အပိုင်း ( ၁၃ )

1.1K 100 11
                                    

[ Zawgyi ]
----------------

မိုးကုတ်မြို့ရဲ့ညခင်းပိုင်းဟာ လေအေးတို့ကြောင့်အေးစိမ့်စိမ့် ။ ၁၂ ဒီဂရီသာရှိတဲ့အအေးဓာတ်ကြောင့် အနွေးထည် ဝတ်လာမိ၍တော်ကာကျတော့တယ် ။ ကားကိုမိုးကုတ်အင်းရဲ့အရှေ့နားကနေရာကျယ်ကျယ်မှာရပ်ရင်း ညဈေးတန်းဘက်သို့သွင်သစ်တို့အုပ်စုတွေလျှောက်လာခဲ့ကြသည် ။

ရန်ကုန်ကကမ်းနားလမ်းညဈေးတန်းလောက် အတန်းရှည်ကြီးမဟုတ်သော်ညား မိုးကုတ်မြို့ရဲ့ညဈေးတန်းဟာလည်းအတော်အသင့်လောက်လူစည်၏ ။ စားစရာစုံစုံလင်လင်ရောင်းချနေသောဆိုင်ခန်းလေးတွေဟာလည်းသပ်ရပ်မှုရှိသည် ။ ဆိုင်ခန်းတွေရှေ့မှဖြတ်သွားရင်းပင် စားစရာအနံ့ ခပ်သင်းသင်းတို့ကဆွဲဆောင်နေပြန်သည် ။

ဆိုင်တွေရဲ့အရှေ့ဘက်မှာထိုင်ခုံလေးများချထားကာ ထိုင် ခုံတွေရဲ့ဘေးဘက်မှာတော့ ဆိုင်ကယ်လ်ရောင်းချနေသောနေရာလားဟုပင်သတ်မှတ်ရသကဲ့သို့ ဆိုင်ကယ်လ်တန်းကြီးဟာလည်းအတန်းလိုက် ။ သွင်သစ်တို့စားမည့်ဆိုင် ကိုသိပ်မရှာလိုက်ရ ။ မိုးကုတ်သားဖြစ်တဲ့ပိုင်စေတစ်ယောက်လုံးပါနေ၍ ပိုင်စေကပင်ဦးဆောင်ကာသူတို့အားလုံးကို ခေါ်သွားသည် ။

" မင်းတို့ညဈေးမှာ ထမင်းပေါင်းဆိုင်တွေများတယ်နော်ပိုင်စေ ? "

ခုံမှာဝင်ထိုင်ရင်းသွင်သစ်ကဆိုတော့ ပိုင်စေကခေါင်းညိတ်ပြသည် ။ စားပွဲထိုးလေးက ထိုင်ခုံ ၂ ခုကိုဆက်ပေး၍ ကျွန်တော်ရယ် ဦးနဲ့ကတစ်ဖက်မှာဖြစ်ပြီး မျက်နှာချင်းဆိုင်မှာ တော့ ကြီးကြီးနဲ့ပယင်းကထိုင်နေကာ ပိုင်စေကတော့စားပွဲရဲ့ထောင်စွန်းတွင်ဝင်ထိုင်၏ ။

" မိုးကုတ်ကိုရောက်ရင် မိုးကုတ်ထမင်းပေါင်းကတော့မစားမဖြစ်အစားအစာတစ်ခုပဲကွ … နောက်ပြီးဒီဆိုင်က လက်ရာလည်းကောင်းတယ် အစားအသောက်လည်းပိုစုံတယ် … အိမ်မှာထမင်းမစားချင်တဲ့နေ့ကျရင် ငါ့ဘော်ဒါတွေနဲ့ဒီဆိုင်မှာလာထိုင်နေကြလေ … ဒါကြောင့်မင်းတို့ကိုလည်း ဒီဆိုင်ပဲခေါ်လာခဲ့တာ "

" ဒီမှာတခြားဘာအစားစာတွေကောင်းသေးလဲဟင်ပိုင်စေ ? မိုးကုတ်ရောက်တုန်း မစားဖူးတာလေးတွေစားကြည့်ရမယ် … ဒါမှဒီကိုလာရတာတန်မှာပေါ့ "

ချစ်သော Rainbow ( Complete ) ချစ်သော Rainbow  [ ZG & Uni ]Место, где живут истории. Откройте их для себя