အပိုင်း ( ၃ )

1.6K 124 26
                                    

[ Zawgyi ]
----------------

" ပိုင်စေ "

စာငုံ့ရေးနေသောပိုင်စေက ရန်နောင့်ရဲ့အသံကြောင့်ခေါင်းမော့ကာကြည့်လာသည် ။

" မုန့်ဈေးတန်းသွားမလို့ မင်းလိုက်အုံးမလား ? ဒါမှမဟုတ် မလိုက်ချင်ဘူးဆိုလည်း မင်းစားချင်တာရှိရင်ငါ့ကိုမှာလိုက် လေ … ငါဝယ်ခဲ့ပေးမယ် "

" လိုက်ခဲ့ပါလားပိုင်စေ … မင်းကိုခေါ်တိုင်းမလိုက်ဘူးဆိုတာချည်းပဲ … ငါတို့လည်းစာတွေဝိုင်းကူးပေးမှာပဲကို ခုလောက်ထိအသည်းအသန်တွေရေးမနေစမ်းပါနဲ့ … ကဲပါ လာ … လိုက်ခဲ့ ! မင်းလည်းမုန့်ဈေးတန်းကိုရောက်ဖူးတာပေါ့ကွာ … လာပါ "

အသစ်ကပါဝင်ပြောလာ၍ ခေါင်းခါဖို့ရာအားနာသွားသည် ထင် ပိုင်စေကခေါင်းညိတ်လေ၏ ။ ပိုင်စေက သူတို့အဖွဲ့နဲ့ အရမ်းကြီးရင်းရင်းနှီးနှီးသိပ်မရှိသေးတာက သိတာမကြာသေးလို့ဖြစ်မှန်း ရန်နောင်နားလည်ပါသည် ။ ခင်ခင်မင်မင်တော့ရှိပေမဲ့ အသစ်နဲ့ပယင်းအပေါ်မှာတော့ သူ့လောက် အခေါ်အပြောသိပ်မရှိသောပိုင်စေ ။

အသစ်ကတော့ပိုင်စေ့ကိုခင်မင်စွာဆက်ဆံပေမဲ့ ပယင်းက တော့မိန်းကလေးမို့ထင် … သိတာသိပ်မကြာသေးသောပိုင်စေ့အား အခေါ်ပြောအနည်းငယ်သာရှိပြီး သူနှင့်အသစ်လောက်တော့ ဖက်လဲတကင်းမနေပါ ။ ပိုင်စေကလည်း သူ့ ပုံစံနှင့်သူနေသလို ကျွန်တော်တို့ဘက်ကလည်းအရမ်းကြီးစိမ်းသက်မနေပေမဲ့ အရမ်းလည်းအရောတဝင်မနေဖြစ်ခဲ့ ။ သို့ပေမဲ့ကျွန်တော်တို့ရဲ့ဆက်ဆံရေးကတော့ ခင်မင်နွေးထွေးမှုရှိကြပါသည် ။

" ဒီမှာရောင်းတဲ့အစားအစာတွေကသန့်တယ်ပိုင်စေ … မင်းလိုသူဌေးသားတွေလည်း ဂျေးမများပဲစားကြတယ် … မသန့်ရှင်းတာတွေ ညစ်ပတ်တာတွေလည်းမရှိဘူး … ကျောင်းအုပ်ကအမြဲတမ်း စစ်ဆေးရေးကိုတာဝန်ပေးပြီးလိုက်စစ်နေကျမို့ စိတ်ချလက်ချနဲ့ဝယ်စားလို့ရတယ် "

" ငါကအဲ့လိုလူစားမျိုးမဟုတ်တာ မင်းသိပါတယ်ရန်နောင် ရာ … ငါ့ကိုသူဌေးသားဆိုပြီးလည်းမပြောစမ်းပါနဲ့ … ပါးပါးနဲ့မားမားချမ်းသာတာ ငါချမ်းသာတာမှမဟုတ်တာ … သူတို့ပိုင်ဆိုင်မှုက ငါ့ပိုင်ဆိုင်မှုမဟုတ်လို့အဲ့စကားကိုကြားရရင် နားထဲကန့်လန့်ကြီးပဲ … မင်းတို့အားလုံးလည်းငါ့အ ပေါ်ဆက်ဆံတာ အားနာတာတွေ ရိုးတိုးရှန့်တန်းဖြစ်နေတာတွေလည်းမလုပ်ကြနဲ့… ငါ့ကိုသာမာန်သူငယ်ချင်းတစ်ယောက်အဖြစ်နဲ့ပဲ ဆက်ဆံလို့ရတယ် … ဟုတ်လား ? "

ချစ်သော Rainbow ( Complete ) ချစ်သော Rainbow  [ ZG & Uni ]Where stories live. Discover now