The Hardest Part - Roy Kim

45 6 4
                                    

အေး​လေ ဘယ်​လိုပဲ အတင်းကြိုးစား​နေလည်း
မဖြစ်​နိုင်​တဲ့ အရာ မလုပ်​နိုင်​​တော့တဲ့အရာ
နိဂုံးချုပ်​ကျ အကုန်​ ငါ့အပြစ်​​တွေချည်း ဖြစ်​​နေလိမ့်​မှာ​ပေါ့
တစ်​​ယောက်​တည်း ဆု​တောင်းကြည့်​မိလည်း
မပိုင်​ဆိုင်​နိုင်​တဲ့အရာကို ​​တောင့်​​တ​နေမိတဲ့
ငါကိုယ်​တိုင်​က ပိုဝမ်းနည်းဖို့​ကောင်း​နေတယ်

ငါ ​မျှော်​​ငေး​နေရတဲ့ မင်းရဲ့
အဲ့ဒီ့မျက်​ဝန်းလှလှ​လေးထဲ ငါ အခု မရှိ​တော့လို့

ငါတို့ အခု ​တော်​လိုက်​ကြရ​အောင်
နာကျင်​မ​နေနဲ့​နော်​ဆိုတဲ့ စကား​ရော ​ကောင်း​ကောင်းအိပ်​ ဆိုတဲ့ စကား​ကို​ရော
ငါတို့အခု ​တော်​လိုက်​ကြရ​အောင်
ချစ်​တယ်​ဆိုတဲ့ စကားကို​​တောင်​ ​သေ​သေချာချာမ​ပြောနိုင်​ဘဲနဲ့

ငါ ​ကောင်းတာဆိုလို့လည်း မရှိ​​လောက်​ဘူး​​ပေါ့
ငါ့ စိတ်​ခံစားချက်​အတိုင်း စိတ်​ထဲမရှိတဲ့ စကား​တွေလည်း
သိပ်​ကို အများကြီး ​ပြောလည်း ​ပြောခဲ့​လေရဲ့
အကုန်​ လက်​ခံ​ပေးခဲ့တဲ့ မင်းက​တော့
တကယ်​ဆို အဲ့တာ​ကြောင့်​ အခု ငါ့ကို
ရင်​မခုန်​​တော့တာများလား​တောင်​ မသိဘူး

ငါ ​မျှော်​​ငေး​နေရတဲ့ မင်းရဲ့
အဲ့ဒီ့မျက်​ဝန်းလှလှ​လေးထဲ ငါ အခု မရှိ​တော့လို့

ငါတို့ အခု ​တော်​လိုက်​ကြရ​အောင်
နာကျင်​မ​နေနဲ့​နော်​ဆိုတဲ့ စကား​ရော ​ကောင်း​ကောင်းအိပ်​ ဆိုတဲ့ စကား​ကို​ရော
ငါတို့အခု ​တော်​လိုက်​ကြရ​အောင်
ငါ့ကို ချစ်​တယ်​ဆိုတဲ့ စကားကို​​တောင်​ ​သေ​သေချာချာမ​ပြောနိုင်​ဘဲနဲ့

မဖြစ်​ဘူး မသွားပါနဲ့
အခု​တော့ မဟုတ်​ဘူးဆိုပီး ဆွဲထား​ပေးပါဆိုကွာ
ဒီ​နေ့ကုန်​ဆုံးပြီး မနက်​ဖြန်​​ကုန်​ဆုံးသွားရင်

ငါတို့ အခု
ဒီ​နေ့ကုန်​ဆုံးပြီး မနက်​ဖြန်​​ကုန်​ဆုံးသွားရင်
ငါတို့
ဒီ​နေ့ကုန်​ဆုံးပြီး မနက်​ဖြန်​​ကုန်​ဆုံးသွားလည်း ...

Kpop songs & K-drama OST translationsWhere stories live. Discover now