကိုယ်‌တိုင်တောင်မသိလိုက်ဘဲ
အသာလေး ကြားယောင်လာရတဲ့ တီးတိုးဆိုသံလေး
နားလေးစွင့်ထားပြီး‌တော့ ခေါ်ကြည့်လိုက်ပါနော်
ပြန်ရှာဖွေတွေ့ရှိသွားမှာပါ မေ့ပျောက်နေတဲ့ မှတ်ဉာဏ်အပိုင်းအစလေးတွေကို

(စဉ်းစားကြည့်ပါ) ငါ အခုဆို ဒီ့ထက်ပိုပြီး လက်လွတ်မခံတော့ဘူး
(အဖိုးတန်ခဲ့တဲ့) ငါ့ရဲ့ ပျောက်ရှသွားတဲ့ မှတ်ဉာဏ်လေးတွေကို
(လက်ရှိ ငါ့ရဲ့စိတ်) အခုဆို ငါ့ရဲ့ အဲ့ဒီ့သေးငယ်တဲ့ ရယ် အိပ်မက်လေးရယ်ကို ပျောက်ရှမသွားအောင်
ဟိုး ကောင်းကင်ကြီးထဲ တီးတိုးဆိုလိုက်မယ်

ဘယ်လိုဖြစ်တာလဲ ငါ အခု လူကြီးဖြစ်လာတာ များလား
(ခုဆို တကယ်ပဲ) တစ်စုံတရာ ပျောက်ရှသွားတဲ့ မှတ်ဉာဏ်တွေ
(လက်ရှိ ငါ့စိတ်)  အခုတော့ ငါ့ရဲ့ အဲ့ဒီ့သေးငယ်တဲ့  ဆန္ဒရယ်နဲ့
အိပ်မက်လေးကို မဆုံးရှုံးစေဖို့
ဟိုးကောင်းကင်ကြီးထံ ဆုတောင်းလိုက်မယ်

Kpop songs & K-drama OST translationsWhere stories live. Discover now