ကြယ်နဲ့နေဟာ ဘယ်တော့မှ
ဆုံတွေ့နိုင်ခြင်းမရှိပါဘူး
တူညီတဲ့အချိန် တူညီတဲ့အရပ်မှာ
အစဉ် အဲ့ဒီ့နေရာမှာပဲဖြစ်ပေမယ့်တို့တွေက နေ့နဲ့ည လိုမျိုး
မီးနဲ့ရေ လိုမျိုး
အဆုံးကျ အတူတူမရှိနိုင်တာကြောင့်
ရင်တွေ လောင်ကျွမ်းလို့၊
နှလုံးသားလေး ပွန်းပဲ့နေလည်း
ထပ်ပြီးသာ သူ့ကို ခေါ်နေမိတယ်သူ့ကို လိုချင်ပြီးရင်း လိုချင်မိရင်
အပူတပြင်း တောင်းဆုပြုမိရင်
တွေ့ခွင့်ရနိုင်လေမလား
ဒီနေ့လည်း ယိမ်းယိုင်နေတဲ့ ဒီလိုတို့စိတ်ကို
ဘယ်လိုများ လုပ်ရပါ့မလဲ
သွားစရာအရပ် ပျောက်နေခဲ့ပြီ
အိပ်လို့မပျော်တဲ့ ည ည ည
ထိုးနှက်နေတဲ့ နှလုံးသား နှလုံးသား နှလုံးသား
ဝမ်းနည်းရတဲ့ ည ည ည
ကြေမွသွားတဲ့ နှလုံးသား နှလုံးသား နှလုံးသားဝမ်းနည်းနေတဲ့ အမူအရာနဲ့
အစဉ် အဲ့နေရာမှာ ရှိနေပါတယ်
တူညီတဲ့အတွေး တူညီတဲ့အကြည့်
အကုန် တို့ပိုင်သလို ထင်နေခဲ့တယ်တို့တွေ အတူရှိနေကြရင်လည်း
အထီးကျန်လို့သာနေတာပဲ
ဆောင်းဥတုတစ်ခုထဲက သစ်ကိုင်းခြောက်လေးလို
အစဉ် ခြောက်သွေ့နေပီး
အရမ်းပဲ အားယုတ်နေပြီမို့
ထွေးပွေ့ထားဖို့ အင်အားတောင် မရှိတော့ဘူးထင်ပါတယ်သူ့ကို လိုချင်ပြီးရင်း လိုချင်မိရင်
အပူတပြင်း တောင်းဆုပြုမိရင်
တွေ့ခွင့်ရနိုင်လေမလား
ဒီနေ့လည်း ယိမ်းယိုင်နေတဲ့ ဒီလိုတို့စိတ်ကို
ဘယ်လိုများ လုပ်ရပါ့မလဲ
သွားစရာအရပ် ပျောက်နေခဲ့ပြီ
တို့စိတ်ထဲ လွမ်းဆွတ်မှုတွေ အပြည့်သိပ်လို့
ကောင်းကင်ကြီးထံ ဆုတောင်းမိရင်
တွေ့ခွင့်ရနိုင်လေမလား
ချစ်ရတဲ့သူဆီက အချစ်ခံရတဲ့အရေးဟာ
ဒီလောက်တောင် ခက်ခဲတာတဲ့လားဘာဆိုဘာမှ ပိုင်ဆိုင်လိုတဲ့လောဘ
မရှိတဲ့ တို့ရယ်ပါ
သေးငယ်တဲ့ဆန္ဒလေးကို သူ တစ်ခုလောက်
ဖြည့်ဆည်းပေးပါလား တို့ ဘဝထဲ
ူ
သူ့ကို လိုချင်ပြီးရင်း လိုချင်မိရင်
အပူတပြင်း တောင်းဆုပြုမိရင်
တွေ့ခွင့်ရနိုင်လေမလား
ဒီနေ့လည်း ယိမ်းယိုင်နေတဲ့ ဒီလိုတို့စိတ်ကို
ဘယ်လိုများ လုပ်ရပါ့မလဲ
သွားစရာအရပ် ပျောက်နေခဲ့ပြီ
တို့စိတ်ထဲ လွမ်းဆွတ်မှုတွေ အပြည့်သိပ်လို့
ကောင်းကင်ကြီးထံ ဆုတောင်းမိရင်
တွေ့ခွင့်ရနိုင်လေမလား
ချစ်ရတဲ့သူဆီက အချစ်ခံရတဲ့အရေးဟာ
ဒီလောက်တောင် ခက်ခဲတာတဲ့လားအိပ်လို့မပျော်တဲ့ ည ည ည
ထိုးနှက်နေတဲ့ နှလုံးသား နှလုံးသား နှလုံးသား
ဝမ်းနည်းရတဲ့ ည ည ည
ကြေမွသွားတဲ့ နှလုံးသား နှလုံးသား နှလုံးသား