အပိုင်း ( ၂၇ )

876 71 9
                                    

[ Zawgyi ]
---------------

" မင်းရဲ့မနဲ့ အခြေအနေကဘယ်လိုလဲ ပိုင်စေ ? "

ကျွန်တော်တို့ ၃ ယောက် JC ကစားသောက်ဆိုင်တစ်ဆိုင် မှာတွေ့ကြစဉ် ရောက်တတ်ရာရာစကားများပြောဖြစ်ရင်းနဲ့မှ ဦးကရုတ်တရက်ထမေးသည် ။ ပိုင်စေ့ကို သွင်သစ် လှမ်းကြည့်လိုက်တော့ ပိုင်စေကမချိပြုံးပြုံးရင်း ဦးကိုပခုံးတွန့်ပြလေသည် ။

" ဒီလိုပါပဲကွာ … မ အတွက်က သာမာန်သိရုံပဲသိတဲ့ကောင်လေးတစ်ယောက်အနေနဲ့ ငါ့အခြေအနေကရှိတယ်ပဲဆိုပါတော့ "

ပိုင်စေ့ရဲ့အသံက သူ့အခြေအနေသူ စိတ်ပျက်နေပုံမပေါ်ပါ ။ ထိုအရာက သွင်သစ်တို့အတွက်တော့ ထူးဆန်းလွန်း၏ ။ ပိုင်စေဒီလောက်ထိ သွေးအေးလိမ့်မယ်လို့ထင်မထားရိုးအမှန်ပင်ဖြစ်သည် ။

ဒါကြောင့် ဦးကအံ့သြရိပ်အပြည့်နဲ့မျက်နှာဖြင့် ပိုင်စေ့ကိုထပ်ပြီးမေးခွန်းထုတ်လေသည် ။

" မင်းကဒီတိုင်းပဲနေတော့မှာလား ? "

" ဟက် ! ဒီတိုင်းမနေလို့ ငါကဘယ်လိုနေရမှာလဲ ရန်နောင်ရာ … ငါတတ်နိုင်တာမှမရှိပဲ "

" ဟ … မင်းကဘာလို့တတ်နိုင်တာမရှိရမှာလဲ ? ခုပဲ ငါတို့တွေ first year စာမေးပွဲဖြေရတော့မယ် … မင်းရဲ့ မကို မင်းကျိတ်ကြိုက်လာတာကြာနေပြီလေ … ဒီလောက်ဆို ဖွင့်ပြောဖို့သင့်နေပြီမဟုတ်ဘူးလား ? ဒါကိုငါတို့အားလုံးလည်းသိသလို မင်းကပိုပြီးသိရမှာ ပိုင်စေ ? ခုတော့ မင်းပုံစံကသွေးအေးလွန်းနေတယ် "

ိုသွင်သစ်မနေနိုင်တော့၍ ဝင်ပြောတော့ ဦးကခေါင်းညိတ်ထောက်ခံသလောက် ပိုင်စေ့ရဲ့ပုံစံကမတုန်မလှုပ်အခြေအနေတိုင်းပဲရှိ၏ ။ ပိုင်စေ့ကိုကြည့်ပြီး သွင်သစ်မှာထူးဆန်းပြီးရင်းကို ထူးဆန်းနေပါသည် ။

" ငါဖွင့်ပြောချင်တာပေါ့ … မနဲ့တွေ့တိုင်း ငါ့ရဲ့ခံစားချက်တွေကို ထုတ်ပြောပြချင်လွန်းလို့ကိုခက်နေတာ "

" ဒါဆို မင်းကဘာကိုစောင့်နေသေးတာလဲ ? "

" မလွယ်ဘူးသွင်သစ် … မင်းထင်သလောက်မလွယ်ဘူးကွ … ဒါကိုငါအသိဆုံးပဲ "

ချစ်သော Rainbow ( Complete ) ချစ်သော Rainbow  [ ZG & Uni ]Onde histórias criam vida. Descubra agora