အပိုင်း ( ၅၃ )

892 68 16
                                    

[ Zawgyi ]
----------------

စကားတွေအများကြီးပြောပြီးနောက် ကိုကြီးက သူမအခန်းထဲကနေထွက်သွားလေသည် ။ ကိုကြီးရဲ့ကျောပြင်ကို ငေးကြည့်ရင်း သူမရဲ့နူတ်ခမ်းတွေဟာအပြုံးတစ်ခုခိုတွဲနေလျှက် ။ ကြည်နူးမှုများဟာလည်း သူမတစ်ကိုယ်လုံးကိုထက်အောက်စုံဆန်စီးနေပါသည် ။

သွေးသားရင်းချာတစ်ယောက်ရဲ့နားလည်မှုကိုရရှိခဲ့သော သူမနဲ့မမ၏အချစ်ရေးဟာ ဒီထက်ပိုပြီးဆူးငြောင့်ခလုတ်တွေနှင့်ကြုံအုံးမည်ဆိုတာ အငယ်သိသည် ။ ဘာပဲဖြစ်ဖြစ် သူမရဲ့စိတ်တွေပြိုလဲမသွားဖို့သာ အားတင်းထားမည်ဟုဆုံးဖြတ်ရင်း … အတွေးတွေက ဟိုးအတိတ်ကာဆီသို့ကွန့်မြူးလေးတော့ မဖိတ်ခေါ်ပါပဲနဲ့သူမရဲ့အပြုံးတွေဟာရောက်လာပြန်သည် ။

Flash  Back  >>>>>

" ဖြေနိုင်လား ငယ် "

ဘုရားရှိခိုးပြီးနောက် ထိုင်နေသောသူမရဲ့အနားသို့ရောက် လာတဲ့အရိပ်တစ်ခုနဲ့အတူ တည်ငြိမ်သောအသံရှင် ။ မော့ကြည့်လိုက်တော့ အပြုံးရေးရေးကိုချိတ်ဆွဲရင်း သူမကိုကြည့်နေသော မမသွေး ။

" ဟုတ် … ဖြေနိုင်တယ် မမသွေး "

" ဘာလိုလိုနဲ့ ဆယ်တန်းစာမေးပွဲတောင်ပြီးပြီပဲ "

သူမရဲ့အနားသို့ မမသွေးကထိုင်ချလေသည် ။ မမသွေးပြောသလိုပဲ ဒီနေ့ဟာသူမတို့ဆယ်တန်းစာမေးပွဲဖြေတာ နောက်ဆုံးနေ့ ။ ကျူရှင်မှတီချယ်က ဆယ်တန်းကျောင်းသူ ကျောင်းသားများကို ရွှေတိဂုံဘုရားသို့လိုက်ပို့ပေးကာ အောင်မြေနင်းစေသည် ။ ယခု သူမတို့ကျူရှင်ကကျောင်းသားအများစုမှာ ဘုရားပေါ်သို့ရောက်နေကြပေသည် ။

ဆုဆုကတော့ သူမမိသားစုနဲ့သွားစရာရှိသည်ဆို၍ လိုက် မလာပါ ။ နီလာက သူမရဲ့နေ့နာမ်ထောင့်မှာရေသပ္ပာယ်နေ၍ အငယ်ထိုင်စောင့်ပေးနေတာဖြစ်သည် ။ ဘုရားကို မမသွေးလည်းအတူလိုက်လာတာမို့ ယခုလိုသူမအနားသို့ရောက်လာခြင်းပင် ။

" အေးအေးဆေးဆေးအနားယူအုံးနော် ငယ် … သင်တန်းတွေဘာတွေတက်တာကတက်ပေါ့ … တစ်နှစ်လုံး ကျောင်းနဲ့အိမ် အိမ်နဲ့ကျူရှင်ချည်းကူးနေရတာ … အချိန်ပြည့် စာအုပ်နဲ့မျက်နှာကပ်ထားရတာဆိုတော့ ခုလိုအားတုန်းလေး ပင်ပန်းခဲ့သမျှကိုဖြေဖျောက်တဲ့အနေနဲ့ အေးဆေးအနားယူတာအကောင်းဆုံးပဲ "

ချစ်သော Rainbow ( Complete ) ချစ်သော Rainbow  [ ZG & Uni ]Where stories live. Discover now