I'm OK - IKON

143 13 1
                                    

I’m OK
မနှစ်​သိမ့်​​ပေးနဲ့ ဂရုဏာမသက်​နဲ့
အနားမှာ​နေ​ပေးဖို့ မလိုအပ်​ဘူး
အဆင်​​ပြေတာမို့
I'm OK
စိတ်​မပူနဲ့ အာရုံမစိုက်​နဲ့
အဲ့အစား တစ်​​ယောက်​တည်းရှိ​နေရတာ ငါ
ကျင့်​သားရ​နေတာမို့
I'm OK

မကြားချင်​ဘူး အားဖြစ်​​စေတဲ့ စကား​တွေအားလုံးကို
လက်​​တွေ့က ​လေးလံလို့ အိပ်​မ​ပျော်​နိုင်​တာကို
ဖြည့်​ဆည်းဖို့ ရှာ​ဖွေရင်း ဖြည့်​မိလာတဲ့ ခွက်​​​တွေ(အရက်​ခွက်​)
ခြောက်​ကပ်​​နေတဲ့ ငါ့ခံစားချက်​ထဲ ပွင့်​လင်းလာမိတယ်​ တခါတ​လေ
မထုံတတ်​​တေးဖြစ်​​နေပီ ဘယ်​လိုအ​ခြေအ​နေမျိုး​လာလာ
တစ်​​ယောက်​တည်းဖြစ်​​နေရတာ စိတ်​သက်​သာမိချိန်​​​မှာ​တောင်​ အထီးကျန်​မှုက ငါ့ကို ဖမ်းဆုပ်
လုပ်​ချင်​တာ​တွေများ​နေလည်း ပျင်းရိခြင်းထဲ ပြိုလဲလို့
ကောင်း​ကောင်း​နေ​နေရဲ့လားဆိုတဲ့ အ​မေးထဲ ငါ့အ​ဖြေက​တော့
တောက်​ပတဲ့အပြုံး ...

လောကကြီးထဲ အားလုံးက
ငါ့ကို ​ကျောခိုင်း​နေကြသလိုပဲ
သိမ်​ငယ်​ဖွယ်​ ငါ့ပုံရိပ်​က
အဆုံးမရှိ ​သေးငယ်​လာတယ်

ဆိုက်​​ရောက်​လာတဲ့ အထီးကျန်​မှုထဲ
ထိုးနှက်​ခံရချိန်
ငါ့မျက်​ရည်​​တွေကို မြင်​ဖြစ်​ခဲ့ရင်
ကျေးဇူးပြုပြီး မသိချင်​​ယောင်​​ဆောင်​​ပေး

I’m OK
မနှစ်​သိမ့်​​ပေးနဲ့ ဂရုဏာမသက်​နဲ့
အနားမှာ​နေ​ပေးဖို့ မလိုအပ်​ဘူး
အဆင်​​ပြေတာမို့
I'm OK
စိတ်​မပူနဲ့ အာရုံမစိုက်​နဲ့
အဲ့အစား တစ်​​ယောက်​တည်းရှိ​နေရတာ ငါ
ကျင့်​သားရ​နေတာမို့
I'm OK

မကြားချင်​ဘူး အားလုံး​သောအားအင်​ဖြစ်​​စေမယ့်​ စကား​တွေကို
ငါ အဆင်​​ပြေ​နေတာကို ဘာလို့ ပုံကြီးချဲ့​​နေကြလဲ အားလုံးက
ခွဲခွာခြင်းက အသွားထက်​လို့ အနည်းငယ်​ခြစ်​မိခဲ့ရုံ​လေးပဲ
သိပ်​မကြာခင်​​ကောင်းသွားမှာ​ပေါ့ တရက်​နှစ်​ရက်​​လောက်​ ကြာရင်
တိတ်​ဆိတ်​ခြင်းရဲ့အဓိပ္ပာယ်​က ကျိန်း​သေ​ပေါက်​​ပျော်​ရွှင်​​နေပါ တဲ့
မျက်​ရည်​ရဲ့အဓိပ္ပာယ်​က စိတ်​ရင်းနဲ့ ချစ်​ခဲ့တာပါ တဲ့
သူမ ထွက်​သွားတယ်​ဆိုတာနဲ့ပဲ
ငါ ​သေသွားတာမဟုတ်​လို့
ဘဝဆုံးသွားတဲ့လူသားတစ်​​ယောက်​အတိုင်း ငါ့ကို မကြည့်​ကြပါနဲ့

လေပြည်​​တွေတိုက်​ခတ်​လာရင်
ရော်​ရွက်​ဝါ​တွေ ယိမ်းယိုင်​ကြပြီး
လှိုင်းလုံး​တွေတိုက်​ခတ်​လာရင်
ပင်​လယ်​ကြီး လှုပ်​ရမ်း​လာသလို

အချစ်​ တိုက်​ခတ်​သွားတဲ့ ငါလည်း
ယိမ်းယိုင်​သွားခဲ့ရုံပါ
ငါ့ မျက်​ရည်​​တွေကို မြင်​ဖြစ်​ခဲ့ရင်
ကျေးဇူးပြုပြီး မသိချင်​​ယောင်​​ဆောင်​​ပေးပါ

I’m OK
မနှစ်​သိမ့်​​ပေးနဲ့ ဂရုဏာမသက်​နဲ့
အနားမှာ​နေ​ပေးဖို့ မလိုအပ်​ဘူး
အဆင်​​ပြေတာမို့
I'm OK
စိတ်​မပူနဲ့ အာရုံမစိုက်​နဲ့
အဲ့အစား တစ်​​ယောက်​တည်းရှိ​နေရတာ ငါ
ကျင့်​သားရ​နေတာမို့
I'm OK

ငါ့ ဝမ်းနည်းမှုက ဘာမှအထူးအ​ထွေမဟုတ်​တဲ့အလား
ရယ်​​မောရင်း​ကျော်​သွားလိုက်​တဲ့ မင်းကို ငါ နာကြည်းမိတယ်
Leave me alone ငါ့ဆီ မလာနဲ့
ဘယ်​လိုပဲဖြစ်​ဖြစ်ထွက်​သွားမယ့်​လူကို သံ​ယောဇဉ်​တွယ်​မိမလား ​ကြောက်​​နေလို့

I’m OK
မနှစ်​သိမ့်​​ပေးနဲ့ ဂရုဏာမသက်​နဲ့
အနားမှာ​နေ​ပေးဖို့ မလိုအပ်​ဘူး
အဆင်​​ပြေတာမို့
I'm OK
စိတ်​မပူနဲ့ အာရုံမစိုက်​နဲ့
အဲ့အစား တစ်​​ယောက်​တည်းရှိ​နေရတာ ငါ
ကျင့်​သားရ​နေတာမို့
I'm OK

ဘာမှကို မသိဘူးမလား မင်း
အကုန်​ သိချင်​​ယောင်​​ဆောင်​မ​နေပါနဲ့
ငါ့အတွက်​ပါ ဆိုတဲ့ စကား
အပို​တွေ သိပ်​လုပ်​တာပဲ
တစ်​​ယောက်​တည်းရှိ​နေချင်​တာမို့
ငါ့ကို လွှတ်​ထား​ပေးစမ်းပါ

Kpop songs & K-drama OST translationsWhere stories live. Discover now