ဒီသီချင်းနားထောင်တိုင်း ငိုချင်သလိုလို
ဆို့နင့်နင့်ကြီးဖြစ်ဖြစ်လာတာ
စာသားချည်းဖတ်ရင်တော့ မကောင်းလောက်ဘူး
သီချင်းလေးပါ တွဲပီးနားထောင်စေချင်တယ်
ကိုယ်တေဆီမှာ bullyingသိပ်မရှိလို့ပါ
koreaမျာက အများနဲ့တစ်ယောက် ဝိုင်း bullyပြီဆို
ခံရတဲ့သူအဖို့က အရှင်လတ်လတ်ငရဲပါပဲ
ကိုယ်လည်း ငယ်ငယ်က အဲ့သဘောဆောင်တဲ့ ဝိုင်းကျဉ်တာမျိုးတွေ ခံခဲ့ဖူးတယ် ။
ဒီ သီချင်းဆိုတဲ့သူတွေကိုက ကိုယ်ကိုယ်တိုင်
အဲ့ဒီ့နေရာရောက်သွားသလို ခံစားရအောင်
အသံမျိုးတွေနဲ့ ဆိုပေးထားတော့
တအားဝမ်းနည်းဖို့ကောင်းတယ်
dramaကြည့်ဖူးရင် ပိုသိမှာပါ
ငိုတောင်ငိုရတယ် 😂😂😂####################
Reset
~
ငါ့စိတ်ထဲ နက်နက်ရှိုင်းရှိုင်း ပြည့်သိပ်ဝင်လာတဲ့
လစ်ဟာနေတဲ့ လောကကြီးရေ ငါ့ကို ကယ်တင်ပါဦး
I wanna reset (x3)
အမှောင်ထုထဲ ပိတ်မိနေတဲ့ အထီးကျန်တဲ့အကြည့်တွေ
ငါ့ လက်ကို ဆွဲထားပေးမယ့် လူမရှိတော့ဘူးလား
I wanna reset (x3)တစ်စုံတစ်ယောက်ကတော့ ကောင်းကောင်း သိလိမ့်မှာပါ
ငါ့ရဲ့စိတ်ဒုက္ခတွေကို
ရှေ့မှာရပ်နေလည်း ရှာလို့မတွေ့တဲ့
ငါက Orioleငှက်လေးလို
တစ်ကောင်တည်း လျှောက်ပျံသန်းတယ် အမှောင်ထုထဲ
ထပ်ပြီး အထီးကျန်တဲ့ ညကို
တစ်ကောင်တည်း လျှောက်ပျံသန်းတယ်
အမှောင်ထုထဲ ထပ်ပြီး ဒုက္ခများနေတဲ့ စိတ်ကို
ဘာလို့ မသိကျိုးကျွံပြုကြတာလဲ
ငါ့ရဲ့ တည်ရှိမှုက ဘယ်လောက်ပဲ သေးငယ်ပါစေ
ငါ့ကို နင်းမချေဘဲ ငါနဲ့အတူတူသွားပါ
နင့်ရဲ့ လက်လွတ်စပယ်နိုင်တဲ့ စကားတွေနဲ့
အပြုအမူတွေက ငါ့ကို ပြိုလဲစေပြီး
ထောင့်တစ်ခုကို တွန်းပို့နေတယ်
မင်းကတော့ မဟုတ်ဘူး ပြောပေမယ့်
လှောင်ပြုံးတွေရဲ့နောက်မှာ ပုန်းကွယ်ပြီး ငါ့ကို မရှာပါနဲ့ငါ့စိတ်ထဲ နက်နက်ရှိုင်းရှိုင်း ပြည့်သိပ်ဝင်လာတဲ့
လစ်ဟာနေတဲ့ လောကကြီးရေ ငါ့ကို ကယ်တင်ပါဦး
I wanna reset (x3)
အမှောင်ထုထဲ ပိတ်မိနေတဲ့ အထီးကျန်တဲ့အကြည့်တွေ
ငါ့ လက်ကို ဆွဲထားပေးမယ့် လူမရှိတော့ဘူးလား
I wanna reset (x3)ဒီတိုင်း ဖြတ်တိုက်သွားတဲ့ လေပြည်
ဘေး ဘေးကလူ ဘေးကပ်ရက်ကနေ
အော်ဟစ်နေပေမယ့်လည်း ဆိတ်ဆိတ်နေခြင်းတွေသာ
