Remember Me - Gummy ( Hotel Del Luna OST )

50 0 0
                                    


Awww အသည်းကွဲလို့ ငိုနေပါတယ်ဆိုမှ
စိတ်ပြေလက်ပျောက် tranဖို့ ယူမိတဲ့ သီချင်းက
ဒါဖြစ်နေတာမျိုး
သနားစရာ ကစ်ကစ်လေး 😅😅😅
သေတော့မှာပဲ

###########################

နားထောင်နေရဲ့လား တို့ရဲ့ ဒီအားလုံးသောစကားတွေကို
သူ့ဆီဦးတည်တဲ့ တို့ရဲ့ နက်ရှိုင်းတဲ့စိတ်ရင်းကို

နေ့တိုင်း လွမ်းဆွတ်ခြင်းတွေထဲ သူ့ကို ခေါ်ကြည့်မိပေမယ့်
ထိရောက်နိုင်စွမ်းမရှိတဲ့ စိတ်ကို တို့လည်း အခုတော့ သိနေပြီထင်ပါတယ်

တို့အတွင်းစိတ်ထဲက သူ့ကို လက်လွှတ်နိုင်စွမ်းမရှိသေးဘူး
အတင်းကြိုးစားလည်း အဲ့တာက ကောင်းကောင်းမဖြစ်ဘူး

စိတ်နဲ့ဆန့်ကျင်ပြီး တွန်းလုပ်ဖို့လုပ်လေလေ
ဒီလောက်ထိတိုင် ပိုပြီး နာကျင်လာရတယ်

မှတ်မိရဲ့လား တို့ရဲ့ ဒီအားလုံးသောစကားတွေကို
သူ့ဆီဦးတည်တဲ့ တို့ရဲ့ နက်ရှိုင်းတဲ့စိတ်ရင်းကို

နေ့တိုင်း လွမ်းဆွတ်ခြင်းတွေထဲ သူ့ကို ခေါ်ကြည့်မိပေမယ့်
ထိရောက်နိုင်စွမ်းမရှိတဲ့ စိတ်ကို တို့လည်း အခုတော့ သိနေပြီထင်ပါတယ်

ဖြတ်သန်းသွားတဲ့ ဒီ ရာသီစက်ဝန်း ကုန်လွန်လို့
တချိန်မှာတော့ ဝေးသွားမှာကို သိနေတာမို့

ပို ရက်စက်စွာ သူ့ကို တွန်းထုတ်ခဲ့မိတယ် အရမ်းကို
နှလုံးသားက ရူးမတတ် နာကျင်ရလည်း

နားထောင်နေရဲ့လား တို့ရဲ့ ဒီအားလုံးသောစကားတွေကို
သူ့ဆီဦးတည်တဲ့ တို့ရဲ့ နက်ရှိုင်းတဲ့စိတ်ရင်းကို

နေ့တိုင်း လွမ်းဆွတ်ခြင်းတွေထဲ သူ့ကို ခေါ်ကြည့်မိပေမယ့်
ထိရောက်နိုင်စွမ်းမရှိတဲ့ စိတ်ကို တို့လည်း အခုတော့ သိနေပြီထင်ပါတယ်

ဘာအကြောင်းရင်းမှ မရှိဘဲ မျက်ရည်ကျတဲ့ နေ့မှာဆို
သူ့ကို ရှာဖွေဖို့သွားနေမိတယ် ဒီလိုမျိုး

မှတ်မိနေပေးပါ တို့ရဲ့ အားလုံးသောနေ့တွေနဲ့ အဲ့အချိန်တွေကို
ဖျောက်ဖျက်လေလေ ရှင်းလင်းပြတ်သားလာတာမို့လို့

နှလုံးသားက နာကျင်ရပေမယ့်လည်း သူ့ကို လက်လွှတ်မှဖြစ်မယ်
တို့ကို အမှတ်ရနေပေးပါ တို့ သူ့ကိုပဲ ချစ်နေခဲ့တယ်ဆိုတာကို

Kpop songs & K-drama OST translationsWhere stories live. Discover now