ငါလေ တချိန်တုန်းက ငါ ဒီလောကကြီးထဲကနေ
ပျောက်ကွယ်သွားဖို့ မျှော်လင့်ခဲ့တယ်
တလောကလုံးက အရမ်းကို မှောင်မိုက်နေတယ်
ညစဉ်ညတိုင်း ငိုနေရတဲ့ ငါ
အဲ့ဒီ့အစား ငါသာပျောက်ကွယ်သွားရင်
စိတ်သက်သာရာ ရလေမလား
အားလုံးက ငါ့ကို ဝိုင်းကြည့်နေတဲ့အကြည့်တွေ
အရမ်းကို ကြောက်မိတယ်လှပစွာနဲ့ လှပခဲ့တဲ့
အဲ့ဒီ့ကာလတွေကို ငါလေ နာကျင်ရလို့
အချစ်ကို လက်သင့်မခံနိုင်ခဲ့တဲ့
ငါ့ကိုယ်ငါ သိပ်ကို မုန်းလို့
မေမေရော ဖေဖေရော အကုန်
ငါ့ကိုပဲ မျှော်ကြည့်နေကြတာကို
ငါ့ စိတ်က အဲ့လို မဖြစ်ဘူး
ခဏခဏဆိုသလို ဝေးကွာလို့ပဲ သွားတယ်ဘယ်လိုလုပ်ရမလဲ ဘယ်လိုလုပ်ရမလဲ ဘယ်လိုလုပ်ရမလဲ ဘယ်လိုလုပ်ရမလဲ
အချိန်က ဆေးပဲဆိုတဲ့ စကားက
ငါ့အတွက် တကယ်ကို မှန်နေသားနော်
တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာတဲ့အလျောက်
ပိုပြီး သက်သာလာတယ်
ဒါပေနဲ့ တခါတလေတော့ အရမ်း ပျော်ရွှင်နေပြီဆိုရင်
ထပ်ပြီး နာကျင်လာမှာစိုးလို့
ငါ ပိုင်ဆိုင်နေရတဲ့ ပျော်ရွှင်မှုတွေကို
တစ်စုံတစ်ယောက်က ယူဆောင်သွားမှာစိုးလို့လှပပြီး လှပခဲ့တဲ့
အဲ့ဒီ့မှတ်ဉာဏ်တွေကို ငါလေနာကျင်ရလို့
နာကျင်ခဲ့ရသလောက် နာကျင်နေတာတောင်
ပျောက်ကွယ်မသွားသေးလို့
သူငယ်ချင်းတွေ၊ လူတွေကလည်း အကုန်
ငါ့ကိုပဲ ငေးကြည့်နေကြတယ်
ငါ့ပုံရိပ်က အဲ့လိုမျိုး မဟုတ်ဘဲနဲ့
ခဏခဏဆိုသလို ဝေးကွာလို့သာသွားတယ်အဲ့လိုဆိုပေမယ့်လည်း ငါဟာ တကယ်ဆို ဒီလောကကြီးထဲ
တောက်ပတဲ့ အလင်းရောင်ဖြစ်နေလေမလား
တကယ်ဆို အဲ့ဒီ့အားလုံးသောနာကျင်မှုတွေကို
နင်းလျှောက်ပြီးတော့ပဲ ဖြစ်ဖြစ်
တိုတောင်းတဲ့ အလင်းရောင်လေးထုတ်လွှတ်နိုင်မလားလို့
လက်မလျှော့လိုက်နိုင်ဘူး
တနေ့လေးတောင် စိတ်သက်သာစွာ မအိပ်စက်ဖူးခဲ့တဲ့ ငါက
ဒီလိုမျိုးလေးပဲဖြစ်ဖြစ် ရပ်တည်ကြည့်ဖို့ လုပ်ရင်
ငါ့ကိုယ်ငါ ရှာဖွေနိုင်မယ်ထင်လို့ah ah ah ah ah ah ah ah ah ah ah ah
ah ah ah ah ah ah ah ah ah ah ah ahဘယ်လောက်များ ဘယ်လောက်များ နာကျင်ခဲ့လေမလဲ
ဘယ်လောက်များ ဘယ်လောက်များ နာကျင်ခဲ့လေမလဲ
ဘယ်လောက်များ ဘယ်လောက်များ ဘယ်လောက်များ မျှော်လင့်ခဲ့လေမလဲ