ကြုံတွေ့နေရတယ်
ငါလည်း အတူတူ လျှောက်နေတာပဲ
ဘာလို့ သူတို့ကျ တဖြည်းဖြည်းဝေးကွာသွားတာ
ဘာလို့ ငါ အမြဲတမ်းတစ်ယောက်တည်း ရပ်နေရတာလဲ
ဘာလို့ ငါ့လောကကြီးကပဲ ရပ်တန့်သွားတာလဲ
ဟိုးက မှေးမှိန်သွားတဲ့ သူတို့ရဲ့ နောက်ကျောပြင်
တစ်ယောက်လောက်လေးပဲ ဆိုရင်တောင် ရပါတယ်
နောက်လှည့်ပြီး ကျေးဇူးပြုလို့ ငါ့လက်ကို ဆွဲပေးပါ
တစ်ကြိမ်လေးပဲ ဖြစ်ဖြစ် ရပါတယ်
ကျေးဇူးပြုပြီး ငါ့လက်ကို ဆွဲထားပေး
ဘယ်သူပဲ ဖြစ်ဖြစ် ခဏလောက် ရပ်တန့်ပေးငါ့စိတ်ထဲ နက်နက်ရှိုင်းရှိုင်း ပြည့်သိပ်ဝင်လာတဲ့
လစ်ဟာနေတဲ့ လောကကြီးရေ ငါ့ကို ကယ်တင်ပါဦး
I wanna reset (x3)
အမှောင်ထုထဲ ပိတ်မိနေတဲ့ အထီးကျန်တဲ့အကြည့်တွေ
ငါ့ လက်ကို ဆွဲထားပေးမယ့် လူမရှိတော့ဘူးလား
I wanna reset (x3)လှောင်ရယ်တာ မဟုတ်တဲ့ မင်းရဲ့အပြုံးနဲ့
ပျောက်ကွယ်လုနေတဲ့ ငါ့ကို ပြန်ရှာဖွေပေး
အမှောင်ထုထဲ မင်းရဲ့အပြုံးက
အထီးကျန်နေတဲ့ ငါ့စိတ်ကို လင်းလက်အောင် ထွန်းလင်းပေး
I wanna reset (x3)
လှောင်ရယ်တာ မဟုတ်တဲ့ မင်းရဲ့အပြုံးနဲ့
ပျောက်ကွယ်လုနေတဲ့ ငါ့ကို ပြန်ရှာဖွေပေး
အမှောင်ထုထဲ မင်းရဲ့အပြုံးက
အထီးကျန်နေတဲ့ ငါ့စိတ်ကို လင်းလက်အောင် ထွန်းလင်းပေး
I wanna reset (x3)
How about you
I'm all about you
လှပခဲ့တဲ့ အဲ့အချိန်ကို ပြန်သွားမယ်
reset
တစ်စုံတစ်ယောက်ကတော့ ကောင်းကောင်း သိလိမ့်မှာပါ
ငါ့ရဲ့စိတ်ဒုက္ခတွေကို
ရှေ့မှာရပ်နေလည်း ရှာလို့မတွေ့တဲ့
ငါက Orioleငှက်လေးလို
တစ်ကောင်တည်း လျှောက်ပျံသန်းတယ် အမှောင်ထုထဲ
ထပ်ပြီး အထီးကျန်တဲ့ ညကို
တစ်ကောင်တည်း လျှောက်ပျံသန်းတယ်
အမှောင်ထုထဲ ထပ်ပြီး ဒုက္ခများနေတဲ့ စိတ်ကိုဒီလိုမျိုး တကိုယ်တည်း ကျန်ရစ်ခဲ့တဲ့ အထီးကျန်မှု
ငါ့ရဲ့ လက်နှစ်ဖက်ကို အခုဆွဲထားပေးပါ
I wanna reset (x3)
ဒဏ်ရာတွေတောင်လိုပုံ ၊ ဖုံးကွယ်ထားတဲ့ အမှန်တရား
ပျော်ရွှင်ခဲ့တဲ့နေရာကို ငါ ပြန်သွားမယ်
I wanna reset (x3)
YOU ARE READING
Kpop songs & K-drama OST translations
De TodoGonna translate the songs that I like.